ကမ္ဘာ့အကောင်းဆုံးဗန်ဒစ်ဂျ်ရဲ့နေရာမှာ သူအစားဝင်လို့ မရနိုင်ဘူးလို့ ဆိုလိုက်တဲ့ဖာဘင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးရဲ့ဗဟိုခံစစ်နေရာမှာ ဆင်းကစားပေးနေရတဲ့ ဖာဘင်ဟိုက သူဟာ ကာလရှည်နားနေရတဲ့ဗန်ဒစ်ဂျ်ရဲ့နေရာမှာဟာ အနည်းငယ်သာဖြည့်ကစားပေးနိုင်မှာလို့ ဆိုလိုက်ပါတယ်။ ဗန်ဒစ်ဂျ်က မာဆေးဆိုဒ်ဒါဘီပွဲက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်နားရမှာပါ။

ဒဏ်ရာရနေတဲ့အယ်လစ်ဆန်နေရာမှာ လက်ရှိအစားဖြည့်ကစားပေးနေရတဲ့ လီဗာပူးအရန်ဂိုးသမားအက်ဒရီယန်ကလည်း ဗန်ဒစ်ဂျ်ဦးဆောင်ခြင်းမဟုတ်တဲ့ လီဗာပူးခံစစ်တန်းရဲ့နောက်မှာကစားရတာဟာ တစ်မျိုးကြီးဖြစ်နေတယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့လည်း ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ အေဂျက်နဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပေးဂိုးမဲ့အနိုင်ရခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေအတွင်းမှာ လီဗာပူးရဲ့ပထမဆုံးပေးဂိုးမဲ့ပွဲလည်း ဖြစ်လာခဲ့တာပါ။ အဲဒီပွဲမှာ ဗဟိုခံစစ်နေရာ ဂျိုးဂိုမက်ဇ်နဲ့အတူတွဲကစားခဲ့တဲ့ ကွင်းလယ်လူဖာဘင်ဟိုလည်း ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖာဘင်ဟိုက”ကျွန်တော်က ဗန်ဒစ်ဂျ်မှမဟုတ်တာ။ သူက လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူလေ။ စကားပိုပြောဖိုနဲ့  နောက်မှာ အစီအစဉ်တကျဖြစ်အောက် ညွန်ကြားဖို့ နည်းပြကတော့ ကျွန်တော့်ကို မှာပါတယ်။ ဗန်ဒစ်ဂျ်ဟာ အသင်းမှာရော အဝတ်အစားလဲခန်းထဲမှာ ခေါင်းဆောင်တစ်ယောက်ပါ။ အခုတော့ အဲဒါတွေကိုတောင့်တနေရတော့မှာဖြစ်ပေမယ့် သူအမြဲလုပ်ခဲ့တဲ့အနည်းငယ်ကို ကျွန်တော်လုပ်ရမှာပါ။ အသင်းကို စုစည်းမှုရှိအောင် ကျွန်တော်ကြိုးစားရမယ်။ နောက်မှာ မှာကြားဖို့တွေနဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာအောက် ကျွန်တော်ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကမာၻ႔အေကာင္းဆုံးဗန္ဒစ္ဂ်္ရဲ႕ေနရာမွာ သူအစား၀င္လုိ႔ မရႏိုင္ဘူးလုိ႔ ဆုိလိုက္တဲ့ဖာဘင္ဟို

လီဗာပူးရဲ႕ဗဟိုခံစစ္ေနရာမွာ ဆင္းကစားေပးေနရတဲ့ ဖာဘင္ဟုိက သူဟာ ကာလရွည္နားေနရတဲ့ဗန္ဒစ္ဂ်္ရဲ႕ေနရာမွာဟာ အနည္းငယ္သာျဖည့္ကစားေပးႏိုင္မွာလို႔ ဆုိလိုက္ပါတယ္။ ဗန္ဒစ္ဂ်္က မာေဆးဆိုဒ္ဒါဘီပြဲက ဒူးအရြတ္ဒဏ္ရာေၾကာင့္ ကာလရွည္နားရမွာပါ။

ဒဏ္ရာရေနတဲ့အယ္လစ္ဆန္ေနရာမွာ လက္ရွိအစားျဖည့္ကစားေပးေနရတဲ့ လီဗာပူးအရန္ဂိုးသမားအက္ဒရီယန္ကလည္း ဗန္ဒစ္ဂ်္ဦးေဆာင္ျခင္းမဟုတ္တဲ့ လီဗာပူးခံစစ္တန္းရဲ႕ေနာက္မွာကစားရတာဟာ တစ္မ်ိဳးႀကီးျဖစ္ေနတယ္လုိ႔ ၀န္ခံထားပါတယ္။ ဒါေပမဲ့လည္း ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ေအဂ်က္နဲ႔ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ေပးဂုိးမဲ့အႏိုင္ရခဲ့ပါတယ္။

ေနာက္ပိုင္းပြဲေတြအတြင္းမွာ လီဗာပူးရဲ႕ပထမဆုံးပေးဂိုးမဲ႔ပြဲလည္း ျဖစ္လာခဲ့တာပါ။ အဲဒီပြဲမွာ ဗဟိုခံစစ္ေနရာ ဂ်ိဳးဂိုမက္ဇ္နဲ႔အတူတြဲကစားခဲ့တဲ့ ကြင္းလယ္လူဖာဘင္ဟိုလည္း ေျခစြမ္းျပကစားေပးႏုိင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဖာဘင္ဟိုက”ကၽြန္ေတာ္က ဗန္ဒစ္ဂ်္မွမဟုတ္တာ။ သူက လက္ရွိကမာၻ႔အေကာင္းဆုံးေနာက္ခံလူေလ။ စကားပိုေျပာဖုိနဲ႔  ေနာက္မွာ အစီအစဥ္တက်ျဖစ္ေအာက္ ညြန္ၾကားဖို႔ နည္းျပကေတာ့ ကၽြန္ေတာ့္ကို မွာပါတယ္။ ဗန္ဒစ္ဂ်္ဟာ အသင္းမွာေရာ အ၀တ္အစားလဲခန္းထဲမွာ ေခါင္းေဆာင္တစ္ေယာက္ပါ။ အခုေတာ့ အဲဒါေတြကိုေတာင့္တေနရေတာ့မွာျဖစ္ေပမယ့္ သူအၿမဲလုပ္ခဲ့တဲ့အနည္းငယ္ကို ကၽြန္ေတာ္လုပ္ရမွာပါ။ အသင္းကို စုစည္းမႈရွိေအာင္ ကၽြန္ေတာ္ႀကိဳးစားရမယ္။ ေနာက္မွာ မွာၾကားဖုိ႔ေတြနဲ႔ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာေအာက္ ကၽြန္ေတာ္ႀကိဳးစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။