ကစားသမားတွေလစာလျော့ယူဖို့ ငြင်းဆန်ခဲ့ရင် ဒေဝါလီခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်ကလာတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ဒေဝါလီဖောက်ရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့ ကစားသမားတွေဆီကနေ လစာယူရို ၁၉၀ သန်းအထိ လျော့ချဖို့ လိုအပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ RAC1 သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလ ၅ ရက်နေ့မတိုင်ခင် ကစားသမားတွေရဲ့လစာ ၃၀ % ကိုလျော့ချဖို့ ဆွေးနွေးရမှာဖြစ်ပါတယ်။
ကတ္တလန်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကွင်းဝင်ကြေးတွေကော ဝင်ငွေတွေပါ ထိခိုက်မှုတွေရှိနေတာဖြစ်ပါတယ်။ “လက်ရှိကလပ်အသင်းရင်ဆိုင်နေရတာက ဘဏ္ဍာရေးပိုင်းအခြေအနေပါ။ ကပ်ရောဂါက ဘာစီလိုနာရဲ့အခြေအနေကို တော်တော်လေးထိခိုက်ခဲ့ပါတယ်။ ကလပ်အသင်းက ခရီးသွားတွေကနေ ဝင်ငွေရတာပါ။ အခုတော့ အဲ့ဝင်ငွေတွေမရတာကြောင့် ဘဏ္ဍာရေးပိုင်းအခြေအနေက ထိခိုက်လာခဲ့ပါတယ်”လို့ ဘာစီလိုနာယာယီဥက္ကဌ ကားလ်တက်စ်ကွေးက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ်အတားအဆီးတစ်ခုက တိုက်စစ်မှူး မက်ဆီရဲ့စာချုပ်အခြေအနေဖြစ်လာနိုင်ပါတယ်။ မက်ဆီဟာ နွေရာသီတုန်းက ဘာစီလိုနာကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပေမယ့် အသင်းမှာဆက်ထိန်းနိုင်ခဲ့ပြီး စာချုပ်သက်တမ်းက လာမယ့် ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
အသက် ၃၃ နှစ်သားဟာ တစ်ပတ်လုပ်ခပေါင် ၉၈၈၀၀၀ ရရှိနေပြီး ဘောနပ်စ်တွေနဲ့ပါဆို တစ်နှစ်ကို ပေါင် ၁၃ သန်းအထိပေးချေရမှာဖြစ်ပါတယ်။ ဘာစီလိုနာဥက္ကဌဟောင်း ဘာတိုမြူဟာ အခုအပတ်အစောပိုင်းက နှုတ်ထွက်စာတင်ခဲ့ပြီး ဥရောပစူပါလိဂ်မှာ ဘာစီလိုနာက ပါဝင်ဖို့ သဘောတူခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။


သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ အသင်းရဲ့ဘဏ္ဍာရေးပိုင်းဆိုင်ရာကို အကျိုးရှိစေမယ်လို့ ဆိုခဲ့ပါတယ်။ “ကျွန်တော်သတင်းထူးကြေညာစရာရှိနေပါတယ်။ မနေ့က ဥရောပစူပါလိဂ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို လက်ခံခဲ့ပါတယ်။ အဲ့လိုလုပ်လိုက်တာက အသင်းဘဏ္ဍာရေးအခြေအနေအတွက် အာမခံချက်ရှိစေမှာပါ”လို့ ဘာတိုမြူက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမားေတြလစာေလ်ာ့ယူဖို႔ ျငင္းဆန္ခဲ့ရင္ ေဒဝါလီခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာ

စပိန္ကလာတဲ့သတင္းေတြအရ ဘာစီလိုနာအသင္းဟာ ေဒဝါလီေဖာက္ရမယ့္အေရးကို ေရွာင္လႊဲႏိုင္ဖို႔ ကစားသမားေတြဆီကေန လစာယူ႐ို ၁၉၀ သန္းအထိ ေလ်ာ့ခ်ဖို႔ လိုအပ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ RAC1 သတင္းဌာနရဲ႕အဆိုအရ ဘာစီလိုနာအသင္းဟာ ႏိုဝင္ဘာလ ၅ ရက္ေန႔မတိုင္ခင္ ကစားသမားေတြရဲ႕လစာ ၃၀ % ကိုေလ်ာ့ခ်ဖို႔ ေဆြးေႏြးရမွာျဖစ္ပါတယ္။

ကတၱလန္အသင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ကြင္းဝင္ေၾကးေတြေကာ ဝင္ေငြေတြပါ ထိခိုက္မႈေတြရွိေနတာျဖစ္ပါတယ္။ “လက္ရွိကလပ္အသင္းရင္ဆိုင္ေနရတာက ဘ႑ာေရးပိုင္းအေျခအေနပါ။ ကပ္ေရာဂါက ဘာစီလိုနာရဲ႕အေျခအေနကို ေတာ္ေတာ္ေလးထိခိုက္ခဲ့ပါတယ္။ ကလပ္အသင္းက ခရီးသြားေတြကေန ဝင္ေငြရတာပါ။ အခုေတာ့ အဲ့ဝင္ေငြေတြမရတာေၾကာင့္ ဘ႑ာေရးပိုင္းအေျခအေနက ထိခိုက္လာခဲ့ပါတယ္”လို႔ ဘာစီလိုနာယာယီဥကၠဌ ကားလ္တက္စ္ေကြးက ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအတြက္ ေနာက္ထပ္အတားအဆီးတစ္ခုက တိုက္စစ္မႉး မက္ဆီရဲ႕စာခ်ဳပ္အေျခအေနျဖစ္လာႏိုင္ပါတယ္။ မက္ဆီဟာ ေႏြရာသီတုန္းက ဘာစီလိုနာကေန ထြက္ခြာဖို႔ ျပင္ဆင္ခဲ့ေပမယ့္ အသင္းမွာဆက္ထိန္းႏိုင္ခဲ့ၿပီး စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္သားဟာ တစ္ပတ္လုပ္ခေပါင္ ၉၈၈၀၀၀ ရရွိေနၿပီး ေဘာနပ္စ္ေတြနဲ႔ပါဆို တစ္ႏွစ္ကို ေပါင္ ၁၃ သန္းအထိေပးေခ်ရမွာျဖစ္ပါတယ္။ ဘာစီလိုနာဥကၠဌေဟာင္း ဘာတိုျမဴဟာ အခုအပတ္အေစာပိုင္းက ႏႈတ္ထြက္စာတင္ခဲ့ၿပီး ဥေရာပစူပါလိဂ္မွာ ဘာစီလိုနာက ပါဝင္ဖို႔ သေဘာတူခဲ့တယ္လို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကေတာ့ အသင္းရဲ႕ဘ႑ာေရးပိုင္းဆိုင္ရာကို အက်ိဳးရွိေစမယ္လို႔ ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္သတင္းထူးေၾကညာစရာရွိေနပါတယ္။ မေန႔က ဥေရာပစူပါလိဂ္အတြက္ လိုအပ္တဲ့ အခ်က္အလက္ေတြကို လက္ခံခဲ့ပါတယ္။ အဲ့လိုလုပ္လိုက္တာက အသင္းဘ႑ာေရးအေျခအေနအတြက္ အာမခံခ်က္ရွိေစမွာပါ”လို႔ ဘာတိုျမဴက ေျပာၾကားခဲ့ပါတယ္။