ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်ရခဲ့တဲ့အပေါ် ရက်ရှ်ဖို့ဒ် ကြည်နူးမဆုံးဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကျွန်တော့်အပြုံးတွေ မရပ်နိုင်သေးပါဘူး။ ဒါကိုရဖို့ နှစ်တွေအကြာကြီးစောင့်ခဲ့ရတာပါ။

ဗုဒ္ဓဟူးနေ့က ရက်ဘူးလ်လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ရခဲ့တဲ့ သူ့ရဲ့ပထမဆုံးဟက်ထရစ်အတွက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကြည်နူးမဆုံးဖြစ်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပွဲချိန် ၆၃မိနစ်မှ ဂရင်းဝုဒ်အစား လူစားဝင်ကစားခွင့်ရခဲ့တာပါ။ လူစားဝင်လာပြီး ၁၁ မိနစ်အကြာမှာတင် ရက်ရှ်ဖို့ဒ် ဂိုးစသွင်းနိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ဒုတိယဂိုးကိုပါ ၄မိနစ်ပဲခြားပြီးသွင်းနိုင်ခဲ့ပါတယ်။ ဟက်ထရစ်ရတဲ့ဂိုးကိုတော့ ဒဏ်ရာရအပိုထပ်ဆောင်းချိန် ၂ မိနစ်မှသွင်းခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်သမိုင်းမှာ လူစားဝင်လာပြီးနောက် ဟက်ထရစ်ရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ဒီလို လူစားဝင်ပြီးနောက် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမားကတော့ လက်ရှိနည်းပြ ဆိုးလ်ရှားပါ။ ဆိုးလ်ရှားဟာ ၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီလက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်နဲ့ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်က “ကျွန်တော့်အပြုံးတွေ မရပ်နိုင်သေးပါဘူး။ ဒါကိုရဖို့ နှစ်တွေကြီးစောင့်ခဲ့ရတာပါ။ ပရိသတ်တွေလည်း ကျွန်တော့်လို ကြည်နူးရတဲ့အတွေ့အကြုံကို ထပ်တူခံစားရစေချင်ရုံပါ”လို့ သူ့လူမှုကွန်ယက်မှာ ပို့စ်တင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့နောက်ဆုံး ၃ပွဲမှာ ၅ဂိုးအထိသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဒီရာသီမှာ အနည်းဆုံး ၂၅ဂိုးလောက်အထိ သွင်းနိုင်မယ်လို့ ကွင်းလယ်လူဟောင်းပေါလ်စခိုးက BT Sportမှာပြောပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက တော့ ဒီအချိန်မှာ ရက်ရှ်ဖို့ဒ်ကို ဘယ်နှစ်ဂိုးလောက်အထိသွင်းမယ်လို့ မခန့်မှန်းသင့်သေးကြောင်းဆိုပါတယ်။

“အခုအချိန်မှာ သူ နောက်ဆုံးဘယ်နှစ်ဂိုးလောက်အထိသွင်းမလဲကို စဉ်းစားရမယ့်အချိန်မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို တစ်ခုပြီးတစ်ခု အာရုံစိုက်လုပ်နေဖို့ပဲလိုပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

အဲဒီပွဲမှာ အရင်ဆုံး ဟက်ထရစ်ရနိုင်မယ့် ပင်နယ်တီကို ကိုယ်တိုင်မသွင်းဘဲ ကစားဖော် မာရှယ်ကို ကန်ခွင့်ပေးခဲ့တာနဲ့ပတ်သက်လို့ အိုဝင်ဟားဂရေ့ဗ်လို ယူနိုက်တက်ကစားသမားဟောင်းကလည်း ရက်ရှ်ဖို့ဒ်ကို ချီးကျူးသွားပါတယ်။

ရက်ရှ်ဖို့ဒ် အနေနဲ့လည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူစားဝင် လာပြီး ဟက်ထရစ် ရရှိခဲ့တဲ့ အမြန်ဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ လိုက်ပ်ဇစ် အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၆၃မိနစ်မှာ ဂရင်းဝုဒ်အစား လူစားလဲဝင်ရောက် ကစားခဲ့ရတာ ဖြစ်ပေမယ့် ပွဲကစားချိန် ၉၁မိနစ် စွန်းစွန်းမှာပဲ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာကြောင့် အရန်ခုံကနေ ထလာပြီး အမြန်ဆုံး ဟက်ထရစ် ရခဲ့တဲ့ ကစားသမားအဖြစ် အချိန် ၂၈မိနစ်နဲ့ စံချိန်တင်နိုင်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ် ရဲ့ နောက်မှာတော့ အရင်က ပထမနေရာမှာရှိတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေက ၃၈မိနစ်ဆိုတဲ့ မှတ်တမ်းနဲ့ ဒုတိယနေရာကိုဆင်းပေးခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကစားသမားဘ၀ ပထမဆံုး ဟက္ထရစ္ရခဲ့တဲ့အေပၚ ရက္ရွ္ဖို႔ဒ္ ၾကည္ႏူးမဆံုးျဖစ္ေန

ကၽြန္ေတာ့္အၿပံဳးေတြ မရပ္ႏိုင္ေသးပါဘူး။ ဒါကိုရဖို႔ ႏွစ္ေတြအၾကာႀကီးေစာင့္ခဲ့ရတာပါ။

ဗုဒၶဟူးေန႔က ရက္ဘူးလ္လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ရခဲ့တဲ့ သူ႔ရဲ႕ပထမဆံုးဟက္ထရစ္အတြက္ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ဟာ ၾကည္ႏူးမဆုံးျဖစ္ေနပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ပြဲခ်ိန္ ၆၃မိနစ္မွ ဂရင္း၀ုဒ္အစား လူစား၀င္ကစားခြင့္ရခဲ့တာပါ။ လူစား၀င္လာၿပီး ၁၁ မိနစ္အၾကာမွာတင္ ရက္ရွ္ဖို႔ဒ္ ဂိုးစသြင္းႏိုင္ခဲ့ပါတယ္။

ဆက္တိုက္ဆိုသလိုပဲ ဒုတိယဂိုးကိုပါ ၄မိနစ္ပဲျခားၿပီးသြင္းႏိုင္ခဲ့ပါတယ္။ ဟက္ထရစ္ရတဲ့ဂိုးကိုေတာ့ ဒဏ္ရာရအပိုထပ္ေဆာင္းခ်ိန္ ၂ မိနစ္မွသြင္းခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္သမိုင္းမွာ လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္ရတဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာပါတယ္။

ဒီလို လူစား၀င္ၿပီးေနာက္ ဟက္ထရစ္သြင္းႏိုင္တဲ့ ပထမဆံုး ကစားသမားကေတာ့ လက္ရွိနည္းျပ ဆိုးလ္ရွားပါ။ ဆိုးလ္ရွားဟာ ၁၉၉၉ခုနွစ္၊ ေဖေဖာ္၀ါရီလက ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ရခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္နဲ႔ပြဲအၿပီးမွာ ရက္ရွ္ဖို႔ဒ္က “ကၽြန္ေတာ့္အၿပံဳးေတြ မရပ္ႏိုင္ေသးပါဘူး။ ဒါကိုရဖို႔ ႏွစ္ေတြႀကီးေစာင့္ခဲ့ရတာပါ။ ပရိသတ္ေတြလည္း ကၽြန္ေတာ့္လို ၾကည္ႏူးရတဲ့အေတြ႕အႀကံဳကို ထပ္တူခံစားရေစခ်င္ရံုပါ”လို႔ သူ႔လူမႈကြန္ယက္မွာ ပို႔စ္တင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ေနာက္ဆံုး ၃ပြဲမွာ ၅ဂိုးအထိသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို ဒီရာသီမွာ အနည္းဆံုး ၂၅ဂိုးေလာက္အထိ သြင္းႏိုင္မယ္လို႔ ကြင္းလယ္လူေဟာင္းေပါလ္စခိုးက BT Sportမွာေျပာပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားက ေတာ့ ဒီအခ်ိန္မွာ ရက္ရွ္ဖို႔ဒ္ကို ဘယ္ႏွစ္ဂိုးေလာက္အထိသြင္းမယ္လို႔ မခန္႔မွန္းသင့္ေသးေၾကာင္းဆိုပါတယ္။

“အခုအခ်ိန္မွာ သူ ေနာက္ဆံုးဘယ္ႏွစ္ဂိုးေလာက္အထိသြင္းမလဲကို စဥ္းစားရမယ့္အခ်ိန္မဟုတ္ပါဘူး။ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကို တစ္ခုၿပီးတစ္ခု အာရံုစိုက္လုပ္ေနဖို႔ပဲလိုပါတယ္”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

အဲဒီပြဲမွာ အရင္ဆံုး ဟက္ထရစ္ရႏိုင္မယ့္ ပင္နယ္တီကို ကိုယ္တိုင္မသြင္းဘဲ ကစားေဖာ္ မာရွယ္ကို ကန္ခြင့္ေပးခဲ့တာနဲ႔ပတ္သက္လို႔ အို၀င္ဟားဂေရ႔ဗ္လို ယူႏိုက္တက္ကစားသမားေဟာင္းကလည္း ရက္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးသြားပါတယ္။

ရက္ရွ္ဖို႔ဒ္ အေနနဲ႕လည္း ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ လူစားဝင္ လာၿပီး ဟက္ထရစ္ ရရွိခဲ့တဲ့ အျမန္ဆုံး ကစားသမားဆိုတဲ့ စံခ်ိန္ကိုရရွိခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ ဟာ လိုက္ပ္ဇစ္ အသင္းနဲ႔ ပြဲစဥ္မွာ ပြဲကစားခ်ိန္ ၆၃မိနစ္မွာ ဂရင္းဝုဒ္အစား လူစားလဲဝင္ေရာက္ ကစားခဲ့ရတာ ျဖစ္ေပမယ့္ ပြဲကစားခ်ိန္ ၉၁မိနစ္ စြန္းစြန္းမွာပဲ ဟက္ထရစ္ သြင္းယူ ႏိုင္ခဲ့တာေၾကာင့္ အရန္ခုံကေန ထလာၿပီး အျမန္ဆုံး ဟက္ထရစ္ ရခဲ့တဲ့ ကစားသမားအျဖစ္ အခ်ိန္ ၂၈မိနစ္နဲ႔ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ ရဲ႕ ေနာက္မွာေတာ့ အရင္က ပထမေနရာမွာရွိတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ လူငယ္ တိုက္စစ္မႉး အမ္ဘာေပက ၃၈မိနစ္ဆိုတဲ့ မွတ္တမ္းနဲ႔ ဒုတိယေနရာကိုဆင္းေပးခဲ့ရပါတယ္။