ကန်တိုနာရဲ့မန်ယူသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ရဲ့တုံ့ပြန်မှု

အသင်းဂန္ထဝင်တစ်ဦးဖြစ်သူ ကန်တိုနာရဲ့မန်ယူအတွက်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဟာ စပါယ်ရှယ်အခိုက်အတန့်တစ်ခုဖြစ်ကြောင်း တိုက်စစ်မှုးရက်ရှ်ဖို့ဒ်က ဝန်ခံလိုက်ပါတယ်။

ဆောက်သမ်တန်ကို ၉ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ စံချိန်တင်နိုင်ပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် အနိုင်ဂိုးတစ်ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးခဲ့တာပါ။

အဲဒါကြောင့် မန်ယူအတွက် သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၈၃ ဂိုးရှိသွားခဲ့ပြီး ကန်တိုနာရဲ့စံချိန်ဖြစ်တဲ့ ၈၂ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

”ကန်တိုနာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့လို့ ကလေးဘဝကတည်းက အားပေးလာတဲ့ မန်ယူပရိသတ်တစ်ယောက်အနေနဲ့ရော ကျွန်တော့်အတွက်ပါ စပါယ်ရှယ်အခိုက်အတန့်ပါပဲ”လို့ ရက်ရှ်ဖို့ဒ်က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။

ပြင်သစ်သားကန်တိုနာဟာ ရက်ရှ်ဖို့ဒ်မမွေးခင် ၄ နှစ်အလိုဖြစ်တဲ့ ၁၉၉၃ ခုနှစ်မှာ လိဒ်ကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ကန်တိုနာရဲ့မန်ယူသွင်းဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နောက်ထပ်အသင်းဂန္ထဝင်တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့မန်ယူသွင်းဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ဖို့လည်း နီးစပ်နေပါတယ်။

အခုမေဂျာလိဂ်ကလပ်အင်တာမီယာမီရဲ့ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်နေတဲ့ ဘက်ခမ်းဟာ သူ့ရဲ့အောင်မြင်တဲ့မန်ယူကစားသမားဘဝမှာ စုစုပေါင်း ၈၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ရက်ရှ်ဖို့ဒ်ဟာ ၈၃ ဂိုးရှိနေပြီမို့ လာမယ့်ပွဲတွေမှာ နောက်ထပ် ၃ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ဘက်ခမ်းရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။

ရက်ရှ်ဖို့ဒ်ဟာ အခုမှ ၂၃ နှစ်သာရှိသေးတာကြောင့် မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူစာရင်းထဲက နောက်ထပ်အသင်းဂန္ထဝင်တွေကိုလည်း ကျော်ဖြတ်နိုင်မယ့်အလားအလာရှိပါတယ်။

Zawgyi

ကန္တိုနာရဲ႕မန္ယူသြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္ရဲ႕တုံ႔ျပန္မႈ

အသင္းဂႏၳ၀င္တစ္ဦးျဖစ္သူ ကန္တုိိနာရဲ႕မန္ယူအတြက္သြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာဟာ စပါယ္ရွယ္အခိုက္အတန္႔တစ္ခုျဖစ္ေၾကာင္း တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္က ၀န္ခံလိုက္ပါတယ္။

ေဆာက္သမ္တန္ကုိ ၉ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ စံခ်ိိန္တင္ႏုိင္ပြဲမွာ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအတြက္ အႏိုင္ဂုိးတစ္ဂိုးကို ပထမပိုင္းမွာ သြင္းယူေပးခဲ့တာပါ။

အဲဒါေၾကာင့္ မန္ယူအတြက္ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၈၃ ဂိုးရွိသြားခဲ့ၿပီး ကန္တိုနာရဲ႕စံခ်ိန္ျဖစ္တဲ့ ၈၂ ဂိုးကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

”ကန္တိုနာရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ကေလးဘ၀ကတည္းက အားေပးလာတဲ့ မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ေရာ ကၽြန္ေတာ့္အတြက္ပါ စပါယ္ရွယ္အခိုက္အတန္႔ပါပဲ”လုိ႔ ရက္ရွ္ဖုိ႔ဒ္က ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။

ျပင္သစ္သားကန္တိုနာဟာ ရက္ရွ္ဖို႔ဒ္မေမြးခင္ ၄ ႏွစ္အလိုျဖစ္တဲ့ ၁၉၉၃ ခုႏွစ္မွာ လိဒ္ကေန မန္ယူကို ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။

ကန္တုိနာရဲ႕မန္ယူသြင္းဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ရက္ရွ္ဖုိ႔ဒ္ဟာ ေနာက္ထပ္အသင္းဂႏၳ၀င္တစ္ေယာက္ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းရဲ႕မန္ယူသြင္းဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔လည္း နီးစပ္ေနပါတယ္။

အခုေမဂ်ာလိဂ္ကလပ္အင္တာမီယာမီရဲ႕ပူးတြဲပုိင္ရွင္တစ္ေယာက္ျဖစ္ေနတဲ့ ဘက္ခမ္းဟာ သူ႔ရဲ႕ေအာင္ျမင္တဲ့မန္ယူကစားသမားဘ၀မွာ စုစုေပါင္း ၈၅ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ရက္ရွ္ဖို႔ဒ္ဟာ ၈၃ ဂိုးရွိေနၿပီမို႔ လာမယ့္ပဲြေတြမွာ ေနာက္ထပ္ ၃ ဂိုးသြင္းယူႏိုင္မယ္ဆုိရင္ ဘက္ခမ္းရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္မွာပါ။

ရက္ရွ္ဖို႔ဒ္ဟာ အခုမွ ၂၃ ႏွစ္သာရွိေသးတာေၾကာင့္ မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူစာရင္းထဲက ေနာက္ထပ္အသင္းဂႏၳ၀င္ေတြကုိလည္း ေက်ာ္ျဖတ္ႏိုင္မယ့္အလားအလာရွိပါတယ္။