
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားကက်စ်မီရိုဟာဗုဒ္ဓဟူးနေ့ညတုန်းက
ရှရစ်ကို၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အဝါကတ်ပြသခံရအောင်
လုပ်သင့်/မလုပ်သင့်နည်းပြအန်ဆယ်လော့တီအားမေးမြန်းခဲ့ပါတယ်။
ဥရောပဖလား၁၃ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်ဟာအဝေးကွင်းမှာ
ရှရစ်ကို၃-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒေးဗစ်အလာဘာ၊တိုနီခရူးစ်နှင့်
ဘန်ဇီးမားတို့ကအနိုင်ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။ဒါပေမယ့်
တတိယဂိုးသွင်းပြီးချိန်မှာတော့အငြင်းပွားဖွယ်ဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ကက်စ်မီရိုဟာအောင်ပွဲခံခြင်းမရှိဘဲအန်ဆယ်လော့တီထံသို့သွားရောက်ကာ
အဝါကတ်ပြသခံရအောင်လုပ်သင့်မလုပ်သင့်မေးမြန်းခဲ့ပါတယ်။
အန်ဆယ်လော့တီကခေါင်းခါကာငြင်းဆိုမှုပြုလုပ်ခဲ့ကြောင်း
ရုပ်သံပြကွက်အရသိရပါတယ်။
ကက်စ်မီရိုဟာအဝါကတ်ပြသခံရလျှင်တစ်ပွဲပယ်ခံရမှာဖြစ်ပြီး
အင်တာမီလန်နှင့်အုပ်စုနောက်ဆုံးပွဲကိုလွဲပါမယ်။ဒါပေမယ့်သူဟာ
ရှုံးထွက်အဆင့်ပွဲစဉ်ကိုအဝါကတ်မရှိဘဲကစားနိုင်ပါမယ်။အန်ဆယ်လော့တီဟာ
ရှရစ်နှင့်ပွဲမှာပွဲပြီးရန်၆မိနစ်အလိုမှာဘလန်ကိုနှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။
အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးအန်ဆယ်လော့တီကဝန်ခံသွားခြင်းတော့မရှိပါဘူး။
တကယ်တော့ရီးရဲလ်မက်ဒရစ်အတွက်ယင်းသို့အဝါကတ်တမင်ပြသခံရအောင်
လုပ်ပြီးပွဲပယ်ခံရအောင်လုပ်တာအထူးအဆန်းမဟုတ်ပါဘူး။
၂၀၁၀ခုနှစ်၊နိုဝင်ဘာလတုန်းကမော်ရင်ဟိုဟာအေဂျက်စ်ကို၄-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲမှာအလွန်ဆိုနှင့်ရာမို့စ်တို့ကိုအဝါကတ်ပြသခံရအောင်ကစားစေပြီ
းရှုံးထွက်အဆင့်သို့အဝါကတ်မပါဘဲသွားခဲ့ပါတယ်။ယင်းပွဲမှာအလွန်ဆိုက
အဝါကတ်ပြသခံရပြီးနောက်ရာမို့စ်ဟာပြစ်ဒဏ်ဘောကိုမကန်ဘဲ
တမင်အချိန်ဆွဲနေမှုကြောင့်ဒုတိယအဝါကတ်ပြသခံရကာအထုတ်ခံရအောင်
လုပ်ခဲ့ပါတယ်။ရာမို့စ်ဟာသူ့ကိုအနီကတ်ပြတဲ့ဒိုင်လူကြီး
ခရစ်သောမတ်စ်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။
zawgyi
ကက္စ္မီ႐ိုဟာ အဝါကတ္ျပသခံရေအာင္ တမင္ လုပ္သင့္/မလုပ္သင့္ အန္ဆယ္ေလာ့တီကို ေမးျမန္းခဲ့
ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားကက္စ္မီ႐ိုဟာဗုဒၶဟူးေန႔ညတုန္းက
ရွရစ္ကို၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အဝါကတ္ျပသခံရေအာင္
လုပ္သင့္/မလုပ္သင့္နည္းျပအန္ဆယ္ေလာ့တီအားေမးျမန္းခဲ့ပါတယ္။
ဥေရာပဖလား၁၃ႀကိမ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္ဟာအေဝးကြင္းမွ
ာရွရစ္ကို၃-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးေဒးဗစ္အလာဘာ၊တိုနီခ႐ူးစ္ႏွင့္
ဘန္ဇီးမားတို႔ကအႏိုင္ဂိုးအသီးသီးသြင္းယူခဲ့ၾကပါတယ္။ဒါေပမယ့္
တတိယဂိုးသြင္းၿပီးခ်ိန္မွာေတာ့အျငင္းပြားဖြယ္ျဖစ္ရပ္ျဖစ္လာခဲ့ပါတယ္။
ကက္စ္မီ႐ိုဟာေအာင္ပြဲခံျခင္းမရွိဘဲအန္ဆယ္ေလာ့တီထံသို႔သြားေရာက္ကာ
အဝါကတ္ျပသခံရေအာင္လုပ္သင့္မလုပ္သင့္ေမးျမန္းခဲ့ပါတယ္။
အန္ဆယ္ေလာ့တီကေခါင္းခါကာျငင္းဆိုမႈျပဳလုပ္ခဲ့ေၾကာင္း
႐ုပ္သံျပကြက္အရသိရပါတယ္။
ကက္စ္မီ႐ိုဟာအဝါကတ္ျပသခံရလွ်င္တစ္ပြဲပယ္ခံရမွာျဖစ္ၿပီး
အင္တာမီလန္ႏွင့္အုပ္စုေနာက္ဆုံးပြဲကိုလြဲပါမယ္။ဒါေပမယ့္သူဟာ
ရႈံးထြက္အဆင့္ပြဲစဥ္ကိုအဝါကတ္မရွိဘဲကစားႏိုင္ပါမယ္။အန္ဆယ္ေလာ့တီဟာ
ရွရစ္ႏွင့္ပြဲမွာပြဲၿပီးရန္၆မိနစ္အလိုမွာဘလန္ကိုႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။
အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးအန္ဆယ္ေလာ့တီကဝန္ခံသြားျခင္းေတာ့မရွိပါဘူး။
တကယ္ေတာ့ရီးရဲလ္မက္ဒရစ္အတြက္ယင္းသို႔အဝါကတ္တမင္ျပသခံရေအာင္
လုပ္ၿပီးပြဲပယ္ခံရေအာင္လုပ္တာအထူးအဆန္းမဟုတ္ပါဘူး။
၂၀၁၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကေမာ္ရင္ဟိုဟာေအဂ်က္စ္ကို၄-ဝဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲမွာအလြန္ဆိုႏွင့္ရာမို႔စ္တို႔ကိုအဝါကတ္ျပသခံရေအာင္ကစားေစၿပီ
းရႈံးထြက္အဆင့္သို႔အဝါကတ္မပါဘဲသြားခဲ့ပါတယ္။ယင္းပြဲမွာအလြန္ဆိုက
အဝါကတ္ျပသခံရၿပီးေနာက္ရာမို႔စ္ဟာျပစ္ဒဏ္ေဘာကိုမကန္ဘဲ
တမင္အခ်ိန္ဆြဲေနမႈေၾကာင့္ဒုတိယအဝါကတ္ျပသခံရကာအထုတ္ခံရေအာင္
လုပ္ခဲ့ပါတယ္။ရာမို႔စ္ဟာသူ႔ကိုအနီကတ္ျပတဲ့ဒိုင္လူႀကီး
ခရစ္ေသာမတ္စ္ကိုလက္ဆြဲႏႈတ္ဆက္ခဲ့ပါေသးတယ္။