ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ကလော့ပ်ထက် ဟန်ဆီဖလစ်ရသင့်တာလို့ မော်ရင်ဟိုပြောပြီ

ဖီဖာရဲ့The Best ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ဂျာဂင်ကလော့ပ်မရသင့်တဲ့ပုံစံပြောဆိုလိုက်ခြင်းအားဖြင့် စပါးနည်ပြမော်ရင်ဟိုဟာ အဲဒီလီဗာပူးနည်းပြကို နောက်ထပ်တစ်ကြိမ်ထိုးနှက်မှုပြုလုပ်လိုက်ပါတယ်။

အန်ဖီးလ်မှာ သူ့ရဲ့စပါးအသင်းရှုံးနိမ့်ခဲ့ပြီးနောက် အကောင်းဆုံးအသင်းက ရှုံးသွားတာပါလို့ ကလော့ပ်ကိုပြောခဲ့ပြီ း ရက်ပိုင်းအကြာမှာပဲ အခုလို ထပ်ပြောလိုက်တာပါ။

ဖီဖာရဲ့The Best ဆုပေးပွဲမှာ ကလော့ပ်ဆုရသွားတဲ့အပေါ် သူ့အမြင်ကိုမေးတော့ အဲဒီအစား ဘိုင်ယန်နည်းပြဟန်ဆီဖလစ်သာ ရသင့်တယ်လို့ မော်ရင်ဟို ပြန်ဖြေခဲ့တာပါ။

”ဖလစ်ဆုရဖို့ တစ်ခုတည်းသောနည်းလမ်းက ဘိုင်ယန်အနေနဲ့ သူ့အတွက် နောက်ထပ်ပြိုင်ပွဲသစ် ၂ ခု ၃ ခုလောက် ရှာပေးရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် တစ်ရာသီတည်းမှာ ဖလား ၃ လောက်သူရမယ်ဆိုရင် အဲဒီဆုကို သူရဖို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်”လို့ မော်ရင်ဟိုက ဆိုခဲ့တာပါ။

”အခုကျတော့ သူက ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်၊ ဥရောပစူပါဖလားနဲ့ ဂျာမန်စူပါဖလားတို့ပဲ ရခဲ့တာလေ။ အကြီးဆုံးတစ်ခုအပါအဝင် ၅ ခုပဲ သူရခဲ့လို့ပါ”လို့ မော်ရင်ဟိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

တကယ်လည်း The Best ဆုပေးပွဲမှာ နည်းပြဆုအတွက် ကြေညာတော့ ဟန်ဆီဖလစ်ကိုကျော်ပြီး ဂျာဂင်ကလော့ပ်ရရှိသွားမှုအပေါ် အံ့သြမှုတွေရှိခဲ့ကြတယ်။

ဖလစ်မရဘဲ သူဆုရသွားတာနဲ့ပတ်သက်လို့ ကလော့ပ်ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ပြီး ”ကျွန်တော့်ကို ဘာကြောင့် လူတွေ မဲပေးကြသလဲဆိုတာကို မသိပါဘူး။ သူ့ဆုဖလားတွေအတွက် ဖလစ်ဟာ ဒီဆုနဲ့ထိုက်တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကလော့ပ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးကို အမှတ်ပေးအောင်မြင်မှုရယူပေးနိုင်ခဲ့တာကြောင့် အခုလို အသိအမှတ်ပြုခံရတာလည်း ဖြစ်ပါတယ်။

Zawgyi

ကမာၻ႔အေကာင္းဆုံးနည္းျပဆုကို ကေလာ့ပ္ထက္ ဟန္ဆီဖလစ္ရသင့္တာလို႔ ေမာ္ရင္ဟိုေျပာၿပီ

ဖီဖာရဲ႕The Best ဆုေပးပြဲမွာ ကမာၻ႔အေကာင္းဆုံးနည္းျပဆုကုိ ဂ်ာဂင္ကေလာ့ပ္မရသင့္တဲ့ပုံစံေျပာဆုိလိုက္ျခင္းအားျဖင့္ စပါးနည္ျပေမာ္ရင္ဟိုဟာ အဲဒီလီဗာပူးနည္းျပကုိ ေနာက္ထပ္တစ္ႀကိမ္ထိုးႏွက္မႈျပဳလုပ္လိုက္ပါတယ္။

အန္ဖီးလ္မွာ သူ႔ရဲ႕စပါးအသင္းရႈံးနိမ့္ခဲ့ၿပီးေနာက္ အေကာင္းဆုံးအသင္းက ရႈံးသြားတာပါလုိ႔ ကေလာ့ပ္ကိုေျပာခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ အခုလို ထပ္ေျပာလိုက္တာပါ။

ဖီဖာရဲ႕The Best ဆုေပးပြဲမွာ ကေလာ့ပ္ဆုရသြားတဲ့အပေၚ သူ႔အျမင္ကိုေမးေတာ့ အဲဒီအစား ဘိုင္ယန္နည္းျပဟန္ဆီဖလစ္သာ ရသင့္တယ္လုိ႔ ေမာ္ရင္ဟို ျပန္ေျဖခဲ့တာပါ။

”ဖလစ္ဆုရဖုိ႔ တစ္ခုတည္းေသာနည္းလမ္းက ဘုိင္ယန္အေနနဲ႔ သူ႔အတြက္ ေနာက္ထပ္ၿပိဳင္ပြဲသစ္ ၂ ခု ၃ ခုေလာက္ ရွာေပးရမယ္လုိ႔ ထင္ပါတယ္။ ဒါေၾကာင့္ တစ္ရာသီတည္းမွာ ဖလား ၃ ေလာက္သူရမယ္ဆုိရင္ အဲဒီဆုကို သူရဖို႔ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္”လုိ႔ ေမာ္ရင္ဟိုက ဆိုခဲ့တာပါ။

”အခုက်ေတာ့ သူက ခ်န္ပီယံလိဂ္၊ ဘြန္ဒက္စ္လီဂါ၊ ပိုကယ္၊ ဥေရာပစူပါဖလားနဲ႔ ဂ်ာမန္စူပါဖလားတို႔ပဲ ရခဲ့တာေလ။ အႀကီးဆုံးတစ္ခုအပါအ၀င္ ၅ ခုပဲ သူရခဲ့လို႔ပါ”လုိ႔ ေမာ္ရင္ဟိုက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

တကယ္လည္း The Best ဆုေပးပြဲမွာ နည္းျပဆုအတြက္ ေၾကညာေတာ့ ဟန္ဆီဖလစ္ကိုေက်ာ္ၿပီး ဂ်ာဂင္ကေလာ့ပ္ရရွိသြားမႈအပေၚ အံ့ၾသမႈေတြရွိခဲ့ၾကတယ္။

ဖလစ္မရဘဲ သူဆုရသြားတာနဲ႔ပတ္သက္လုိ႔ ကေလာ့ပ္ကိုယ္တိုင္လည္း အံ့အားသင့္သြားခဲ့ၿပီး ”ကၽြန္ေတာ့္ကို ဘာေၾကာင့္ လူေတြ မဲေပးၾကသလဲဆိုတာကို မသိပါဘူး။ သူ႔ဆုဖလားေတြအတြက္ ဖလစ္ဟာ ဒီဆုနဲ႔ထိုက္တန္ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

ကေလာ့ပ္ဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအႀကိမ္အျဖစ္ လီဗာပူးကုိ အမွတ္ေပးေအာင္ျမင္မႈရယူေပးႏိုင္ခဲ့တာေၾကာင့္ အခုလို အသိအမွတ္ျပဳခံရတာလည္း ျဖစ္ပါတယ္။