မြက်ခင်းစိမ်းတွေမှာ ပြေးလွှားနေတဲ့ ဝိန်းကိုထပ်တွေ့ဖို့မရှိတော့ပေမယ့် ကွင်းဘေးက နည်းပြ ဝိန်းကိုတော့ပြန်ရလိုက်တယ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ သောကြာနေ့က ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။

အသက် ၁၆ နှစ်အရွယ်နဲ့ အဲဗာတန်အသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ရွန်းနီဟာ ၂၀၀၂ ခုနှစ်က အာဆင်နယ်ရဲ့ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့သူတစ်ယောက်လည်းဖြစ်ခဲ့သလို ယူနိုက်တက်အသင်းမှာ သူကစားခဲ့တဲ့ပွဲတွေတိုင်းမှာ မခိုမကပ်ပဲကြိုးစားကစားခဲ့သလို ဖာဂူဆန်လက်ထက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဖာဂူဆန်အနားယူသွားခဲ့ချိန်မှာ သူနဲ့အဲဗာတန်မှာ လုံးဝအစီးမကပ်ခဲ့တဲ့ နည်းပြ ဒေးဗစ်မိုရစ်က ယူနိုက်တက်နည်းပြဖြစ်လာချိန်မှာလည်း ဆက်လက်ပြီး အကောင်းဆုံးကစားပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုပိုမိုရရှိခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွက် အဆိုးရွားဆုံးနည်းပြ ဗန်ဂေါလက်ထက်မှာ သူရဲ့အကောင်းဆုံးကစားနိုင်တဲ့နေရာကိုလည်းဖယ်ပေးခဲ့ရချိန်မှာလည်း သူဟာအသင်းပြောင်းရွှေ့မသွားခဲ့ဘဲ အသင်းအပေါ်မှာ သစ္စာရှိခဲ့သူလည်းဖြစ်ပါတယ်။ အသင်းရလဒ်တွေတည်ငြိမ်စပြုလာချိန် မော်ရင်ဟိုလက်ထက်မှာတော့ ဝိန်းဟာ သူ့ရဲ့ငယ်ဘဝအသင်းဖြစ်တဲ့ အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကစားသမားဘဝကို ယူနိုက်တက်မှာကုန်ဆုံးသွားဖို့အထိဆုံးဖြတ်ထားခဲ့ဘူးတဲ့ ဝိန်းရဲ့ အပြောင်းအရွှေ့ဟာလည်း မော်ရင်ဟိုနဲ့ အများကြီးသက်ဆိုင်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဝိန်းဟာ အဲဗာတန်ကနေ အမေရိကားကလပ် ဒီစီယူနိုက်တက်မှာ သွားရောက်ကစားခဲ့သလို နှစ်ရာသီအကြာမှာ အင်္ဂလန်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ကစားသမားနည်းပြဘဝ ဒါဘီမှာ ကစားခဲ့ပါတယ်။ ဝိန်းရွန်နီဟာ ယူနိုက်တက် နဲ့ အင်္ဂလန်အတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သလို နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၂၀ ပွဲအထိ ပါဝင်ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရွန်းနီက ဒါဘီအသင်းနည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။

ဂယ်ရီလိုင်နီကာကလည်း ရွန်းနီဟာ ကွင်းထဲမှာ တကယ့်သားရဲတစ်ကောင်လို့ ချီးကျူးခဲ့သလို သူ့အတွက်လည်း တွစ်တာမှာ အမှတ်တရရေးသားထားပါတယ်။ သူက “ဘောလုံးလောကရဲ့အမြဲတမ်း အကောင်းဆုံးတွေထဲကတစ်ယောက် အနားယူသွားပါပြီ။ ဒီလိုဆုံးဖြတ်ချက်ချဖို့ ဘယ်ကစားသမားအတွက်မဆို လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဝိန်းရွန်နီကတော့ ဒီကိစ္စကိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြုလုပ်နိုင်ခဲ့ပါပြီ။ ဒါဘီမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ကံကောင်းပါစေ ဝိန်း။”လို့ရေးသားခဲ့ပါတယ်။

အသက် ၃၅ နှစ်သားဟာ ဒါဘီအသင်းမှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ကာ လိဂ်ပွဲ ၉ ပွဲမှာ ၂ ပွဲသာအရေးနိမ့်ပြီး ခံစစ်ကလည်း ၄ ဂိုးသာပေးထားခဲ့ရပါတယ်။ “ကွန်တော့်အတွက် တကယ်ကောင်းတဲ့အခိုက်အတန့်ပါ။ ဒီအခွင့်အရေးကို စောင့်နေတာပါ။ ကစားသမားဘ၀ အတက်အကျတွေရှိခဲ့ပါတယ်။

အခုတော့ ကျွန်တော် နည်းပြအဖြစ်မှတ်တိုင်တစ်ခုစိုက်ထူချင်ပါတယ်။ ကျွန်တော့်ဘဝက ဘောလုံးကစားတာပါ။ လူငယ်တွေကို ဦးဆောင်လမ်းပြလုပ်ချင်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျရတ်ကလည်း ရွန်းနီနဲ့အတူ တွဲကစားခွင့်ရခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိတယ်လို့ ဆိုခဲ့ပြီး ဒါဘီမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။


ရွန်းနီဟာ ဒါဘီအသင်းနဲ့အတူ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းကိုတန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ၊ အက်ဖ်အေဖလယ ၊ ချန်ပီယံလိဂ် နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ကာ ၂၀၀၉ – ၁၀ ရာသီတုန်းက ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘ၀ ၂၀၀၄ ကနေ ၂၀၁၇ အတွင်း ရွန်းနီဟာ အသင်းအတွက် ၂၅၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အတွက်တော့ ၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားဘ၀ကေန အနားယူခဲ့တဲ့ ရြန္းနီအတြက္ ဂုဏ္ျပဳစကားေတြဆိုခဲ့ၾကတဲ့ ဂ်ရတ္ နဲ႔ လုိင္နီကာ

ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီကေတာ့ ေသာၾကာေန႔က ကစားသမားဘ၀ကေန အနားယူေၾကာင္း ေၾကညာလိုက္ပါတယ္။ အသက္ ၁၆ ႏွစ္အ႐ြယ္နဲ႔ အဲဗာတန္အသင္းမွာ ကစားသမားဘဝစတင္ခဲ့တဲ့ ႐ြန္းနီဟာ ၂၀၀၂ ခုႏွစ္က အာဆင္နယ္ရဲ႕ရႈံးပြဲမရွိစံခ်ိန္ကို ရပ္တန႔္ခဲ့သူတစ္ေယာက္လည္းျဖစ္ခဲ့သလို ယူႏိုက္တက္အသင္းမွာ သူကစားခဲ့တဲ့ပြဲေတြတိုင္းမွာ မခိုမကပ္ပဲႀကိဳးစားကစားခဲ့သလို ဖာဂူဆန္လက္ထက္မွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဖာဂူဆန္အနားယူသြားခဲ့ခ်ိန္မွာ သူနဲ႔အဲဗာတန္မွာ လုံးဝအစီးမကပ္ခဲ့တဲ့ နည္းျပ ေဒးဗစ္မိုရစ္က ယူႏိုက္တက္နည္းျပျဖစ္လာခ်ိန္မွာလည္း ဆက္လက္ၿပီး အေကာင္းဆုံးကစားျပခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈကိုပိုမိုရရွိခဲ့သူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အတြက္ အဆိုး႐ြားဆုံးနည္းျပ ဗန္ေဂါလက္ထက္မွာ သူရဲ႕အေကာင္းဆုံးကစားႏိုင္တဲ့ေနရာကိုလည္းဖယ္ေပးခဲ့ရခ်ိန္မွာလည္း သူဟာအသင္းေျပာင္းေ႐ႊ႕မသြားခဲ့ဘဲ အသင္းအေပၚမွာ သစၥာရွိခဲ့သူလည္းျဖစ္ပါတယ္။ အသင္းရလဒ္ေတြတည္ၿငိမ္စျပဳလာခ်ိန္ ေမာ္ရင္ဟိုလက္ထက္မွာေတာ့ ဝိန္းဟာ သူ႔ရဲ႕ငယ္ဘဝအသင္းျဖစ္တဲ့ အဲဗာတန္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ကစားသမားဘဝကို ယူႏိုက္တက္မွာကုန္ဆုံးသြားဖို႔အထိဆုံးျဖတ္ထားခဲ့ဘူးတဲ့ ဝိန္းရဲ႕ အေျပာင္းအေ႐ႊ႕ဟာလည္း ေမာ္ရင္ဟိုနဲ႔ အမ်ားႀကီးသက္ဆိုင္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဝိန္းဟာ အဲဗာတန္ကေန အေမရိကားကလပ္ ဒီစီယူႏိုက္တက္မွာ သြားေရာက္ကစားခဲ့သလို ႏွစ္ရာသီအၾကာမွာ အဂၤလန္ကိုျပန္လည္ေရာက္ရွိလာခဲ့ၿပီး ကစားသမားနည္းျပဘဝ ဒါဘီမွာ ကစားခဲ့ပါတယ္။ ဝိန္းရြန္နီဟာ ယူႏိုက္တက္ နဲ႔ အဂၤလန္အတြက္ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္သလို ႏိုင္ငံအသင္းအတြက္ ပြဲေပါင္း ၁၂၀ ပြဲအထိ ပါဝင္ကစားေပးခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ရြန္းနီက ဒါဘီအသင္းနည္းျပရာထူးကို ရယူခဲ့တာျဖစ္ပါတယ္။ ဂယ္ရီလိုင္နီကာကလည္း ႐ြန္းနီဟာ ကြင္းထဲမွာ တကယ့္သားရဲတစ္ေကာင္လို႔ ခ်ီးက်ဴးခဲ့သလို သူ႕အတြက္လည္း တြစ္တာမွာ အမွတ္တရေရးသားထားပါတယ္။ သူက “ေဘာလုံးေလာကရဲ႕အၿမဲတမ္း အေကာင္းဆုံးေတြထဲကတစ္ေယာက္ အနားယူသြားပါၿပီ။ ဒီလိုဆုံးျဖတ္ခ်က္ခ်ဖို႔ ဘယ္ကစားသမားအတြက္မဆို လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ဝိန္း႐ြန္နီကေတာ့ ဒီကိစၥကိုေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ျပဳလုပ္ႏိုင္ခဲ့ပါၿပီ။ ဒါဘီမွာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။ ကံေကာင္းပါေစ ဝိန္း။”လို႔ေရးသားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္သားဟာ ဒါဘီအသင္းမွာ ယာယီနည္းျပအျဖစ္ တာ၀န္ယူခဲ့ကာ လိဂ္ပြဲ ၉ ပြဲမွာ ၂ ပြဲသာအေရးနိမ့္ျပီး ခံစစ္ကလည္း ၄ ဂိုးသာေပးထားခဲ့ရပါတယ္။ “ကြန္ေတာ့္အတြက္ တကယ္ေကာင္းတဲ့အခိုက္အတန္႔ပါ။ ဒီအခြင့္အေရးကို ေစာင့္ေနတာပါ။ ကစားသမားဘ၀ အတက္အက်ေတြရွိခဲ့ပါတယ္။ အခုေတာ့ ကြ်န္ေတာ္ နည္းျပအျဖစ္မွတ္တိုင္တစ္ခုစိုက္ထူခ်င္ပါတယ္။ ကြ်န္ေတာ့္ဘ၀က ေဘာလံုးကစားတာပါ။ လူငယ္ေတြကို ဦးေဆာင္လမ္းျပလုပ္ခ်င္ပါတယ္”လို႔ ရြန္းနီက ေျပာၾကားခဲ့ပါတယ္။ အဂၤလန္ကြင္းလယ္လူေဟာင္း ဂ်ရတ္ကလည္း ရြန္းနီနဲ႔အတူ တြဲကစားခြင့္ရခဲ့တဲ့အတြက္ အရမ္းဂုဏ္ယူမိတယ္လို႔ ဆိုခဲ့ျပီး ဒါဘီမွာ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးခဲ့ပါတယ္။

ရြန္းနီဟာ ဒါဘီအသင္းနဲ႔အတူ ၂ ႏွစ္ခြဲစာခ်ုပ္ခ်ုပ္ဆိုခဲ့ျပီး အသင္းကိုတန္းဆင္းဇုန္ကေန လြတ္ေျမာက္ေအာင္ ကူညီေပးထားႏိုင္ခဲ့ပါတယ္။ရြန္းနီဟာ ယူႏုိက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၅ ၾကိမ္ ၊ အက္ဖ္ေအဖလယ ၊ ခ်န္ပီယံလိဂ္ နဲ႔ လိဂ္ဖလားတို႔ကို ရယူႏိုင္ခဲ့ကာ ၂၀၀၉ – ၁၀ ရာသီတုန္းက ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးဆုုကို ရယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀ ၂၀၀၄ ကေန ၂၀၁၇ အတြင္း ရြန္းနီဟာ အသင္းအတြက္ ၂၅၃ ဂိုးအထိသြင္းယူႏုိင္ခဲ့ျပီး အဂၤလန္အတြက္ေတာ့ ၅၃ ဂိုးအထိ သြင္းယူႏုိင္ခဲ့ပါတယ္။