ကန်တီရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်လို့ လမ်းပတ်အတည်ပြုပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ် လက်ရွေးစင်ကစားသမားဟာ လာမယ့် ပွဲစဉ် ( ၂ ) ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဖရန့် လမ်းပတ်က အန်ဂိုလို ကန်တီအနေနဲ့ ပေါင်ကြွက်သားဒဏ်ရာ ခံစားနေရပြီး ပြင်းထန်ခြင်းမရှိဖို့ မျှော်လင့်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ ကန်တီဟာ ယခုနောက်ဆုံး ( ၁၀ ) ရက်တာ ကာလအတွင်းမှာ ( ၄ ) ပွဲထိ ပွဲထွက်ကစားခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရာကို ပြီးခဲ့တဲ့ရာသီကတည်းက စတင်ရရှိခဲ့တာ ဖြစ်ပေမယ့် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ Morecambeအသင်းနဲ့ ကစားရမယ့် FA Cup တတိယအဆင့် ပွဲစဉ်မတိုင်မီ ရီးစ် ဂျိမ်း ၊ ခရစ်စတန်ဆန်တို့နဲ့အတူ ဒဏ်ရာရ လူစာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ လမ်းပတ်က အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မတိုင်မီ သတင်းစားရှင်းလင်းပွဲအတွင်း ” ရီးစ် ဂျိမ်းစ်က အသင်းနဲ့ လေ့ကျင့်နေပေမယ့် ယခု ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတယ်။ ခရစ်စတန်ဆန်ကလည်း အလားတူပါပဲ ။ ကန်တီက အသေးစား ပေါင်ကြွက်သား ဒဏ်ရာ ရှိနေတဲ့အတွက် ယခုပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတယ်။ ဒါ့အပြင် လာမယ့် ဖူလ်ဟမ်နဲ့ ပွဲစဉ်ကိုလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒီကစားသမား သုံးဦးကတော့ ယခု ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။

ခရစ်စတန်ဆန်ဟာ ဗီလာနဲ့ ပွဲစဉ်အတွင်း ဂျက် ဂရေးလစ်နဲ့ ထိခိုက်မိပြီးနောက် ဒူးခေါင်းကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာပြဿနာခံစားနေရပေမယ့် ပွဲပြီးဆုံးချိန်ထိ ကစားပေးသွားခဲ့ပါတယ်။ ချဲလ်ဆီအသင်းနည်းပြ လမ်းပတ်ဟာ လက်ရှိမှာ ရလာဒ်ဆိုးရွားမှုတွေ ကြုံတွေ့နေရပြီး နည်းပြ ရာထူးအတွက် စိုးရိမ်စရာ အနေအထား ရောက်ရှိလျက်ရှိပါတယ်။

ချဲလ်ဆီအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အင်အားအတောင့်တင်းဆုံး ကစားသမားအစုအဖွဲ့တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ယခု ပွဲစဉ်မှာတော့ လူငယ်ကစားသမား အချို့ကို အသုံးပြုလာနိုင်ပါတယ်။ Tino Anjorin , Jude Soonsup – Bell , Lewis Bate ,Tino Livramento နှင့် Henry Lawrance တို့က ကိုရိုနာဗိုင်းရပ် စစ်ဆေးရာမှာ ကူးစက်ခံထားရခြင်းမရှိပဲ အသင်းကြီးနဲ့အတူ လေ့ကျင့်ထားတဲ့အတွက် ယခုပွဲစဉ် matchday squad ထဲမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပင္သစ္ လက္ေ႐ြးစင္ကစားသမားဟာ လာမယ့္ ပြဲစဥ္ ( ၂ ) ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဖရန႔္ လမ္းပတ္က အန္ဂိုလို ကန္တီအေနနဲ႔ ေပါင္ႂကြက္သားဒဏ္ရာ ခံစားေနရၿပီး ျပင္းထန္ျခင္းမရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ ကန္တီဟာ ယခုေနာက္ဆုံး ( ၁၀ ) ရက္တာ ကာလအတြင္းမွာ ( ၄ ) ပြဲထိ ပြဲထြက္ကစားခဲ့ရပါတယ္။ အဆိုပါ ဒဏ္ရာကို ၿပီးခဲ့တဲ့ရာသီကတည္းက စတင္ရရွိခဲ့တာ ျဖစ္ေပမယ့္ ႀကံ့ခိုင္မႈအျပည့္နဲ႔ ကစားေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ Morecambeအသင္းနဲ႔ ကစားရမယ့္ FA Cup တတိယအဆင့္ ပြဲစဥ္မတိုင္မီ ရီးစ္ ဂ်ိမ္း ၊ ခရစ္စတန္ဆန္တို႔နဲ႔အတူ ဒဏ္ရာရ လူစာရင္းထဲ ပါဝင္သြားခဲ့ပါတယ္။ လမ္းပတ္က အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မတိုင္မီ သတင္းစားရွင္းလင္းပြဲအတြင္း ” ရီးစ္ ဂ်ိမ္းစ္က အသင္းနဲ႔ ေလ့က်င့္ေနေပမယ့္ ယခု ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနတယ္။ ခရစ္စတန္ဆန္ကလည္း အလားတူပါပဲ ။ ကန္တီက အေသးစား ေပါင္ႂကြက္သား ဒဏ္ရာ ရွိေနတဲ့အတြက္ ယခုပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနတယ္။ ဒါ့အျပင္ လာမယ့္ ဖူလ္ဟမ္နဲ႔ ပြဲစဥ္ကိုလည္း ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီကစားသမား သုံးဦးကေတာ့ ယခု ပြဲစဥ္မွာ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစ္စတန္ဆန္ဟာ ဗီလာနဲ႔ ပြဲစဥ္အတြင္း ဂ်က္ ဂေရးလစ္နဲ႔ ထိခိုက္မိၿပီးေနာက္ ဒူးေခါင္းကို ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒဏ္ရာျပႆနာခံစားေနရေပမယ့္ ပြဲၿပီးဆုံးခ်ိန္ထိ ကစားေပးသြားခဲ့ပါတယ္။ ခ်ဲလ္ဆီအသင္းနည္းျပ လမ္းပတ္ဟာ လက္ရွိမွာ ရလာဒ္ဆိုး႐ြားမႈေတြ ႀကဳံေတြ႕ေနရၿပီး နည္းျပ ရာထူးအတြက္ စိုးရိမ္စရာ အေနအထား ေရာက္ရွိလ်က္ရွိပါတယ္။

ခ်ဲလ္ဆီအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ အင္အားအေတာင့္တင္းဆုံး ကစားသမားအစုအဖြဲ႕ေတြထဲက တစ္ခုကို ပိုင္ဆိုင္ထားေပမယ့္ ယခု ပြဲစဥ္မွာေတာ့ လူငယ္ကစားသမား အခ်ိဳ႕ကို အသုံးျပဳလာႏိုင္ပါတယ္။ Tino Anjorin , Jude Soonsup – Bell , Lewis Bate ,Tino Livramento ႏွင့္ Henry Lawrance တို႔က ကို႐ိုနာဗိုင္းရပ္ စစ္ေဆးရာမွာ ကူးစက္ခံထားရျခင္းမရွိပဲ အသင္းႀကီးနဲ႔အတူ ေလ့က်င့္ထားတဲ့အတြက္ ယခုပြဲစဥ္ matchday squad ထဲမွာ ပါဝင္လာဖို႔ ရွိေနပါတယ္။ Source : Goal