ကက်ဂလီယာရီကို အငှားနဲ့ပြန်ရောက်သွားပြီးနောက် ကွန်တီကို နိုင်ဂိုလန် ဝေဖန်တိုက်ခိုက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်ကွင်းလယ်လူ နိုင်ဂိုလန်ဟာ အသင်းဟောင်းကက်ဂလီယာရီကို အငှားနဲ့ ပြန်ရောက်သွားပြီးနောက် အင်တာနည်းပြ အန်တိုနီယိုကွန်တီကို ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။


ယခုရာသီစီးရီးအေမှာ မြို့ခံပြိုင်ဘက် အေစီမီလန်နဲ့ ၁မှတ်အကွာ အဆင့် ၂ နေရာမှာ အင်တာအသင်း ရပ်တည်နေပေမယ့် နိုင်ဂိုလန်ကတော့ တကယ်လို့ အသင်းရဲ့အခြေအနေမကောင်းတဲ့အချိန်တိုင်း မိမိမှာ ကြားထဲကနေ မြေစာပင်အဖြစ် အချောင်ခံနေရတယ်လို့ ပြောပါတယ်။


အသက် ၃၂နှစ်အရွယ်ရှိ နိုင်ဂိုလန်ဟာ ယခုရာသီမှာ ၅ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး အဲဒီ ၅ပွဲစလုံးကလည်း ပွဲပြီးခါနီးမှ လူစားဝင်အဖြစ် ကစားခွင့်ရခဲ့တာဖြစ်ကာ ယမန်နှစ်ရာသီက အငှားကစားခဲ့ဖူးတဲ့ ကက်ဂလီယာရီအသင်းဆီ ပြီးခဲ့တဲ့အပတ်က ၆လအငှားစာချုပ်နဲ့ ထပ်မံပြောင်းရွှေ့ခဲ့တာပါ။


”အင်တာမှာ ကြီးကျယ်တဲ့နည်းပြတစ်ဦးရှိပေမယ့် သူက ပွဲတစ်ပွဲမှာ ကျွန်တော့ိကု ၈မိနစ်ပဲ ဝင်ကစားခိုင်းတယ်။ ပြီးတော့ အရာအားလုံးက ကျွန်တော့်ကြောင့်ဆိုပြီး လက်ညှိုးထိုးတော့တာပါပဲ”
”၈ မိနစ်တည်းနဲ့ ကျွန်တော် ဘာများလုပ်နိုင်မှာလဲ။ ကျွန်တော်က အမြဲတမ်းကြံ့ခိုင်မှုပြည့်ဝနေတယ်။ ထရိန်နင်လည်း တစ်ခါမှမပျက်ဖူးဘူး။ ပြောရရင်ဗျာ ထရိန်နင်ကို တစ်မိနစ်လေးတောင် နောက်မကျဖူးပါဘူး”လို့ နိုင်ဂိုလန်က ပြောပါတယ်။


နိုင်ဂိုလန်ဟာ အောက်တိုဘလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတဲ့ အင်တာအသင်းသား ၆ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ၂ပတ်အတွင်း ပြန်ကျန်းမာလာသလို နောက်ထပ်ရောဂါလက္ခဏာတွေ မပြတော့ပေမယ့် တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါဆိုးကြီးနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ကက္ဂလီယာရီကို အငွားနဲ႔ျပန္ေရာက္သြားၿပီးေနာက္ ကြန္တီကို ႏိုင္ဂိုလန္ ေ၀ဖန္တိုက္ခုိက္
အင္တာမီလန္ကြင္းလယ္လူ ႏိုင္ဂိုလန္ဟာ အသင္းေဟာင္းကက္ဂလီယာရီကို အငွားနဲ႔ ျပန္ေရာက္သြားၿပီးေနာက္ အင္တာနည္းျပ အန္တိုနီယိုကြန္တီကို ေ၀ဖန္တုိက္ခုိက္လုိက္ပါတယ္။

ယခုရာသီစီးရီးေအမွာ ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္နဲ႔ ၁မွတ္အကြာ အဆင့္ ၂ ေနရာမွာ အင္တာအသင္း ရပ္တည္ေနေပမယ့္ ႏိုင္ဂိုလန္ကေတာ့ တကယ္လုိ႔ အသင္းရဲ႕အေျခအေနမေကာင္းတဲ့အခ်ိန္တုိင္း မိမိမွာ ၾကားထဲကေန ေျမစာပင္အျဖစ္ အေခ်ာင္ခံေနရတယ္လုိ႔ ေျပာပါတယ္။
အသက္ ၃၂ႏွစ္အရြယ္ရွိ ႏိုင္ဂိုလန္ဟာ ယခုရာသီမွာ ၅ပြဲသာ ပါ၀င္ကစားခြင့္ရခဲ့ၿပီး အဲဒီ ၅ပြဲစလုံးကလည္း ပြဲၿပီးခါနီးမွ လူစား၀င္အျဖစ္ ကစားခြင့္ရခဲ့တာျဖစ္ကာ ယမန္ႏွစ္ရာသီက အငွားကစားခဲ့ဖူးတဲ့ ကက္ဂလီယာရီအသင္းဆီ ၿပီးခဲ့တဲ့အပတ္က ၆လအငွားစာခ်ဳပ္နဲ႔ ထပ္မံေျပာင္းေရႊ႕ခဲ့တာပါ။
”အင္တာမွာ ႀကီးက်ယ္တဲ့နည္းျပတစ္ဦးရွိေပမယ့္ သူက ပြဲတစ္ပြဲမွာ ကၽြန္ေတာ့္ိကု ၈မိနစ္ပဲ ၀င္ကစားခိုင္းတယ္။ ၿပီးေတာ့ အရာအားလုံးက ကၽြန္ေတာ့္ေၾကာင့္ဆုိၿပီး လက္ညွိဳးထိုးေတာ့တာပါပဲ”
”၈ မိနစ္တည္းနဲ႔ ကၽြန္ေတာ္ ဘာမ်ားလုပ္ႏိုင္မွာလဲ။ ကၽြန္ေတာ္က အၿမဲတမ္းႀကံ့ခုိင္မႈျပည့္၀ေနတယ္။ ထရိန္နင္လည္း တစ္ခါမွမပ်က္ဖူးဘူး။ ေျပာရရင္ဗ်ာ ထရိန္နင္ကို တစ္မိနစ္ေလးေတာင္ ေနာက္မက်ဖူးပါဘူး”လုိ႔ ႏိုင္ဂိုလန္က ေျပာပါတယ္။
ႏိုင္ဂိုလန္ဟာ ေအာက္တိုဘလအတြင္း ကို႐ိုနာဗုိင္းရပ္စ္ပိုးကူးစက္ခံခဲ့ရတ့ဲ အင္တာအသင္းသား ၆ဦးအနက္ တစ္ဦးအပါအ၀င္ျဖစ္ခဲ့ၿပီး ၂ပတ္အတြင္း ျပန္က်န္းမာလာသလုိ ေနာက္ထပ္ေရာဂါလကၡဏာေတြ မျပေတာ့ေပမယ့္ တစ္ကမၻာလုံးမွာျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါဆုိးႀကီးနဲ႔ပတ္သက္လုိ႔ စိုးရိမ္မိတယ္လုိ႔ ေျပာပါတယ္။