အန်ဂိုလိုကန်တီဟာမနေ့ညတုန်းကဂျူဗင်တပ်အားချဲလ်ဆီးက၄-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲတွင်ဒဏ်ရာရရှိကာလူစားလဲခဲ့ရမှုကြောင့်ယခုအပတ်အကုန်တွင်
မန်ချက်စတာယူနိုက်တက်နှင့်ကစားရမယ့်ပွဲကိုလွဲချော်ဖွယ်ရှိနေပါတယ်။
ဒါ့အပြင်ဘယ်တောင်ပံကစားသမားဘင်ချဲလ်ဝဲလ်မှာလည်းဒူးဒဏ်ရာကြောင့်
လူစားလဲခဲ့ရမှုနှင့်အတူမန်ယူနှင့်ပွဲကိုလွဲချော်လာဖို့ရှိနေပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဟာအင်္ဂါနေ့တုန်းကပွဲစဉ်တွင်
ပွဲချိန်၃၈မိနစ်တွင်ပင်လူစားလဲခဲ့ရပြီးဘင်ချဲလ်ဝဲလ်မှာလည်းဒူးဒဏ်ရာရရှိပြီးနောက်
ပွဲချိန်၆၈မိနစ်တွင်အက်ဇ်ပီလီကူတာနှင့်လူစားလဲခဲ့ရပါတယ်။
ကန်တီရောဘင်ချဲလ်ဝဲလ်တို့ပါဒဏ်ရာအခြေအနေဆိုးရွားတယ်လို့
ယူဆရပါတယ်။အထူးသဖြင့်ကန်တီရဲ့အခြေအနေမှ
ာဘင်ချဲလ်ဝဲလ်ထက်ဆိုးတယ်လို့ယူဆရပါတယ်။
ဒါပေမယ့်လက်ရှိအချိန်တွင်၎င်းတို့ရဲ့ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး
အတိအကျမသိရသေးပါဘူး။ကန်တီဟာပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာ
ဒဏ်ရာပြဿနာများ၊ကြံ့ခိုင်မှုပြဿနာများစွာတို့နှင့်ကြုံလာရသူဖြစ်ပြီး
သောမတ်စ်တူချယ်ဟာသူ့အခြေအနေကိုအထူးဂရုစိုက်ကာအသုံးပြုနေပါတယ်။
ဘင်ချဲလ်ဝဲလ်မှာလည်းမာကိုအလွန်ဆိုကိုကျော်ကာဦးစားပေး
ဘယ်တောင်ပံခံစစ်နေရာကိုရယူလာနိုင်သူဖြစ်ပြီးယခုရာသီတွင်
၃ဂိုးသွင်းထားပါတယ်။တကယ်လို့ဘင်ချဲလ်ဝဲလ်သာအနားယူရမယ်ဆိုရင်
တူချယ်ဟာမန်ယူနှင့်ပွဲတွင်မာကိုအလွန်ဆိုကိုအသုံးပြုလာပါမယ်။
zawgyi
ကန်တီနှင့်ချဲလ်ဝဲလ်တို့ ဒဏ်ရာအသီးသီးရရှိလို့ မန်ယူနဲ့ပွဲ လွဲဖွယ်ရှိ