ကမ္ဘာ့ချန်ပီယံဖြစ်နိုင်မယ့် ၄ ကြိမ်မြောက်အခွင့်အရေးကို တိုင်းပြည်ကာကွယ်ဖို့အတွက် လက်လွတ်ဆုံးရှုံးခံခဲ့တဲ့ ယူကရိန်းလက်ဝှေ့ကျော်

ယူကရိန်းလက်ဝှေ့ကျော်တစ်ယောက်ဖြစ်တဲ့ လိုမာချန်ကိုဟာ

ကမ္ဘာ့ချန်ပီယံခါးပတ် ၃ ခုရနိုင်မယ့်အခွင့်အရေးကို ပယ်ချလိုက်ပြီး

အမိမြေကို ဆက်လက်ကာကွယ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဝိတ်တန်း ၃ ခု ကမ္ဘာ့ချန်ပီယံဟောင်းနဲ့ နှစ်ထပ်ကွမ်းအိုလံပစ်ရွှေ့တံဆိပ်ဆုရှင်ဟာ

ပြီးခဲ့တဲ့လကတည်းက ရုရှားရဲ့ကျူးကျော်မှုကို

ခုခံကာကွယ်ဖို့ ယူကရိန်းရှေ့တန်းကို ရောက်နေတာပါ။

ယူကရိန်းမှာ ရှေ့တန်းရောက်နေတဲ့ နာမည်ကြီးလက်ဝှေ့သမားက

သူတစ်ယောက်တည်းမဟုတ်ဘဲ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံယူဆက်နဲ့

ဂန္ထဝင်လက်ဝှေ့ညီအစ်ကိုတွေဖြစ်တဲ့ ဝလာဒီမီယာနဲ့ဗစ်တာလီကလစ်ချ်ကိုတို့ဟာ

အမိမြေအတွက် တိုက်ပွဲဝင်နေကြပါတယ်။

စစ်မြေပြင် ရှေ့တန်းရောက်နေတဲ့ လိုမာချန်ကိုကို

လက်ရှိလိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ် ၃ ခုပိုင်ရှင်

ကမ်ဘိုဆိုဂျူနီယာနဲ့ ထိုးသတ်ရဖို့ ရှိနေတာပါ။

ဒါကြောင့် လိုမာချန်ကိုရဲ့အဖွဲ့သားတွေဟာ သူ့ကို ယူကရိန်းကထွက်ပြီး

လာမယ့်နွေမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအတွက်

ပြင်ဆင်မှုတွေစတင်ဖို့ အစီအစဉ်တွေ ဆွဲခဲ့ကြပါတယ်။

ဒါပေမဲ့ လိုမာချန်ကိုကတော့ သူ့တိုင်းပြည်အတွက်

တကယ်လိုအပ်နေတဲ့အချိန်မှာ အဲဒီလုပ်ဖို့ ငြင်းဆန်ခဲ့တာပါ။

ုလိုမာချန်ကိုအနေနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်နိုင်မယ့် ၄ ကြိမ်မြောက်အခွင့်အရေးကို

သူ့တိုင်းပြည်ကာကွယ်ဖို့အတွက် လက်လွတ်ဆုံးရှုံးခံခဲ့တာလို့ ဆိုရင်လည်း မမှားပါဘူး။

လက်ရှိလိုက်ဝိတ်တန်းခါးပတ် ၃ ခု ကမ္ဘာ့ချန်ပီယံကမ်ဘိုဆိုကတော့

လိုမာချန်ကိုရဲ့ဒီဆုံးဖြတ်ချက်ကို လေးစားကြောင်း ဆိုရှယ်မီဒီယာထက်မှာ ဖွင့်ဟခဲ့ပါတယ်။

”ကျွန်တော်ကတော့ ခင်ဗျားရဲ့ုဆုံးဖြတ်ချက်ကို လေးစားသလို

အပြည့်အဝလည်း နားလည်ပါတယ်။

ခင်ဗျားနဲ့ ခင်းဗျားရဲ့တိုင်းပြည်အတွက် ကျွန်တော်ဆုတောင်းပေးပါတယ်။

ကျေးဇူးပြုပြီး ဘေးကင်းအောင်နေပါ။ တကယ့်ချန်ပီယံနှစ်ယောက်ရဲ့ပွဲဖြစ်အောင်

ကျွန်တော်တို့လုပ်နိုင်မှာပါ။ ဘရားသခင် ကောင်းချီးပေးပါစေ”လို့

ကမ်ဘိုဆိုက Twitter ပေါ်မျာ ရေးတင်ခဲ့တာပါ။

လိုမာချန်ကိုက ငြင်းဆန်လိုက်တဲ့အတွက် ကမ်ဘိုဆိုဟာ

အခုတော့ ဒီဗင်ဟာနေးဆိုတဲ့ လက်ဝှေ့သမားနဲ့ထိုးသတ်ဖို့ ရွေးချယ်လိုက်ရပါတယ်။

zawgyi

ကမာၻ႔ခ်န္ပီယံျဖစ္ႏိုင္မယ့္ ၄ ႀကိမ္ေျမာက္အခြင့္အေရးကို တိုင္းျပည္ကာကြယ္ဖို႔အတြက္ လက္လြတ္ဆုံးရႈံးခံခဲ့တဲ့ ယူကရိန္းလက္ေဝွ႔ေက်ာ္

ယူကရိန္းလက္ေဝွ႔ေက်ာ္တစ္ေယာက္ျဖစ္တဲ့ လိုမာခ်န္ကိုဟာ

ကမာၻ႔ခ်န္ပီယံခါးပတ္ ၃ ခုရႏိုင္မယ့္အခြင့္အေရးကို ပယ္ခ်လိုက္ၿပီး

အမိေျမကို ဆက္လက္ကာကြယ္ဖို႔သာ ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒီဝိတ္တန္း ၃ ခု ကမာၻ႔ခ်န္ပီယံေဟာင္းနဲ႔ ႏွစ္ထပ္ကြမ္းအိုလံပစ္ေ႐ႊ႕တံဆိပ္ဆုရွင္ဟာ

ၿပီးခဲ့တဲ့လကတည္းက ႐ုရွားရဲ႕က်ဴးေက်ာ္မႈကို

ခုခံကာကြယ္ဖို႔ ယူကရိန္းေရွ႕တန္းကို ေရာက္ေနတာပါ။

ယူကရိန္းမွာ ေရွ႕တန္းေရာက္ေနတဲ့ နာမည္ႀကီးလက္ေဝွ႔သမားက

သူတစ္ေယာက္တည္းမဟုတ္ဘဲ ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံယူဆက္နဲ႔

ဂႏၴဝင္လက္ေဝွ႔ညီအစ္ကိုေတြျဖစ္တဲ့ ဝလာဒီမီယာနဲ႔ဗစ္တာလီကလစ္ခ်္ကိုတို႔ဟာ

အမိေျမအတြက္ တိုက္ပြဲဝင္ေနၾကပါတယ္။

စစ္ေျမျပင္ ေရွ႕တန္းေရာက္ေနတဲ့ လိုမာခ်န္ကိုကို

လက္ရွိလိုက္ဝိတ္တန္းကမာၻ႔ခ်န္ပီယံခါးပတ္ ၃ ခုပိုင္ရွင္

ကမ္ဘိုဆိုဂ်ဴနီယာနဲ႔ ထိုးသတ္ရဖို႔ ရွိေနတာပါ။

ဒါေၾကာင့္ လိုမာခ်န္ကိုရဲ႕အဖြဲ႕သားေတြဟာ သူ႔ကို ယူကရိန္းကထြက္ၿပီး

လာမယ့္ေႏြမွာ က်င္းပမယ့္ ကမာၻ႔ခ်န္ပီယံစိန္ေခၚပြဲအတြက္

ျပင္ဆင္မႈေတြစတင္ဖို႔ အစီအစဥ္ေတြ ဆြဲခဲ့ၾကပါတယ္။

ဒါေပမဲ့ လိုမာခ်န္ကိုကေတာ့ သူ႔တိုင္းျပည္အတြက္

တကယ္လိုအပ္ေနတဲ့အခ်ိန္မွာ အဲဒီလုပ္ဖို႔ ျငင္းဆန္ခဲ့တာပါ။

ုလိုမာခ်န္ကိုအေနနဲ႔ ကမာၻ႔ခ်န္ပီယံျဖစ္ႏိုင္မယ့္ ၄ ႀကိမ္ေျမာက္အခြင့္အေရးကို

သူ႔တိုင္းျပည္ကာကြယ္ဖို႔အတြက္ လက္လြတ္ဆုံးရႈံးခံခဲ့တာလို႔ ဆိုရင္လည္း မမွားပါဘူး။

လက္ရွိလိုက္ဝိတ္တန္းခါးပတ္ ၃ ခု ကမာၻ႔ခ်န္ပီယံကမ္ဘိုဆိုကေတာ့

လိုမာခ်န္ကိုရဲ႕ဒီဆုံးျဖတ္ခ်က္ကို ေလးစားေၾကာင္း ဆိုရွယ္မီဒီယာထက္မွာ ဖြင့္ဟခဲ့ပါတယ္။

”ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားရဲ႕ုဆုံးျဖတ္ခ်က္ကို ေလးစားသလို

အျပည့္အဝလည္း နားလည္ပါတယ္။

ခင္ဗ်ားနဲ႔ ခင္းဗ်ားရဲ႕တိုင္းျပည္အတြက္ ကြၽန္ေတာ္ဆုေတာင္းေပးပါတယ္။

ေက်းဇူးျပဳၿပီး ေဘးကင္းေအာင္ေနပါ။ တကယ့္ခ်န္ပီယံႏွစ္ေယာက္ရဲ႕ပြဲျဖစ္ေအာင္

ကြၽန္ေတာ္တို႔လုပ္ႏိုင္မွာပါ။ ဘရားသခင္ ေကာင္းခ်ီးေပးပါေစ”လို႔

ကမ္ဘိုဆိုက Twitter ေပၚမ်ာ ေရးတင္ခဲ့တာပါ။

လိုမာခ်န္ကိုက ျငင္းဆန္လိုက္တဲ့အတြက္ ကမ္ဘိုဆိုဟာ

အခုေတာ့ ဒီဗင္ဟာေနးဆိုတဲ့ လက္ေဝွ႔သမားနဲ႔ထိုးသတ္ဖို႔ ေ႐ြးခ်ယ္လိုက္ရပါတယ္။