ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးဖရီးကစ်အဖြစ် လှောင်ပြောင်ခံနေရတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အစ္စရေးနဲ့ခြေစမ်းပွဲမှာ ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးဖရီးကစ် ကန်ပြသွားတယ်လို့ လှောင်ပြောင်ခံနေရပါတယ်။
ဂျူဗင်တပ်စ်ကြယ်ပွင့် စီရော်နယ်ဒိုဟာ ကစားသမားဘဝအစောပိုင်းမှာ ပြင်းထန်လှပတဲ့ ဖရီးကစ်သွင်းဂိုးတွေနဲ့အတူ ပရိသတ်ကို ဖျော်ဖြေနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲသွားပုံရပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ ကလပ်နဲ့လက်ရွေးစင်အသင်းတို့အတွက် ဖရီးကစ်ကန်တဲ့တာဝန်ယူထားဆဲဖြစ်ပြီး အစ္စရေးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆိုးရွားတဲ့ကန်သွင်းချက်က သူဂိုးသွင်းနိုင်ခဲ့တာကို ဖုံးအုပ်သွားပါတယ်။
ပထမပိုင်းအတွင်း အစ္စရေးဂိုးနဲ့ ခပ်လှမ်းလှမ်းမှာ ပေါ်တူဂီအသင်း ပြစ်ဒဏ်ဘောရတဲ့အခါ အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။


သူက ကန်သွင်းနေကြပုံစံအတိုင်း ပြေးပြေးလွှားလွှားနဲ့ ခြေခုံနဲ့ အုပ်ကန်လိုက်ရာမှာ ထိချက်ချော်သွားပြီး မိုးပေါ်ထောင်တက်သွားပါတယ်။

ဘောလုံးက အစ္စရေးဂိုးသမားရဲ့ဘယ်ဘက်အပေါ်ဘက်ကနေ မိုးပေါ်ထောင်သွားတာဖြစ်ပြီး ပေါ်တူဂီက စီရော်နယ်ဒိုရဲ့သွင်းဂိုးတစ်ဂိုးအပါအဝင် ၄-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ပရိသတ်တွေကတော့ စီရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ကြပါတယ်။


”ပရိသတ်တွေ ကွင်းထဲပြန်ကြည့်ခွင့်ရတဲ့အချိန်ကျရင် စီရော်နယ်ဒိုကို ဖရီးကစ်ကန်သွင်းခွင့်မပြုသင့်တော့ပါဘူး။ နို့မို့ဆိုရင် သူ့ရဲ့ဖရီးကစ်ကြောင့် တစ်ယောက်ယောက် ထိသွားနိုင်တယ်လေ”


”သူတို့(စီရော်နယ်ဒိုပရိသတ်)တွေက မက်ဆီရဲ့ဖရီးကစ်ကန်သွင်းချက် ဘားထိထွက်သွားတဲ့အခါ ကပ်ဘေးသင့်ကန်ချက်ဆိုပြီး ပြောကြတယ်။ အခု ဒီကန်ချက်ကိုရော သူတို့ ဘယ်လိုခေါ်ကြမလဲ”
”သူ့အနေနဲ့ ဖရီးကစ်ကန်တဲ့တာဝန်ကို လွှဲပြောင်းပေးသင့်နေပါပြီ”လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

ပေါ်တူဂီအသင်းရဲ့လူစာရင်းက အင်အားတောင့်တင်းနေပေမယ့် သူတို့ဟာ မရဏအုပ်စုလို့သတ်မှတ်ထားတဲ့ အုပ်စု F မှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဟန်ဂေရီတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

Zawgyi

ကစားသမားဘ၀တစ္ေလွ်ာက္ အဆိုးရြားဆုံးဖရီးကစ္အျဖစ္ ေလွာင္ေျပာင္ခံေနရတဲ့ စီေရာ္နယ္ဒို
ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုဟာ အစၥေရးနဲ႔ေျခစမ္းပြဲမွာ ကစားသမားဘ၀တစ္ေလွ်ာက္ အဆိုးရြားဆုံးဖရီးကစ္ ကန္ျပသြားတယ္လို႔ ေလွာင္ေျပာင္ခံေနရပါတယ္။
ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ စီေရာ္နယ္ဒိုဟာ ကစားသမားဘ၀အေစာပိုင္းမွာ ျပင္းထန္လွပတဲ့ ဖရီးကစ္သြင္းဂိုးေတြနဲ႔အတူ ပရိသတ္ကို ေဖ်ာ္ေျဖႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေျပာင္းလဲသြားပုံရပါတယ္။
ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ ကလပ္နဲ႔လက္ေရြးစင္အသင္းတို႔အတြက္ ဖရီးကစ္ကန္တဲ့တာ၀န္ယူထားဆဲျဖစ္ၿပီး အစၥေရးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဆိုးရြားတဲ့ကန္သြင္းခ်က္က သူဂိုးသြင္းႏိုင္ခဲ့တာကို ဖုံးအုပ္သြားပါတယ္။
ပထမပိုင္းအတြင္း အစၥေရးဂိုးနဲ႔ ခပ္လွမ္းလွမ္းမွာ ေပၚတူဂီအသင္း ျပစ္ဒဏ္ေဘာရတဲ့အခါ အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုက ကိုယ္တိုင္ကန္သြင္းခဲ့ပါတယ္။

သူက ကန္သြင္းေနၾကပုံစံအတိုင္း ေျပးေျပးလႊားလႊားနဲ႔ ေျခခုံနဲ႔ အုပ္ကန္လိုက္ရာမွာ ထိခ်က္ေခ်ာ္သြားၿပီး မိုးေပၚေထာင္တက္သြားပါတယ္။
ေဘာလုံးက အစၥေရးဂိုးသမားရဲ႕ဘယ္ဘက္အေပၚဘက္ကေန မိုးေပၚေထာင္သြားတာျဖစ္ၿပီး ေပၚတူဂီက စီေရာ္နယ္ဒိုရဲ႕သြင္းဂိုးတစ္ဂိုးအပါအ၀င္ ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ စီေရာ္နယ္ဒိုကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
”ပရိသတ္ေတြ ကြင္းထဲျပန္ၾကည့္ခြင့္ရတဲ့အခ်ိန္က်ရင္ စီေရာ္နယ္ဒိုကို ဖရီးကစ္ကန္သြင္းခြင့္မျပဳသင့္ေတာ့ပါဘူး။ ႏို႔မို႔ဆိုရင္ သူ႕ရဲ႕ဖရီးကစ္ေၾကာင့္ တစ္ေယာက္ေယာက္ ထိသြားႏိုင္တယ္ေလ”
”သူတို႔(စီေရာ္နယ္ဒိုပရိသတ္)ေတြက မက္ဆီရဲ႕ဖရီးကစ္ကန္သြင္းခ်က္ ဘားထိထြက္သြားတဲ့အခါ ကပ္ေဘးသင့္ကန္ခ်က္ဆိုၿပီး ေျပာၾကတယ္။ အခု ဒီကန္ခ်က္ကိုေရာ သူတို႔ ဘယ္လိုေခၚၾကမလဲ”
”သူ႔အေနနဲ႔ ဖရီးကစ္ကန္တဲ့တာ၀န္ကို လႊဲေျပာင္းေပးသင့္ေနပါၿပီ”လို႔ ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ေပၚတူဂီအသင္းရဲ႕လူစာရင္းက အင္အားေတာင့္တင္းေနေပမယ့္ သူတို႔ဟာ မရဏအုပ္စုလို႔သတ္မွတ္ထားတဲ့ အုပ္စု F မွာ ျပင္သစ္၊ ေပၚတူဂီ၊ ဟန္ေဂရီတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။