
မန်ချက်စတာယူနိုက်တက်အသင်းဝါရင့်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုကြောင့်
ကစားသမား(၃)ဦး အသင်းနဲ့လမ်းခွဲဖို့ရှိနေတယ်လို့
The Express ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
နွေရာသီကာလတုန်းက အသင်းဟောင်းယူနိုက်တက်ဆီပြန်လည်ရောက်ရှိခဲ့သူ
စီရော်နယ်လ်ဒိုဟာ ပြိုင်ပွဲစုံ(၁၈)ပွဲကစား၊ (၁၃)ဂိုးသွင်းထားပြီးခြေစွမ်းပြနေပေမယ့်
သူက တိုက်စစ်မှာပုံမှန်ပွဲထွက်ခွင့်ရနေတာကြောင့် တခြားကစားသမားတွေအတွက်
အခွင့်အရေးသိပ်မရှိတော့တဲ့အတွက် အသင်းကနေထွက်ခွာဖို့ရှိနေတာပါ။
ယူနိုက်တက်နဲ့လမ်းခွဲဖို့ရှိနေတဲ့ ပထမဆုံးကစားသမားက
တိုက်စစ်မှူးကာဗာနီဖြစ်ပြီး ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့တိုက်စစ်မှာ
အဓိက,ကစားသမားအဖြစ် ဦးဆောင်ခွင့်ရခဲ့ပေမယ့် အခု စီရော်နယ်လ်ဒိုကြောင့်
ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပါတယ်။
ဒါ့အပြင် စီရော်နယ်လ်ဒိုနဲ့တွဲဖက်ကစားနေတဲ့ ရပ်ရှ်ဖို့ဒ်ကလည်း
အတွဲအဖက်မိမိ မကစားနိုင်တာကြောင့် စိတ်ပျက်နေပြီး သူ့ကိုခေါ်ယူဖို့
ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့လမ်းခွဲဖို့ရှိနေတဲ့ တတိယမြောက်ကစားသမားက
မာစီယဲလ်ပဲဖြစ်ပြီး သူကလည်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့အတွက်
ဇန်နဝါရီကျရင် အသင်းကနေထွက်ခွာမယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။
zawgyi
ကစားသမား(၃)ဦး ယူနိုက်တက်နဲ့ လမ်းခွဲတာ စီရော်နယ်လ်ဒိုကြောင့်လား