ကစားသမားဘ၀ အခက်ခဲဆုံးပြိုင်ဘက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ လီဝန်ဒေါစကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက သူ့ရဲ့ကစားသမား အခက်ခဲဆုံးပြိုင်ဘက်ဟာ ရီးရဲလ်နောက်ခံလူ ရာမို့စ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၃၂ နှစ်သားပိုလန်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းကို ဖလား ၃ လုံးချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘော်လွန်းဒီအော်ဆုကို ရရှိဖို့ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟောင်းကတော့ ဘွန်ဒက်စ်လီဂါ ၊ ချန်ပီယံလိဂ် နဲ့ နိုင်ငံပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့ပေမယ့် ရင်ဆိုင်ခဲ့သမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ရာမို့စ်ကို ရွေးချယ်ခဲ့ပါတယ်။

“အခက်ခဲဆုံးပြိုင်ဘက်လားဗျ ၊ နောက်ခံလူကောင်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ရာမို့စ်ကတော့ အခက်ခဲဆုံးပြိုင်ဘက်ပါ။ သူနဲ့ရင်ဆိုင်ရတာကို ကျွန်တော်အရမ်းပျော်ပါတယ်”လို့ ပိုလန်သားက ပြောပါတယ်။

ပိုလန်သားဟာ နောက်ခံလူ ရာမို့စ် နဲ့ ရော်နယ်ဒိုတို့ဟာ ၂၀၁၇ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ တွေ့ဆုံတုန်းက ရီးရဲလ်ပြောင်းလဲဖို့ တိုက်တွန်းခဲ့သေးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“မှန်ပါတယ်။ ရာမို့စ် နဲ့ ရော်နယ်ဒိုတို့က ရီးရဲလ်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘယ်လိဂ်သွားသွား အဆင်ပြေပါတယ်။ ကျွန်တော်အတွက်က ရောက်နေတဲ့အသင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပါ။ ပြီးတော့ အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုပြသနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

အခုဆိုကျွန်တော်က ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းတစ်သင်းကို ရောက်နေခဲ့တာပါ။ ဒီမှာကစားရတာ ပျော်ပါတယ်”လို့ လီဝန်ဒေါစကီးက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားဘ၀ အခက္ခဲဆံုးျပိဳင္ဘက္ကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ လီ၀န္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးက သူ႕ရဲ႕ကစားသမား အခက္ခဲဆံုးျပိဳင္ဘက္ဟာ ရီးရဲလ္ေနာက္ခံလူ လီ၀န္ေဒါစကီးျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အသက္ ၃၂ ႏွစ္သားပိုလန္အသင္းေခါင္းေဆာင္ဟာ ျပီးခဲ့တဲ့ရာသီက ဘိုင္ယန္အသင္းကို ဖလား ၃ လံုးခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့ပါတယ္။ လီ၀န္ေဒါစကီးဟာ ကမၻာ့အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲကတစ္ဦးအျဖစ္ သတ္မွတ္ခံထားရျပီး ေဘာ္လြန္းဒီေအာ္ဆုကို ရရွိဖို႔ ေရပန္းစားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္တိုက္စစ္မွဴးေဟာင္းကေတာ့ ဘြန္ဒက္စ္လီဂါ ၊ ခ်န္ပီယံလိဂ္ နဲ႔ ႏိုင္ငံပြဲစဥ္ေတြမွာ ေျခစြမ္းေကာင္းေတြျပသထားႏုိင္ခဲ့ေပမယ့္ ရင္ဆိုင္ခဲ့သမွ်ထဲမွာ အခက္ခဲဆံုးျပိဳင္ဘက္အျဖစ္ ရာမို႔စ္ကို ေရြးခ်ယ္ခဲ့ပါတယ္။ “အခက္ခဲဆံုးျပိဳင္ဘက္လားဗ် ၊ ေနာက္ခံလူေကာင္းေတြအမ်ားၾကီးရွိပါတယ္။ ဒါေပမဲ့ ရာမုိ႔စ္ကေတာ့ အခက္ခဲဆံုးျပိဳင္ဘက္ပါ။ သူနဲ႔ရင္ဆိုင္ရတာကို ကြ်န္ေတာ္အရမ္းေပ်ာ္ပါတယ္”လို႔ ပိုလန္သားက ေျပာပါတယ္။

ပိုလန္သားဟာ ေနာက္ခံလူ ရာမို႔စ္ နဲ႔ ေရာ္နယ္ဒိုတို႔ဟာ ၂၀၁၇ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္မွာ ေတြ႕ဆံုတုန္းက ရီးရဲလ္ေျပာင္းလဲဖို႔ တိုက္တြန္းခဲ့ေသးတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “မွန္ပါတယ္။ ရာမို႔စ္ နဲ႔ ေရာ္နယ္ဒိုတို႔က ရီးရဲလ္လာဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ ဘယ္လိဂ္သြားသြား အဆင္ေျပပါတယ္။ ကြ်န္ေတာ္အတြက္က ေရာက္ေနတဲ့အသင္းမွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ဖို႔ပါ။ ျပီးေတာ့ အေကာင္းဆံုးစြမ္းေဆာင္ရည္တစ္ခုျပသႏိုင္ဖို႔လည္း ၾကိဳးစားေနပါတယ္။ အခုဆိုကြ်န္ေတာ္က ကမၻာေပၚမွာအေကာင္းဆံုးအသင္းတစ္သင္းကို ေရာက္ေနခဲ့တာပါ။ ဒီမွာကစားရတာ ေပ်ာ္ပါတယ္”လို႔ လီ၀န္ေဒါစကီးက ေျပာၾကားခဲ့ပါတယ္။