
မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အစော်ကားခံရဆုံး
အားကစားသမားတွေထဲမှာနံပါတ် ၂ ချိတ်ခဲ့တယ်လို့
စစ်တမ်းတစ်ရပ်မှာဖော်ပြသွားပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာအင်္ဂလန်ရဲ့အထင်ရှားဆုံး
အားကစားသမားတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး
သူ့ရဲ့ဆင်းရဲနွမ်းပါးတဲ့ကလေးတွေအစားအစာရရှိရေး လှုပ်ရှားမှုကြောင့်
ပြီးခဲ့တဲ့နှစ်ကဆိုရင် MBE ရရှိတဲ့အထိတောင်ဖြစ်ခဲ့တာပါ။
ဒါကြောင့်လည်း ကွင်းပြင်ပလူမှုရေးကိစ္စတွေမှာ ရက်ရှ်ဖို့ဒ်ရဲ့လှုပ်ရှားမှုတွေက
အသံထွက်လာတာကြောင့် သူ့ကိုဘောလုံးအပေါ်အပြည့်အဝ
အာရုံမစိုက်ဘူးဆိုပြီး စွပ်စွဲမှုတွေရှိခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့နွေရာသီကကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ
ပင်နယ်တီလွဲချော်ခဲ့သေးသူဖြစ်ပြီး အီတလီကိုရှုံးခဲ့ရာမှာသူလည်းတာဝန်မကင်းခဲ့ပါဘူး။
ဒါကြောင့်လည်း သူ့ကိုလူမျိုးရေးခွဲခြားမှုတွေရှိခဲ့ပြီး
မန်ယူကစားဖော် ဆန်ချို၊ အာဆင်နယ်က ဆာကာ တို့လည်းအလားတူခံစားခဲ့ကြရပါတယ်။
ဒီအခြေအနေကြောင့် Pickwise က ကမ္ဘာတစ်ဝှမ်းက
နာမည်ကျော်အားကစားသမားတွေဆီကိုစော်ကားတိုက်ခိုက်တဲ့
တွစ်တာမှတ်ချက်တွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ
ရက်ရှ်ဖို့ဒ်ဟာတစ်နှစ်အတွင်းမှာ ၃၂၃၂၈ ကြိမ်အထိစော်ကားခံခဲ့ရတာကိုတွေ့ရပါတယ်။
ဒီစစ်တမ်းမှာ အမေရိကန်အမျိုးသားဘက်စ်ကက် NBA ဘောနာမည်ကျော်
လီဘရွန်ဂျိမ်းစ်က ဆိုရှယ်မီဒီယာထက်မှာအစော်ကားခံရဆုံးသူဖြစ်ပြီး
တစ်နှစ်အတွင်းမှာ ၁၂၂၅၆၈ ကြိမ်ရှိခဲ့ပါတယ်။ ဂျိမ်းစ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့နောက်မှာ
တတိယနေရာမှာရှိနေသူကတော့ NFL ဂန္ထဝင် တွန်ဘရက်ဒီဖြစ်ပြီး ၂၈၁၅၁ ကြိမ်ရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့မန်ယူအသင်းကစားဖော်ဖြစ်တဲ့ စီရော်နယ်ဒိုကတော့အဆင့် ၈ နေရာမှာရှိနေပြီး
ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ၁၁၇၅၇ ကြိမ်စော်ကားခံခဲ့ရပါတယ်။
သူအခုလိုစော်ကားခံရမှုမှာ မန်ယူကိုရောက်တဲ့အချိန်တစ်ခုတည်းမဟုတ်ဘဲ
ဂျူဗင်တပ်မှာရှိနေတုန်းကအချိန်တွေကိုပါ ပူးပေါင်းတွက်ချက်ခြင်းဖြစ်ပါတယ်။
စော်ကားခံရမှုထိပ်ဆုံး ၁၀ ဦးထဲမှာ အိုဇေးလ်လည်းပါဝင်ပြီး ၁၁၉၂ ကြိမ်အထိ
စော်ကားခံခဲ့ရပါတယ်။ အခုစော်ကားခံရမှုထိပ်ဆုံး ၁၀ ဦးကတော့
လီဘရွန်ဂျိမ်းစ်၊ ရက်ရှ်ဖို့ဒ်၊ တွန်ဘရက်ဒီ၊ ကီဗင်ဒူရန့်(ဘတ်စ်ကက်ဘော)၊
ဘူဘာဝေါလေ့စ်(NASCAR)၊ ဒါမီယန်လိုင်လာ့ဒ်(ဘတ်စ်ကက်ဘော)၊
ထရီဗာဘော်အာ(ဘေ့စ်ဘော)၊ စီရော်နယ်ဒို၊
စတပ်ဖ်ကာရီ(ဘတ်စ်ကက်ဘော) နဲ့အိုဇေးလ် တို့ဖြစ်ကြပါတယ်။
zawgyi
ကမာၻမွာအေစာ္ကားခံရဆုံး အားကစားသမားထဲမွာ နံပါတ္ ၂ ခ်ိတ္တဲ့ ရက္ရွ္ဖို႔ဒ္
မန္ယူနဲ႔ အဂၤလန္တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ အေစာ္ကားခံရဆုံး
အားကစားသမားေတြထဲမွာနံပါတ္ ၂ ခ်ိတ္ခဲ့တယ္လို႔
စစ္တမ္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိတဲ့ ရက္ရွ္ဖို႔ဒ္ဟာအဂၤလန္ရဲ႕အထင္ရွားဆုံး
အားကစားသမားေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ၿပီး
သူ႔ရဲ႕ဆင္းရဲႏြမ္းပါးတဲ့ကေလးေတြအစားအစာရရွိေရး လႈပ္ရွားမႈေၾကာင့္
ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ MBE ရရွိတဲ့အထိေတာင္ျဖစ္ခဲ့တာပါ။
ဒါေၾကာင့္လည္း ကြင္းျပင္ပလူမႈေရးကိစၥေတြမွာ ရက္ရွ္ဖို႔ဒ္ရဲ႕လႈပ္ရွားမႈေတြက
အသံထြက္လာတာေၾကာင့္ သူ႔ကိုေဘာလုံးအေပၚအျပည့္အဝ
အာ႐ုံမစိုက္ဘူးဆိုၿပီး စြပ္စြဲမႈေတြရွိခဲ့ပါတယ္။
သူဟာၿပီးခဲ့တဲ့ေႏြရာသီကက်င္းပခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ဗိုလ္လုပြဲမွာ
ပင္နယ္တီလြဲေခ်ာ္ခဲ့ေသးသူျဖစ္ၿပီး အီတလီကိုရႈံးခဲ့ရာမွာသူလည္းတာဝန္မကင္းခဲ့ပါဘူး။
ဒါေၾကာင့္လည္း သူ႔ကိုလူမ်ိဳးေရးခြဲျခားမႈေတြရွိခဲ့ၿပီး
မန္ယူကစားေဖာ္ ဆန္ခ်ိဳ၊ အာဆင္နယ္က ဆာကာ တို႔လည္းအလားတူခံစားခဲ့ၾကရပါတယ္။
ဒီအေျခအေနေၾကာင့္ Pickwise က ကမာၻတစ္ဝွမ္းက
နာမည္ေက်ာ္အားကစားသမားေတြဆီကိုေစာ္ကားတိုက္ခိုက္တဲ့
တြစ္တာမွတ္ခ်က္ေတြကို စစ္တမ္းေကာက္ယူခဲ့ရာမွာ
ရက္ရွ္ဖို႔ဒ္ဟာတစ္ႏွစ္အတြင္းမွာ ၃၂၃၂၈ ႀကိမ္အထိေစာ္ကားခံခဲ့ရတာကိုေတြ႕ရပါတယ္။
ဒီစစ္တမ္းမွာ အေမရိကန္အမ်ိဳးသားဘက္စ္ကက္ NBA ေဘာနာမည္ေက်ာ္
လီဘ႐ြန္ဂ်ိမ္းစ္က ဆိုရွယ္မီဒီယာထက္မွာအေစာ္ကားခံရဆုံးသူျဖစ္ၿပီး
တစ္ႏွစ္အတြင္းမွာ ၁၂၂၅၆၈ ႀကိမ္ရွိခဲ့ပါတယ္။ ဂ်ိမ္းစ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ေနာက္မွာ
တတိယေနရာမွာရွိေနသူကေတာ့ NFL ဂႏၴဝင္ တြန္ဘရက္ဒီျဖစ္ၿပီး ၂၈၁၅၁ ႀကိမ္ရွိခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ရဲ႕မန္ယူအသင္းကစားေဖာ္ျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့အဆင့္ ၈ ေနရာမွာရွိေနၿပီး
ၿပီးခဲ့တဲ့ ၁၂ လအတြင္းမွာ ၁၁၇၅၇ ႀကိမ္ေစာ္ကားခံခဲ့ရပါတယ္။
သူအခုလိုေစာ္ကားခံရမႈမွာ မန္ယူကိုေရာက္တဲ့အခ်ိန္တစ္ခုတည္းမဟုတ္ဘဲ
ဂ်ဴဗင္တပ္မွာရွိေနတုန္းကအခ်ိန္ေတြကိုပါ ပူးေပါင္းတြက္ခ်က္ျခင္းျဖစ္ပါတယ္။
ေစာ္ကားခံရမႈထိပ္ဆုံး ၁၀ ဦးထဲမွာ အိုေဇးလ္လည္းပါဝင္ၿပီး ၁၁၉၂ ႀကိမ္အထိ
ေစာ္ကားခံခဲ့ရပါတယ္။ အခုေစာ္ကားခံရမႈထိပ္ဆုံး ၁၀ ဦးကေတာ့
လီဘ႐ြန္ဂ်ိမ္းစ္၊ ရက္ရွ္ဖို႔ဒ္၊ တြန္ဘရက္ဒီ၊ ကီဗင္ဒူရန႔္(ဘတ္စ္ကက္ေဘာ)၊
ဘူဘာေဝါေလ့စ္(NASCAR)၊ ဒါမီယန္လိုင္လာ့ဒ္(ဘတ္စ္ကက္ေဘာ)၊
ထရီဗာေဘာ္အာ(ေဘ့စ္ေဘာ)၊ စီေရာ္နယ္ဒို၊
စတပ္ဖ္ကာရီ(ဘတ္စ္ကက္ေဘာ) နဲ႔အိုေဇးလ္ တို႔ျဖစ္ၾကပါတယ္။