ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်တဲ့ အမြင့်ခုန်မှုနဲ့ ပရိသတ်တွေကို အံ့အားသင့်စေပြန်တဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်စူပါစတားစီရော်နယ်ဒိုဟာ အသက် ၃၆ နှစ်ပြည့်ဖို့ တစ်လတောင် မလိုတော့ပေမယ့် ဘောလုံးအားကစားရဲ့အကြံ့ခိုင်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် ရှိနေဆဲပါပဲ။

အောင်မြင်မှုတွေနဲ့ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝမှာ ကမ္ဘာမြေရဲ့ဆွဲအားကို အံတုပြီး မယုံနိုင်ဖွယ်အမြင့်ခုန်မှုနဲ့ လေထဲက ဘောလုံးကို နိုင်နင်းမှုဟာ အဓိကအားသာချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေညက ဆက်ဆူအိုလိုနဲ့ကစားသွားခဲ့တဲ့စီးရီးအေပွဲမှာလည်း စီရော်နယ်ဒိုဟာ အဲဒီလိုအမြင့်ခုန်မှုမျိုးနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။

အဲဒီပွဲရဲ့အစပိုင်းမှာပဲ ဒိုင်ဘာလာဟာ ဘယ်ခြမ်းကနေ ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ရာ စီရော်နယ်ဒိုဟာ အရှိန်ယူဖို့ အချိန်မရခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားထက် သာလွန်အောင် အမြင့်ခုန်ပြီး ဘောလုံးဦးခဲ့ပါတယ်။

ဒါတောင် တစ်ဖက်ဂိုးသမားကွန်ဆီဂလီဟာ လက်ကိုအားကုန်ဆန့်တန်းပြီး ဘောလုံးကို ဦးနိုင်ဖို့ ခုန်ပြီး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်ကိုဆန့်တန်းထားတဲ့သူထက်တောင် စီရော်နယ်ဒိုက ပိုခုန်နိုင်ခဲ့ပြီး ဘောလုံးဦးခဲ့ကာ ဘေးပတ်ဝန်းကျင်က တခြားကစားသမားတွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။

သူဟာ ရက်ပိုင်းအတွင်းမှာပဲ ၃၆ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကတော့ နည်းနည်းလေးမှတောင် ကျဆင်းသွားတဲ့ပုံ မရှိပါဘူး။

အဲဒီလိုမျိုးရှိနေနိုင်ဖို့အတွက် စီရော်နယ်ဒိုဟာ ကစားသမားဘဝမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအတွက် အတော်လေးကို ဂရုတစိုက်ရှိခဲ့ကာ ကွင်းတွင်းကွင်းပြင် ပုံမှန်ထက်ထူးခြားတဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုရှိခဲ့တာပါ။

Zawgyi

ကမာၻေျမဆြဲအားကို ဆန္႔က်င္တဲ့ အျမင့္ခုန္မႈနဲ႔ ပရိသတ္ေတြကို အံ့အားသင့္ေစျပန္တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စူပါစတားစီေရာ္နယ္ဒုိဟာ အသက္ ၃၆ ႏွစ္ျပည့္ဖုိ႔ တစ္လေတာင္ မလုိေတာ့ေပမယ့္ ေဘာလုံးအားကစားရဲ႕အႀကံ႕ခိုင္ဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ရွိေနဆဲပါပဲ။

ေအာင္ျမင္မႈေတြနဲ႔ လွ်မ္းလွ်မ္းေတာက္ျဖစ္ခဲ့တဲ့ သူ႔ရဲ႕ကစားသမားဘ၀မွာ ကမာၻေျမရဲ႕ဆြဲအားကို အံတုၿပီး မယုံႏိုင္ဖြယ္အျမင့္ခုန္မႈနဲ႔ ေလထဲက ေဘာလုံးကို ႏိုင္နင္းမႈဟာ အဓိကအားသာခ်က္ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။

တနဂၤေႏြညက ဆက္ဆူအုိလုိနဲ႔ကစားသြားခဲ့တဲ့စီးရီးေအပြဲမွာလည္း စီေရာ္နယ္ဒိုဟာ အဲဒီလိုအျမင့္ခုန္မႈမ်ိဳးနဲ႔ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ျပန္ပါတယ္။

အဲဒီပြဲရဲ႕အစပိုင္းမွာပဲ ဒုိင္ဘာလာဟာ ဘယ္ျခမ္းကေန ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးပို႔မႈျပဳလုပ္ခဲ့ရာ စီေရာ္နယ္ဒိုဟာ အရွိန္ယူဖို႔ အခ်ိန္မရခဲ့ေပမယ့္ ၿပိဳင္ဘက္ဂိုးသမားထက္ သာလြန္ေအာင္ အျမင့္ခုန္ၿပီး ေဘာလုံးဦးခဲ့ပါတယ္။

ဒါေတာင္ တစ္ဖက္ဂိုးသမားကြန္ဆီဂလီဟာ လက္ကိုအားကုန္ဆန္႔တန္းၿပီး ေဘာလုံးကို ဦးႏိုင္ဖုိ႔ ခုန္ၿပီး ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း လက္ကိုဆန္႔တန္းထားတဲ့သူထက္ေတာင္ စီေရာ္နယ္ဒိုက ပိုခုန္ႏိုင္ခဲ့ၿပီး ေဘာလုံးဦးခဲ့ကာ ေဘးပတ္၀န္းက်င္က တျခားကစားသမားေတြကို ပါးစပ္အေဟာင္းသား ျဖစ္ေစခဲ့ပါတယ္။

သူဟာ ရက္ပိုင္းအတြင္းမွာပဲ ၃၆ ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္ ရုပ္ပိုင္းဆုိင္ရာႀကံ႕ခိုင္မႈကေတာ့ နည္းနည္းေလးမွေတာင္ က်ဆင္းသြားတဲ့ပုံ မရွိပါဘူး။

အဲဒီလုိမ်ိဳးရွိေနႏိုင္ဖို႔အတြက္ စီေရာ္နယ္ဒုိဟာ ကစားသမားဘ၀မွာ သူ႔ရဲ႕ရုပ္ပိုင္းဆုိင္ရာအတြက္ အေတာ္ေလးကို ဂရုတစိုက္ရွိခဲ့ကာ ကြင္းတြင္းကြင္းျပင္ ပုံမွန္ထက္ထူးျခားတဲ့ ပေရာ္ဖက္ရွင္နယ္ဆန္မႈရွိခဲ့တာပါ။