ဂျူဗင်တပ် ထပ်မံ ရင်ဆိုင်နေရပြန်တဲ့ ဘဏ်ဏာရေးအရှုပ်အရှင်း

December 6, 2021 author ps 0

စီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍစာရင်း လိမ်လည်မှုကြောင့် အီတလီ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီး စီရော်နာလ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်လည် ရောင်းချခဲ့တဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အစစ်ဆေး ခံနေရတယ်လို့ အသင်းတာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ (၂၀၁၉) မှ (၂၀၂၁) ခုနှစ်အထိ […]

ဆန်ဟောင်မင်းရဲ့ စပိုက်ဒီအတွက် ဂိုး

December 6, 2021 author ps 0

ဆန်ဟောင်မင်းဟာ Marvel Action သူရဲကောင်းဟောလီးဝုဒ်မင်းသားနှင့် ဆုံစည်းပြီးတဲ့နောက်နော့ဝှစ်ချ်နှင့်ပွဲမှာ Spider-Man လိုအောင်ပွဲခံလာပါတယ်။ တောင်ကိုရီးယားစတားဟာမနေ့ညတုန်းကနော့ဝှစ်ချ်ကို၃-ဝဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲမှာစပါးစ်အတွက်တတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။ ယင်းပွဲမှာစပါးစ်ဟာလူးကပ်စ်မော်ရာ၊ဒါဗင်ဆင်ဆန်းချက်ဇ်တို့ရဲ့ဂိုးနဲ့ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးဖို့၁၃မိနစ်အလိုမှာဆန်ဟောင်မင်းကတတိယဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားစတားဟာဂိုးသွင်းယူပြီးနောက် ကွင်းမြက်ခင်းတွင်ဒူးထောက်လျှောထိုးပြီးနောက်စပိုက်ဒါရုပ်ရှင်ထဲမှာအတိုင်း အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဆန်ဟောင်မင်းဟာပြီးခဲ့တဲ့အပတ်တုန်းကလန်ဒန်မှာအသက်၂၅နှစ်ရှိ Spider-Man နောက်ဆုံးမင်းသားတွမ်ဟော်လန်နှင့်ဆုံစည်းခဲ့ပါတယ်။ ထိုစဉ်က၎င်းတို့နှစ်ဦးဟာကိုယ်စီအောင်ပွဲခံမှုပုံစံဖြင့်ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ ယင်းနောက်ဆန်ဟောင်မင်းဟာနော့ဝှစ်ချ်နှင့်ပွဲတွင်ဂိုးသွင်းပြီးနောက် စပိုက်ဒါမန်းလို့အောင်ပွဲခံလာခဲ့တာဖြစ်ပါတယ်။ ဗြိတိန်မင်းသားတွမ်ဟော်လန်ဟာမကြာသေးမီတုန်းက စပါးစ်အသင်းပရိသတ်တစ်ဦးဖြစ်အောင်ဖွင့်ဟပြောကြားလာခဲ့သူဖြစ်ပါတယ်။ Marvel ကတွမ်ဟော်လန်ရဲ့ Spider-Man: […]

အဖြေရှာကြည့်မိတဲ့ တနင်္လာည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)

December 6, 2021 author ps 0

အဝေးကွင်းတိုက်စစ်အညံ့ဆုံးတိုရီနိုကို အနိမ့်ဆုံးသရေရမယ့် ကက်ဂလီယာရီ အမ်ပိုလီ 🆚 အူဒီးနီးစ် အမ်ပိုလီ ခြေတက်လာတယ်။ နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာ ရှုံးခဲ့ပြီး ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း ဖီအိုရင်တီးနားကိုတောင်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၀ပွဲဆက်ဂိုးပေးခဲ့ရတဲ့ ခံစစ်ကတော့ စိတ်မချရပါဘူး။ အူဒီးနီးစ်ကလည်း လာဇီယိုကို အပြန်အလှန်ဂိုးသွင်းပြီး သရေကစားထားတာပါ။ အူဒီးနီးစ်ဟာ ဒီရာသီနိုင်ပွဲ […]

သွင်းဂိုးတွေ များများစားစား မတွေ့ရနိုင်လို့ ဂိုးအောက်ကို အမှန်ခြစ်ထားရမယ့် တနလင်္္ာည လာလီဂါ ပစ်မှတ် (ကိုရွှေမောင်း)

December 6, 2021 author ps 0

ဒီကနေ့ တနလင်္္ာညမှာ စပိန်လာလီဂါ ၁ ပွဲတည်းကစားမှာပါ။ လာလီဂါမှာ အဝေးကွင်း သရေပွဲအများဆုံးကစားထားတဲ့ ဘီလ်ဘာအိုက = ၃၇/ ၂+၂၅ ပေးထားပြီး ဂိုးပေါင်းစျေးက သိသိသာသာပျော့လွန်းနေတာမို့ ဂိုးအောက်ဝင်ဖို့များနေပါတယ်။ ဂီတာဖေး 🆚 ဘီဘ်ဘာအို ဗလန်စီယာ၊ အက်-တီကိုတို့ကို တာဝန်ယူခဲ့ဖူးတဲ့ ဝက်ဖို့ဒ်နည်းပြဟောင်း ဆန်းချက်စ်ဖလောရက်စ်တာဝန်ယူပြီးနောက်မှာ ဂီတာဖေး […]

ဖရက်ဒ်ကို ညာခြေလား ဘယ်ခြေလားလို့ ကျီစားလိုက်တဲ့ ရန်းနစ်ခ်

December 6, 2021 author ps 0

ဖရက်ဟာပွဲပြီးခရာမှုတ်လို့အိုးထရက်ဖို့ကွင်းမြက်ခင်းမှာထွက်ခွာလာချိန်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးရဲ့အင်္ကျီတောင်းဆိုခြင်းခံခဲ့ရပါတယ်။ အသက်၂၈နှစ်ရှိဘရာဇီးကွင်းလယ်ကစားသမားဟာအနည်းငယ်အံ့ဩသွားခဲ့ပြီး စိတ်ညစ်တဲ့ပုံပေါက်သွားပေမယ့်ယင်းယူနိုက်တက်ပရိသတ်ကို အင်္ကျီချွတ်ပေးခဲ့ပါတယ်။ ဖရက်အတွင်းအင်္ကျီတောင်းခြင်းခံရတာဖြစ်လေ့ဖြစ်ထရှိတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကိုကြည့်ရင်သူ့ရဲ့လုပ်အားနှင့်ခပ်ကြမ်းကြမ်းကစားဟန်တို့ကြောင့် ရေးဖ်ရန်နစ်ခ်ရဲ့အစီအစဉ်မှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာဖို့ သေချာနေပြီဆိုတာမြင်နိုင်ပါတယ်။ယူနိုက်တက်ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က “ဖရက်မှာဒီလိုအချိန်အတန့်မျိုးတွေရှိတယ်။ တစ်နှစ်တစ်ခါပဲကန်တယ်။ဒီချီးကျူးမှုနဲ့ထိုက်တန်ပါတယ်။ သူကအလုပ်အများကြီးလုပ်တယ်။လူတွေကသူ့အကြောင်း သိပ်မပြောကြဘူး”လို့ပြောကြားသွားပါတယ်။ ဖရက်ဟာဂိုးသွင်းလေ့သွင်းထရှိသူမျိုးမဟုတ်ပါဘူး။ဒါပေမယ့်ယခုရာသီမှာတော့ သူဟာပရီးမီးယားလိဂ်ပွဲ၁၂ပွဲမှာ၂ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။ သူဟာအိုးထရက်ဖို့ဒ်ပထမဆုံးသုံးရာသီမှာသွင်းတဲ့ပမာဏနှင့်အတူတူဖြစ်သွားပါပြီ။ သူဟာကြားရက်တုန်းကအာဆင်နယ်နိုင်ပွဲတုန်းကစမစ်ရိုးရဲ့ အာဆင်နယ်ဦးဆောင်ဂိုးပေးရစဉ်တုန်းကကစားဖော်ဒီဂီယာကို နင်းမိတဲ့အမှားကြောင့်ဝေဖန်မှုများနှင့်ကြုံခဲ့ရသူပါ။ သူဟာယင်းအဖြစ်အပျက်အတွင်းခေါင်းငိုက်စိုက်ကျမနေဘဲ ဖာနန်ဒက်စ်ချေပဂိုးသွင်းနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ယင်းပွဲမှာသူ့ကြောင့်ပဲ ပင်နယ်တီရရှိကာယူနိုက်တက်အနိုင်ဂိုးရခဲ့ပါတယ်။ ယခုနည်းပြရန်နစ်ခ်လက်အောက်ပထမဆုံးပွဲမှာလည်းသူဟာအရေးပါတဲ့ နိုင်ပွဲရရှိအောင်ဆောင်ကျဉ်းပေးလာခဲ့ပြန်ပါတယ်။ […]

ရှုံးပါတယ်ဆို.. အစစ်ဆေးပါခံရတော့မယ့် ဘယ်လင်ဂမ်

December 6, 2021 author ps 0

ဒေါ့မွန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်တဲ့ပွဲအပြီးမှာပြုလုပ်တဲ့အင်တာဗျူးတွင်ကွင်းလယ်ဒိုင်လူကြီး ဖီးလစ်ဇွာယာနှင့်ပတ်သက်ပြီးပြောဆိုမှုအတွက်ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ဘိုင်ယန်မြူးနစ်ကဒေါ့မွန်ကို၃-၂ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲမှာဇွာယာဟာမာကိုရူးစ်အားလူးကပ်စ်ဟာနန်ဒက်ဇ်က ဧရိယာအတွင်းလဲကျအောင်လုပ်မှုအတွက်ပင်နယ်တီမပေးခဲ့ပေမယ့် ပွဲချိန်၇၇မိနစ်မှာဒေါ့မွန်နောက်ခံလူဟမ်မဲလ်ရဲ့လက်ထိဘောအတွက်ပင်နယ်တီပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကိုရောဘတ်လီဝန်ဒေါ့စကီးကကန်သွင်းကာ ဘိုင်ယန်မြူးနစ်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့် ဘိုင်ယန်ဟာဒေါ့မွန်ကိုရမှတ်၄မှတ်ဖြတ်ထားလာနိုင်ပါတယ်။ ပွဲအပြီးတွင်ဘယ်လင်ဂမ်က “ကျွန်တော့်အတွက်တော့ဒါကပင်နယ်တီမဟုတ်ပါဘူး။ ဟမ်မဲလ်ကဘောလုံးကိုတောင်ကြည့်နေတာမဟုတ်ပါဘူး။ သူကဘောလုံးရဖို့ကြိုးစားနေတာပါ။ဘောလုံးကသူ့ကိုထိတာပါ။ ဘောလုံးကိုသူကြည့်မနေပါဘူး။ဒီပွဲကအခြားဆုံးဖြတ်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။ဒီဒိုင်ကအရင်တုန်းကလုပ်ပွဲကစားခဲ့တာခင်ဗျားတို့လည်းအသိပါ။ အခုဂျာမနီရဲ့အကြီးကျယ်ဆုံးပွဲမှာဒီဒိုင်ကိုခန့်လာတော့ဘာဖြစ်လာမယ်ထင်လဲ”ဆိုသွားပါတယ်။ ယခုအခါဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဒိုင်စောင့်ကြည့်သူမာကိုဟက်စ်က ပွဲပြီးအင်တာဗျူးမှပြောဆိုမှုများအတွက်ဘယ်လင်ဂမ်ကို တိုင်ချက်ဖွင့်လာပြီဖြစ်ပါတယ်။ဇွာယာဟာ၂၀၀၅ခုနှစ်တုန်းကလုပ်ပွဲတွင် ပါဝင်ပတ်သက်မှုကြောင့်ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ခြောက်လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးပါတယ်။ထိုစဉ်ကဒုတိယတန်းဒိုင်ဟောင်းရောဘတ်ဟွိုင်ဇာမှာလည် းရာသက်ပန်ဘောလုံးနှင့်ပတ်သက်ခွင့်ပိတ်ပင်ခံရတဲ့အပြင် ထောင်ဒဏ်၂နှစ်နှင့်ငါးလချမှတ်ခံခဲ့ရပါတယ်။ ထိုစဉ်ကဇွာယာဟာစည်းကြပ်ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ပြီး […]

ရော်နယ်ဒို အံမ၀င်တဲ့ ကစားကွက်မရှိ

December 6, 2021 author ps 0

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ပွဲစဉ်တစ်လျှောက် ပဲလေ့စ်နောက်တန်းကို ဒုက္ခပေးခဲ့ပြီး ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဖရက်က လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကို […]

နဖူးကွဲ ဒူးပြဲ ကြိုးစားခဲ့တဲ့ မက်ဂွိုင်းယား

December 6, 2021 author ps 0

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးအော့ဆန်နီအက်ဒူယတ်နှင့်တိုက်မိမှုကြောင့် နဖူးကွဲခဲ့ပါတယ်။ အသက်၂၈နှစ်ရှိအင်္ဂလန်ဗဟိုနောက်ခံလူဟာပွဲပြီးခါနီးမှာခေါင်းတိုက်ရန် ကြိုးပမ်းစဉ် အက်ဒူယတ်နှင့်ထိမိပြီးပုံကျခဲ့ပါတယ်။ ဆေးအဖွဲ့ကကွင်းအတွင်းပြေးဝင်လာပြီးမက်ဂွိုင်းယားကို ဆေးကုသမှုပြုလုပ်ခဲ့ကြပါတယ်။မက်ဂွိုင်းယားဟာနဖူးကွဲသွားပြီး သွေးတွေထွက်နေခဲ့တာတွေ့ရပါတယ်။ မက်ဂွိုင်းယားဟာနဖူးကွဲသွားပေမယ့်ပြန်ထနိုင်ခဲ့ပြီးခေါင်းပတ်ဖြင့်ပွဲပြီးတဲ့အထိ ဆက်ကစားနိုင်ခဲ့ကာဂိုးလည်းမပေးခဲ့ရပါဘူး။ ယူနိုက်တက်ဟာ မနေ့ညတုန်းကပဲလေ့စ်ကို၁-ဝဂိုးဖြင့်အနိုင်ရရှိမှုနဲ့အတူ ယခုရာသီမှာပထမဆုံးအကြိမ်အဖြစ်အိုးထရက်ဖို့ဒ်မှာပေးဂိုးမရှိခဲ့ပါဘူး။ ရန်နစ်ခ်ရဲ့ပထမဆုံးပွဲမှာယူနိုက်တက်အတွက်အနိုင်ဂိုးကို ဒုတိယပိုင်းမှာဖရက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ရန်နစ်ခ်ဟာမနေ့ညကပွဲစဉ်မှာ၄-၂-၃-၁ နဲ့ပွဲထွက်လာမယ်လို့ယူဆခဲ့ရပေမယ့် ၄-၂-၂-၂ကစားကွက်ကိုအသုံးပြုသွားခဲ့ပါတယ်။ zawgyi နဖူးကွဲ ဒူးပြဲ ကြိုးစားခဲ့တဲ့ မက်ဂွိုင်းယား မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ […]

ရန်းနစ်ရဲ့ ပွဲဦးထွက် နိုင်ပွဲနဲ့ စတင်နိုင်ခဲ့

December 6, 2021 author ps 0

နည်းပြသစ် ရန်းနစ်ရဲ့ ပထမဆုံးပွဲဟာ တိုက်စစ်ဖိအားပေးပုံစံနဲ့ ပရိသတ်တွေသဘောကျခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲထွက် ကစားသမားစာရင်းဟာ အာဆင်နယ်နဲ့ပွဲက အသင်းလူစာရင်းကိုပဲ ဆက်လက် ပွဲထုတ်ခဲ့ပါတယ်။ ကစားကွက်မှာလည်း ယူနိုက်တက်ရဲ့ ၄-၂-၃-၁ အထိုင်ကိုပဲ ဆက်လက် သုံးစွဲခဲ့တာဖြစ်ပေမယ့် ပွဲအတွင်းမှာ ၄-၂-၂-၂ကို ပြောင်းလဲသုံးသွားခဲ့သလို နည်းစနစ်အပိုင်းမှာလည်း ယူနိုက်တက်ဟာ အရင်ပွဲတွေနဲ့မတူဘဲ ပြိုင်ဘက်ဆီက ဘောလုံးပြန်ဆယ်နိုင်အောင် […]

နိုက်ထရပ်အောက်ဆိုက် ဗီဒီယိုဖိုင်ကိစ္စရှင်းရတော့မယ့် ဘစ်ဆာခါ

December 5, 2021 author ps 0

အေရွန်ဝမ်ဘစ်ဆာခါဟာပြီးခဲ့တဲ့လတုန်းကသူငယ်ချင်းများနှင့်အတူ လန်ဒန်သို့ခရီးသွားခဲ့ရာမှာနိုက်ထရပ်အောက်ဆိုက်ရှူခဲ့တယ်လို့ယူဆရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာသူ့သူငယ်ချင်းများကနိုက်ထရပ်အောက်ဆိုက် ရှူနေမှုကိုဗီဒီယိုရိုက်ကူးကာသူ့ရဲ့Snapchat အကောင့်မှာတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ဘစ်ဆာခါဟာလန်ဒန်သို့ကားဖြင့်ခရီးသွားစဉ်ကားနောက်ခန်းမှ သူငယ်ချင်းများနိုက်ထရပ်အောက်ဆိုက်ရှူနေတာကို ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပြီး ယင်းဗီဒီယိုမှတ်တမ်းထဲမှာသူရှူတဲ့မှတ်တမ်းမပါဝင်ပါဘူး။ ဝန်ဘစ်ဆာခါဟာအဆိုပါလန်ဒန်ခရီးစဉ်အတွင်းမှာတစ်ညလျှင်ပေါင်၈၀၀၀ ပေးရတဲ့ကြယ်ငါးပွင့်အဆင့်ရှိ Grosvennor House တွင်တည်းခိုခဲ့ပါတယ်။ ယင်းဗီဒီယိုဖိုင်မှာဟိုတယ်ရဲ့ Hyde Park Suite တွင်သူငယ်ချင်းများနှင့် ညစာအတူစားနေတဲ့မှတ်တမ်းလည်းပါဝင်ပါတယ်။ အေရွန်ဝန်ဘစ်ဆာခါဟာအထက်ပါဗီဒီယိုဖိုင်ကြောင့်ယူနိုက်တက်ယာယီ နည်းပြရေးဖ်ရန်နစ်ခ်ရဲ့ဒေါသထွက်ခြင်းခံရမှာသေချာနေပါတယ်။ အထက်ပါဗီဒီယိုဖိုင်ကနိုဝင်ဘာလ၁၃ရက်နေ့တုန်းကမန်စီးတီးကိုရှုံးနိမ့်ပြီးနောက် နိုင်ငံတကာပွဲစဉ်ကာလအတွင်းတွင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဝန်ဘစ်ဆာခါဟာ၂၀၁၉ခုနှစ်တွင်ခရစ္စတယ်ပဲလေ့စ်မှယူနိုက်တက်သို့ […]