ကစားသမားဘဝတစ်လျောက် ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲဆုံး ပြိုင်ဘက်ကို ရော်နယ်ဒို ထုတ်ဖော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ


ခရစ္စတီယာနို ရော်နယ်ဒိုက အာဆင်နယ်နဲ့ ချဲလ်ဆီး နောက်ခံအစွန်လူဟောင်း အက်ရှ်လေ ကိုးလ်ကို သူရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲ အခက်ခဲဆုံးအဖြစ် ထုတ်ဖော်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ယူနိုက်တက်ကစားသမားဘဝ ပရီမီးယားလိဂ်မှာ (၇)နှစ်ကြာ ကစားခဲ့ချိန်က မာကျောပြီး ကစားပုံကြမ်းတမ်းတဲ့ ခံစစ်သမားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ စပိုးတင်း လစ္စဘွန်းကနေ ပြောင်းရွှေ့လာချိန်တုန်းက ကွင်းထဲမှာ ဘောလုံး ခြေထဲ ရောက်ချိန်ဆိုရင် လိမ်ခေါက်ပြီး ပြိုင်ဘက်နောက်တန်းတွေကိုကျော်ဖြတ်ကာ ဂိုးသွင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်။

သူ့ရဲ့ အဲ့သည့်အချိန်က ဘောလုံးကို ခြေထဲမှာ ကိုင်တွယ်ပုံဟာ ပြိုင်ဘက်နောက်တန်းတွေအတွက်တော့ အတော်ကို မျက်စိ စပါးမွှေးစူးစရာဖြစ်ခဲ့ပြီး မကြာခဏ လူချကစားခံခဲ့ရပါတယ်။


သူဟာ ယူနိုက်တက်ကစားသမားဖြစ်တာကြောင့် ဗီဒစ်၊ ဖာဒီနန်တို့လို နာမည်ကျော် ခံစစ်မှူးတွေ နဲ့ ပြိုင်ပွဲမှာ ရင်မဆိုင်ခဲ့ရတာကြောင့် သူတို့အတွဲဟာ ပွဲမှာ ဘယ်လို ရင်ဆိုင်ရခက်တယ်ဆိုတာ ကိုမသိခဲ့ရပါဘူး။ အဲ့သည့်အချိန်က ပရီမီးယားလိဂ်မှာ ယူနိုက်တက်က အကောင်းဆုံး ဗီဒစ်၊ ဖာဒီနန်တို့ရှိနေချိန်မှာ ချဲလ်ဆီးမှာလည်း တယ်ရီနဲ့ အက်ရှ်လေ ကိုးလ် က အကောင်းဆုံး ဦးဆောင်နေချိန်ဖြစ်ပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုက ၂၀၁၈ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက ပရီးမီးယားလိဂ် ဖလား (၃)ကြိမ်ရတဲ့ အက်ရှ်လေ ကိုးလ်ဟာ သူ ရင်ဆိုင်ခဲ့ဖူးတဲ့ ပရီမီးယားလိဂ်ရဲ့ အခက်ခဲဆုံး ကစားသမားအဖြစ် ရွေးချယ်ထားခဲ့တာလည်းဖြစ်ပါတယ်။

အချက်အလက်တွေအရ ကိုးလ်ဟာ စီရော်နယ်ဒိုကို ဒုက္ခပေးနိုင်ခဲ့တဲ့ နောက်ခံလူတွေထဲ ၁ဦးအပါအဝင် ဖြစ်ပါတယ်။

ကိုးလ်ကို အခက်ခဲဆုံး ပြိုင်ဘက်အဖြစ် ရော်နယ်ဒို သတ်မှတ်ခဲ့တာ ဒီတစ်ကြိမ်တည်း မဟုတ်ဘဲ ၂၀၁၆တုန်ကလည်း “နှစ်တွေအများကြီးမှာ ကျွန်တော် အက်ရှ်လေကိုးလ်နဲ့ ပြိုင်ဆိုင်မှု အများကြီး ပြုလုပ်ခဲ့ရပြီး သူ ကျွန်တော့်ကို အသက်ရှူခွင့်တောင် မပေးတော့ပါဘူး။ သူက အကောင်းဆုံးအချိန်မှာ လျင်မြန်၊ သန်မာပြီး ခက်ထန်တဲ့ လူတစ်မျိုးပါ။ သူပါတဲ့ ပွဲက ဘယ်တော့မှ မလွယ်ကူဘူးဆိုတာ သိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးအနေနဲ့ အာဆင်နယ် နောက်ခံလူဟောင်းကို အကြိမ်များစွာ ရင်ဆိုင်ခဲ့စဉ်က အကြောင်းတွေကို ပြန်စဉ်းစားကာ ယခုလို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ကတော့ သူ့ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုထက် မက်ဆီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားဘ၀တစ္ေလ်ာက္ ရင္ဆုိင္ခဲ့ရတဲ့ အခက္ခဲဆံုး ျပိဳင္ဘက္ကို ေရာ္နယ္ဒို ထုတ္ေဖာ္

ခရစၥတီယာႏို ေရာ္နယ္ဒိုက အာဆင္နယ္နဲ႔ ခ်ဲလ္ဆီး ေနာက္ခံအစြန္လူေဟာင္း အက္ရွ္ေလ ကိုးလ္ကို သူရင္ဆုိင္ခဲ့ရတဲ့ ျပိဳင္ဘက္ေတြထဲ အခက္ခဲဆံုးအျဖစ္ ထုတ္ေဖာ္ခဲ့ဖူးပါတယ္။ စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကစားသမားဘဝ ပရီမီးယားလိဂ္မွာ (၇)ႏွစ္ၾကာ ကစားခဲ့ခ်ိန္က မာေက်ာၿပီး ကစားပံုၾကမ္းတမ္းတဲ့ ခံစစ္သမားေတြနဲ႕ ရင္ဆိုင္ခဲ့ရပါတယ္။ သူဟာ စပိုးတင္း လစၥဘြန္းကေန ေျပာင္းေရႊ႕လာခ်ိန္တုန္းက ကြင္းထဲမွာ ေဘာလံုး ေျခထဲ ေရာက္ခ်ိန္ဆိုရင္ လိမ္ေခါက္ၿပီး ျပိဳင္ဘက္ေနာက္တန္းေတြကိုေက်ာ္ျဖတ္ကာ ဂိုးသြင္းႏိုင္ဖို႕ၾကိဳးစားခဲ့ပါတယ္။ သူ႕ရဲ႕ အဲ့သည့္အခ်ိန္က ေဘာလံုးကို ေျခထဲမွာ ကိုင္တြယ္ပံုဟာ ျပိဳင္ဘက္ေနာက္တန္းေတြအတြက္ေတာ့ အေတာ္ကို မ်က္စိ စပါးေမႊးစူးစရာျဖစ္ခဲ့ၿပီး မၾကာခဏ လူခ်ကစားခံခဲ့ရပါတယ္။

သူဟာ ယူႏိုက္တက္ကစားသမားျဖစ္တာေၾကာင့္ ဗီဒစ္၊ ဖာဒီနန္တို႔လို နာမည္ေက်ာ္ ခံစစ္မွဴးေတြ နဲ႕ ျပိဳင္ပြဲမွာ ရင္မဆိုင္ခဲ့ရတာေၾကာင့္ သူတို႕အတြဲဟာ ပြဲမွာ ဘယ္လို ရင္ဆိုင္ရခက္တယ္ဆိုတာ ကိုမသိခဲ့ရပါဘူး။ အဲ့သည့္အခ်ိန္က ပရီမီးယားလိဂ္မွာ ယူႏိုက္တက္က အေကာင္းဆံုး ဗီဒစ္၊ ဖာဒီနန္တို႕ရွိေနခ်ိန္မွာ ခ်ဲလ္ဆီးမွာလည္း တယ္ရီနဲ႕ အက္ရွ္ေလ ကိုးလ္ က အေကာင္းဆံုး ဦးေဆာင္ေနခ်ိန္ျဖစ္ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုက ၂၀၁၈ ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ ေရာ္နယ္ဒိုက ပရီးမီးယားလိဂ္ ဖလား (၃)ၾကိမ္ရတဲ့ အက္ရွ္ေလ ကိုးလ္ဟာ သူ ရင္ဆုိင္ခဲ့ဖူးတဲ့ ပရီမီးယားလိဂ္ရဲ႕ အခက္ခဲဆံုး ကစားသမားအျဖစ္ ေရြးခ်ယ္ထားခ့ဲတာလည္းျဖစ္ပါတယ္။

အခ်က္အလက္ေတြအရ ကိုးလ္ဟာ စီေရာ္နယ္ဒိုကို ဒုကၡေပးႏုိင္ခဲ့တဲ့ ေနာက္ခံလူေတြထဲ ၁ဦးအပါအ၀င္ ျဖစ္ပါတယ္။ ကိုးလ္ကို အခက္ခဲဆံုး ျပိဳင္ဘက္အျဖစ္ ေရာ္နယ္ဒို သတ္မွတ္ခဲ့တာ ဒီတစ္ၾကိမ္တည္း မဟုတ္ဘဲ ၂၀၁၆တုန္ကလည္း “ႏွစ္ေတြအမ်ားၾကီးမွာ ကြ်န္ေတာ္ အက္ရွ္ေလကိုးလ္နဲ႔ ျပိဳင္ဆုိင္မႈ အမ်ားၾကီး ျပဳလုပ္ခဲ့ရျပီး သူ ကြ်န္ေတာ့္ကို အသက္ရွဴခြင့္ေတာင္ မေပးေတာ့ပါဘူး။ သူက အေကာင္းဆံုးအခ်ိန္မွာ လ်င္ျမန္၊ သန္မာျပီး ခက္္ထန္တဲ့ လူတစ္မ်ိဳးပါ။ သူပါတဲ့ ပဲြက ဘယ္ေတာ့မွ မလြယ္ကူဘူးဆိုတာ သိပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးအေနနဲ႔ အာဆင္နယ္ ေနာက္ခံလူေဟာင္းကို အၾကိမ္မ်ားစြာ ရင္ဆုိင္ခဲ့စဥ္က အေၾကာင္းေတြကို ျပန္စဥ္းစားကာ ယခုလို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
အက္ရွ္ေလကိုးလ္ကေတာ့ သူ႕ကို ဒုကၡအေပးႏိုင္ဆံုး ကစားသမားအျဖစ္ ေရာ္နယ္ဒိုထက္ မက္ဆီကိုသာ ေရြးခ်ယ္သြားခ့ဲပါတယ္။