ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကလည်း ပူတင်ကို ဆော်ပြီ..
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့နောက်ဆက်တွဲအနေနဲ့
သမ္မတပူတင်ရော ရုရှားနိုင်ငံပါ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့
ကျဉ်ဖယ်ပိတ်ဆို့ခြင်းခံနေရပါတယ်။ အခုလည်း ကိုယ်ခံပညာအ
ားကစားတစ်ခုဖြစ်တဲ့ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပူတင်အတွက်
သူတို့ပေးထားတဲ့ ခါးပတ်နက်ကို ရုပ်သိမ်းလိုက်ပြီးကြောင်း ကြေညာခဲ့ပါတယ်။
ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဟာ နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ နိုင်ငံကတာ
မသန်စွမ်းအိုလံပစ်ကော်မတီတို့ရဲ့အဖွင့်ဝင်လည်း ဖြစ်ပါတယ်။ အခုတော့
အရှေ့ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ယူကရိန်းအပေါ် ပူတင်ရဲ့ကျူးကျော်မှုဟာ
တိုက်ကွမ်ဒိုအဖွဲ့ချုပ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ”အောင်ပွဲထက် ငြိမ်းချမ်းရေးက
ပိုအဖိုးတန်” ဆိုတာနဲ့ လားလားကြီးဆန့်ကျင်နေကြောင်း ကြေညာခဲ့တာပါ။
ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက
မစ္စတာပူတင်ကို ဂုဏ်ထူးဆောင်ခါးပတ်နက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကလည်း ငယ်ရွယ်စဉ်အချိန်က ကိုယ်ခံပညာမှာ ထူးချွန်ခဲ့တာကြောင့်
ဂုဏ်ထူးဆောင်အနေနဲ့ ချီးမြှင့်ခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က
နောင်လာမယ့်ပြိုင်ပွဲတွေမှာ ရုရှားနဲ့ဘီလ်လာရုစ်နိုင်ငံတော်အလံနဲ့သီချင်းတွေကို
အသုံးပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး ရုရှားနဲ့ ဘီလာရုစ်တို့က  တိုက်ကွမ်ဒိုပြိုင်ပွဲတွေကိုလည်း အသိအမှတ်ပြုမှာ
မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ပူတင်ဟာ ပြီးခဲ့ဲတဲ့တနင်္ဂနွေကလည်း နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်ရဲ့
ဂုဏ်ထူးဆောင်ဥက္ကဌနဲ့ သံတမန်အဖြစ်ကနေ ရုပ်သိမ်းခံခဲ့ရသေးတယ်။
အဲဒီရုရှားသမ္မတဟာ ၁၁ နှစ်အရွယ်ကတည်းက ဂျူဒိုကိုယ်ခံပညာကို
စတင်လိုက်စားခဲ့တာပါ။
Zawgyi
စတင်လိုက်စားခဲ့တာပါ။