ကစားဖော်တွေထက်အခွင့်အရေးဖန်တီးနိုင်စွမ်း ၂ ဆကျော်မြင့်မားခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ၂၀၂၀ မှတ်တမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ ဟာမန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အတွက်တော့ မယုံနိုင်စရာကောင်းတဲ့ နှစ်တစ်နှစ်ပါဘဲ။ မန်ယူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်တုန်းက ဖာနန်ဒက်စ်ကိုခေါ်ယူလိုက်တာဟာ သူတို့ရဲ့ကံကြမ္မာပြောင်းလဲဖို့အတွက် လက်မတင်လေးအချိန်အခါဖြစ်ခဲ့တာပါ။

ဒီပေါ်တူဂီသားဟာ ပရီးမီးယားလိဂ်လို ခက်ခဲကြမ်းတမ်းတဲ့ လိဂ်မှာ ပထမဆုံးလာကစားတာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာအထိုင်ကျပြီး မန်ယူတစ်သင်းလုံးကို စိတ်မပျက်ရအောင်စွမ်းဆောင်ပြခဲ့ပါတယ်။

သူ့ကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ မှာခေါ်ယူခဲ့တာဖြစ်ပြီး သူ့ကိုမခေါ်ခင်မှာ မန်ယူဟာ ဘန်လေ လိုအသင်းကိုတောင် အိမ်ကွင်းမှာ ၂-၀ နဲ့ရှုံးခဲ့တာပါ။ ဒါပေမယ့် ဖာနန်ဒက်စ် ရောက်လာပြီးနောက်မှာ မန်ယူဟာလက်ကျန်ပရီးမီးယားလိဂ်ပွဲတွေအားလုံးကိုမရှုံးတော့ဘဲ ရာသီကုန်ချိန်မှာ အဆင့် ၃ ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါရခဲ့တာပါ။

ဒီလိုစွမ်းဆောင်နိုင်ခဲ့ရာမှာ အသက် ၂၆ နှစ်ရှိတဲ့ ဖာနန်ဒက်စ် ရဲ့ ဖန်တီးနိုင်မှုအစွမ်းအစကအဓိက ကျခဲ့တာငြင်းလို့မရပါဘူး။ ဒီရာသီမှာ မန်ယူရဲ့ဘောလုံးပေးပို့မှုအောင်မြင်တဲ့ နှုန်းထား ၈၃.၁ ရှိခဲ့ရာမှာ ဖာနန်ဒက်စ်တစ်ဦးတည်းက ၇၆.၁ ရာခိုင်နှုန်းအထိအောင်မြင်ခဲ့တာပါ။

သူ့ရဲ့နောက်ထပ်အားသာချက်ကတော့ ခက်ခဲတဲ့အချိန်တွေနဲ့ စွန့်စားရတော့မယ့်အချိန်တွေမှာ ယုံကြည်မှုရှိစွာနဲ့ ဖန်တီးပေးခဲ့တာပါဘဲ။ ဒါကြောင့်လည်း သူဟာဂိုးဖန်တီးမှုအမြင့်မားဆုံးသူဖြစ်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။ မန်ယူကိုသူရောက်လာပြီးနောက် အခွင့်အရေးဖန်တီးနိုင်စွမ်းကိုကြည့်လိုက် ရင်လည်း ကျန်တဲ့သူတွေထက် ၂ ဆကျော်ပိုများနေတာပါ။

သူဟာ မန်ယူအတွက်ပြိုင်ပွဲစုံ ၄၂ ပွဲကစားခဲ့ရာမှာ အခွင့်အရေး ၁၁၆ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၅ ကြိမ်က ဂိုးရခဲ့တာဖြစ်ပါတယ်။

သူ့နောက်မှာ ဒုတိယနေရာရပ်တည်နေတဲ့ မာတာတောင် အခွင့်အရေးအကြိမ် ၅၀ ဘဲပြုလုပ်ပေးနိုင်ခဲ့တာပါ။ မာတာရဲ့နောက်မှာ မာရှယ်က ၄၆ ကြိမ်၊ လုခ်ရှောက ၄၅ ကြိမ်နဲ့ ရက်ရှ်ဖို့ဒ်က ၄၃ ကြိမ် ပြုလုပ်ပေးခဲ့ကြပါ

တယ်။

ဖာနန်ဒက်စ်ဟာ အခွင့်အရေးနဲ့ ဂိုးရရှိရေးဖန်တီးမှုမှာ အမြင့်မားဆုံးဖြစ်ခဲ့သလို ၂၀၂၀ အတွင်းမှာလည်း၂၅ ဂိုးသွင်းနိုင်ခဲ့လို့ ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့တာပါ။ သူဟာအသင်းဘောလုံးဆုံးရှုံးရင်လည်း ကူညီပေးနိုင် စွမ်းမြင့်မားသူဖြစ်ပြီး မန်ယူမှာ ၂၀၂၀ အတွင်း သူ့ထက်ပိုပြီးဘောလုံးဖျက်ထုတ်နိုင်သူဆိုလို့ ဝမ်ဘစ်ဆာကာ နဲ့ ဖရက်ဒ် တို့ဘဲရှိကြောင်းသိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားေဖာ္ေတြထက္အခြင့္အေရးဖန္တီးႏိုင္စြမ္း ၂ ဆေက်ာ္ျမင့္မားခဲ့တဲ့ ဖာနန္ဒက္စ္ရဲ႕ ၂၀၂၀ မွတ္တမ္း

၂၀၂၀ ဟာမန္ယူအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ေတာ့ မယုံႏိုင္စရာေကာင္းတဲ့ ႏွစ္တစ္ႏွစ္ပါဘဲ။ မန္ယူဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္တုန္းက ဖာနန္ဒက္စ္ကိုေခၚယူလိုက္တာဟာ သူတို႔ရဲ႕ကံၾကမၼာေျပာင္းလဲဖို႔အတြက္ လက္မတင္ေလးအခ်ိန္အခါျဖစ္ခဲ့တာပါ။ ဒီေပၚတူဂီသားဟာ ပရီးမီးယားလိဂ္လို ခက္ခဲၾကမ္းတမ္းတဲ့ လိဂ္မွာ ပထမဆုံးလာကစားတာျဖစ္ေပမယ့္ အခ်ိန္တိုအတြင္းမွာအထိုင္က်ၿပီး မန္ယူတစ္သင္းလုံးကို စိတ္မပ်က္ရေအာင္စြမ္းေဆာင္ျပခဲ့ပါတယ္။

သူ႔ကိုၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၉ မွာေခၚယူခဲ့တာျဖစ္ၿပီး သူ႔ကိုမေခၚခင္မွာ မန္ယူဟာ ဘန္ေလ လိုအသင္းကိုေတာင္ အိမ္ကြင္းမွာ ၂-၀ နဲ႔ရႈံးခဲ့တာပါ။ ဒါေပမယ့္ ဖာနန္ဒက္စ္ ေရာက္လာၿပီးေနာက္မွာ မန္ယူဟာလက္က်န္ပရီးမီးယားလိဂ္ပြဲေတြအားလုံးကိုမရႈံးေတာ့ဘဲ ရာသီကုန္ခ်ိန္မွာ အဆင့္ ၃ ရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ပါရခဲ့တာပါ။

ဒီလိုစြမ္းေဆာင္ႏိုင္ခဲ့ရာမွာ အသက္ ၂၆ ႏွစ္ရွိတဲ့ ဖာနန္ဒက္စ္ ရဲ႕ ဖန္တီးႏိုင္မႈအစြမ္းအစကအဓိက က်ခဲ့တာျငင္းလို႔မရပါဘူး။ ဒီရာသီမွာ မန္ယူရဲ႕ေဘာလုံးေပးပို႔မႈေအာင္ျမင္တဲ့ ႏႈန္းထား ၈၃.၁ ရွိခဲ့ရာမွာ ဖာနန္ဒက္စ္တစ္ဦးတည္းက ၇၆.၁ ရာခိုင္ႏႈန္းအထိေအာင္ျမင္ခဲ့တာပါ။

သူ႔ရဲ႕ေနာက္ထပ္အားသာခ်က္ကေတာ့ ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ စြန႔္စားရေတာ့မယ့္အခ်ိန္ေတြမွာ ယုံၾကည္မႈရွိစြာနဲ႔ ဖန္တီးေပးခဲ့တာပါဘဲ။ ဒါေၾကာင့္လည္း သူဟာဂိုးဖန္တီးမႈအျမင့္မားဆုံးသူျဖစ္ခဲ့သလို ကိုယ္တိုင္လည္း ဂိုးေတြသြင္းယူႏိုင္ခဲ့တာပါ။ မန္ယူကိုသူေရာက္လာၿပီးေနာက္ အခြင့္အေရးဖန္တီးႏိုင္စြမ္းကိုၾကည့္လိုက္ ရင္လည္း က်န္တဲ့သူေတြထက္ ၂ ဆေက်ာ္ပိုမ်ားေနတာပါ။

သူဟာ မန္ယူအတြက္ၿပိဳင္ပြဲစုံ ၄၂ ပြဲကစားခဲ့ရာမွာ အခြင့္အေရး ၁၁၆ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီထဲက ၁၅ ႀကိမ္က ဂိုးရခဲ့တာျဖစ္ပါတယ္။ သူ႔ေနာက္မွာ ဒုတိယေနရာရပ္တည္ေနတဲ့ မာတာေတာင္ အခြင့္အေရးအႀကိမ္ ၅၀ ဘဲျပဳလုပ္ေပးႏိုင္ခဲ့တာပါ။ မာတာရဲ႕ေနာက္မွာ မာရွယ္က ၄၆ ႀကိမ္၊ လုခ္ေရွာက ၄၅ ႀကိမ္နဲ႔ ရက္ရွ္ဖို႔ဒ္က ၄၃ ႀကိမ္ ျပဳလုပ္ေပးခဲ့ၾကပါ
တယ္။

ဖာနန္ဒက္စ္ဟာ အခြင့္အေရးနဲ႔ ဂိုးရရွိေရးဖန္တီးမႈမွာ အျမင့္မားဆုံးျဖစ္ခဲ့သလို ၂၀၂၀ အတြင္းမွာလည္း၂၅ ဂိုးသြင္းႏိုင္ခဲ့လို႔ ဂိုးသြင္းအမ်ားဆုံးသူျဖစ္ခဲ့တာပါ။ သူဟာအသင္းေဘာလုံးဆုံးရႈံးရင္လည္း ကူညီေပးႏိုင္ စြမ္းျမင့္မားသူျဖစ္ၿပီး မန္ယူမွာ ၂၀၂၀ အတြင္း သူ႔ထက္ပိုၿပီးေဘာလုံးဖ်က္ထုတ္ႏိုင္သူဆိုလို႔ ဝမ္ဘစ္ဆာကာ နဲ႔ ဖရက္ဒ္ တို႔ဘဲရွိေၾကာင္းသိရပါတယ္။