
မန်ယူအသင်းရဲ့ တိုက်စစ်မှုး ရော်နာလ်ဒိုဟာ နည်းပြ ထိုင်ခုံလှုပ်နေတဲ့
ဆိုးလ်ရှားရဲ့ ဘက်ကနေ ရပ်တည်ပေးခဲ့တယ်လို့ အချို့သော သတင်းရင်းမြစ်တွေအရ
သိရပါတယ်။ လီဗာပူးလ်ကို (၅) ဂိုးပြတ် ရှုံးနိမ့်မှုအပြီး အဝတ်လဲခန်းအတွင်းမှာ
ရော်နာလ်ဒိုဟာ ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့တဲ့အပြင်
ဆိုးလ်ရှားအပေါ်မှာလည်း စိတ်မပျက်ကြဖို့ ဖျောင်းဖြခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မန်ယူနည်းပြနေရာအတွက် နောက်ထပ် နည်းပြသစ် ရောက်လာဖို့
ရေရာမှု မရှိသေးတဲ့အနေအထားမှာ ကစားသမားတွေဘက်က ဆိုးလ်ရှားအပေါ်
ဆက်လက် ယုံကြည်ပေးထားဖို့ ရောနာလ်ဒို တိုက်တွန်းခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားရဲ့ နည်းစနစ်တွေအပေါ်မှာလည်း စိတ်ပျက်လက်ပျက်
အားမလျော့ကြဖို့နဲ့ နောက်လာမယ့် ပွဲစဉ်တွေမှာ အကောင်းဆုံး တိုက်ပွဲဝင်ကြဖို့
ရော်နာလ်ဒိုက ကစားဖော်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မန်ယူအသင်းမှာ ဆိုးလ်ရှားနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဖာနန်ဒက်စ် ၊
ပေါ့ဘာ ၊ ကာဗာနီတို့လို ကစားသမားတွေကိုယ်တိုင်က နည်းပြကို ပုဂ္ဂိုလ်ရေးအရ
မုန်းတီးမှု မရှိပေမယ့်လည်း ၎င်းရဲ့ နည်းစနစ်ပိုင်းအပေါ် စိတ်ကျေနပ်မှု
မရှိကြတော့သလို လင်ဂတ် ၊ ဘိုင်လီ ၊ ဗန်ဒီဘိခ် နဲ့ ဟန်ဒါဆင် တို့လို
အရန်ခုံက ကစားသမားတွေကလည်း ဆိုးလ်ရှားအပေါ် ယုံကြည်မှု
လျော့နည်းလာနေကြတာဖြစ်ပါတယ်။
zawgyi
ကစားသမားေတြကို စိတ္ဓာတ္လႈံ႕ေဆာ္ေပးခဲ့တဲ့အျပင္ ဆိုးလ္ရွားအေပၚမွာလည္း စိတ္မပ်က္ၾကဖို႔ ေဖ်ာင္းျဖခဲ့တဲ့ ေရာ္နာလ္ဒို
မန္ယူအသင္းရဲ႕ တိုက္စစ္မႈး ေရာ္နာလ္ဒိုဟာ နည္းျပ ထိုင္ခုံလႈပ္ေနတဲ့
ဆိုးလ္ရွားရဲ႕ ဘက္ကေန ရပ္တည္ေပးခဲ့တယ္လို႔ အခ်ိဳ႕ေသာ သတင္းရင္းျမစ္ေတြအရ
သိရပါတယ္။ လီဗာပူးလ္ကို (၅) ဂိုးျပတ္ ရႈံးနိမ့္မႈအၿပီး အဝတ္လဲခန္းအတြင္းမွာ
ေရာ္နာလ္ဒိုဟာ ကစားသမားေတြကို စိတ္ဓာတ္လႈံ႕ေဆာ္ေပးခဲ့တဲ့အျပင္
ဆိုးလ္ရွားအေပၚမွာလည္း စိတ္မပ်က္ၾကဖို႔ ေဖ်ာင္းျဖခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္မွာ မန္ယူနည္းျပေနရာအတြက္ ေနာက္ထပ္ နည္းျပသစ္ ေရာက္လာဖို႔
ေရရာမႈ မရွိေသးတဲ့အေနအထားမွာ ကစားသမားေတြဘက္က ဆိုးလ္ရွားအေပၚ
ဆက္လက္ ယုံၾကည္ေပးထားဖို႔ ေရာနာလ္ဒို တိုက္တြန္းခဲ့တယ္လို႔လည္းဆိုပါတယ္။
ဒါ့အျပင္ ဆိုးလ္ရွားရဲ႕ နည္းစနစ္ေတြအေပၚမွာလည္း စိတ္ပ်က္လက္ပ်က္
အားမေလ်ာ့ၾကဖို႔နဲ႔ ေနာက္လာမယ့္ ပြဲစဥ္ေတြမွာ အေကာင္းဆုံး တိုက္ပြဲဝင္ၾကဖို႔
ေရာ္နာလ္ဒိုက ကစားေဖာ္ေတြကို တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိ မန္ယူအသင္းမွာ ဆိုးလ္ရွားနဲ႔ ဆက္ဆံေရးေကာင္းမြန္တဲ့ ဖာနန္ဒက္စ္ ၊
ေပါ့ဘာ ၊ ကာဗာနီတို႔လို ကစားသမားေတြကိုယ္တိုင္က နည္းျပကို ပုဂၢိဳလ္ေရးအရ
မုန္းတီးမႈ မရွိေပမယ့္လည္း ၎ရဲ႕ နည္းစနစ္ပိုင္းအေပၚ စိတ္ေက်နပ္မႈ
မရွိၾကေတာ့သလို လင္ဂတ္ ၊ ဘိုင္လီ ၊ ဗန္ဒီဘိခ္ နဲ႔ ဟန္ဒါဆင္ တို႔လို
အရန္ခုံက ကစားသမားေတြကလည္း ဆိုးလ္ရွားအေပၚ ယုံၾကည္မႈ
ေလ်ာ့နည္းလာေနၾကတာျဖစ္ပါတယ္။