ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုမရပေမယ့်လည်း ဘိုင်ယန်အတွက် ၂ ဂိုး သွင်းပြီး ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၅၀ ပြည့်မိုင်တိုင် လီဝန်ဒေါစကီး စိုက်ထူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနီယံဘာလင်နဲ့ပွဲမှာ သရေကျခဲ့တဲ့အတွက် ထိပ်ဆုံးနေရာကို လေဗာကူဆင်က သိမ်းပိုက်သွားခဲ့တဲ့နောက်ပိုင်း ဘိုင်ယန်ဟာ ဝုဖ်ဘတ်နဲ့ပွဲမှာ အနိုင်ရဖို့ ပြန်ကြိုးစား ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်အတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းသွားခဲ့တဲ့ လီဝန်ဒေါစကီးဟာ အသင်းရဲ့အနိုင်ရလဒ်ကို ဆောင်ယူပေးနိုင်ခဲ့သလို သူ့အတွက် လိဂ်သွင်းဂိုး ၂၅၀ ကို ဒုတိယအမြန်ဆုံးရရှိတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်ဟာ အဝေးကွင်းရှုံးပွဲမရှိတဲ့ ဝုဖ်ဘတ်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ပထမ ပိုင်းပြီးခါနီးမှာ လီဝန်ဒေါစကီးက ချေပဂိုးတစ်ဂိုးနဲ့ ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာမှာ အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါသမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ ဂတ်မူလာ(၃၆၅ဂိုး) နဲ့ ကလော့ဖစ်ရှာ(၂၆၈ဂိုး)တို့ပြီးရင် တတိယမြောက်ဂိုးသွင်းအများဆုံးသူ ဖြစ်လာခဲ့ ပါတယ်။ ဒါပေမဲ့ သူဟာ ဘွန်ဒက်စ်လီဂါမှာ ဂျာမန်မဟုတ်တဲ့သူတွေထဲက ဂိုးသွင်း အများဆုံးသူတော့ဖြစ်နေဆဲပါ။

ပွဲအရေအတွက်နဲ့ကြည့်မယ်ဆိုရင်တော့ သူဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၃၃၂ ပွဲ ကစားထားပြီး ဂိုး ၂၅၀ ကို ရရှိခဲ့တာဖြစ်ပြီး ဖစ်ရှာက ပွဲ ၄၆၀ မှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ဂန္ထဝင် ဂတ်မူလာကတော့ သွင်းဂိုး ၂၅၀ ကို ၂၈၄ ပွဲတည်းနဲ့ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့စံချိန်ကိုတော့ ဘယ်သူမှ မချိုးဖျက်နိုင်သေးပါဘူး။

လီဝန်ဒေါစကီးဟာ အခုလိုမျိုး ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၅၀ ကို ဘိုင်ယန်မြူးနစ်မှာ ၂၀၁ ပွဲကစားရင်း ၁၇၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဟောင်း ဒေါ့မန်အတွက် ၁၃၁ ပွဲမှာ ၇၄ ဂိုး သွင်းယူထားနိုင်ခဲ့ပါ တယ်။ ဂိုးသွင်းအားကောင်းတဲ့ လီဝန်ဒေါစကီးဟာ သူ့ရဲ့ဂိုးတွေထဲမှာ ၃၇ ပွဲ လူစားဝင်ကစားရင်း ၁၆ ဂိုး သွင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ သွင်းယူထားတဲ့ ဂိုးပေါင်း ၂၅၀ မှာ ညာခြေနဲ့ ၁၆၄ ဂိုး၊ ဘယ်ခြေနဲ့ ၄၃ ဂိုး၊ ခေါင်း တိုက်ဂိုး ၄၁ ဂိုး သွင်းယူထားပြီး ကျန်တဲ့ခန္ဒာကိုယ်အစိတ်အပိုင်းနဲ့ ၂ ဂိုး သွင်းယူ ထားတဲ့ စွယ်စုံရတိုက်စစ်မှူးပါ။ ပင်နယ်တီသွင်းဂိုး ၂၉ ဂိုးသာပါပြီး ၂၃၄ ဂိုးက ပင်နယ်တီဧရိယာထဲမှာ သွင်းယူထားတဲ့ဂိုးတွေဖြစ်ပြီး ၁၈ ကိုက်အပြင်ကနေ ၁၆ ဂိုး သွင်းယူထားတာကြောင့် ပင်နယ်တီဧရိယာထဲမှာ တကယ့်ဂိုးသွင်းမုဆိုးပါပဲ။

သူ့အနေနဲ့ ကိုဗစ်ပြဿနာကြောင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု မပေး အပ်ဖြစ်တဲ့ ဒီနှစ်အတွက် ဆုရနိုင်တဲ့အခွင့်အရေးလွဲချော်သွားတာဟာ နစ်နာခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြည်တွင်းဆုဖလား ၃ လုံးအပါအဝင် ချန်ပီယံလိဂ် နဲ့ စုစုပေါင်း တစ်ရာသီအတွင်း ဖလား ၄ လုံးရရှိခဲ့တာကြောင့် ဖီဖာအနေနဲ့ ဆု သာ ပေးအပ်ခဲ့မယ်ဆိုရင် လီဝန်ဒေါစကီးဟာ ရရှိဖို့ကျိန်းသေသလောက်နီးပါး ရှိခဲ့ တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔အေကာင္းဆံုးေဘာလံုးသမားဆုမရေပမယ့္လည္း ဘိုင္ယန္အတြက္ ၂ ဂိုး သြင္းၿပီး ဘြန္ဒက္စ္လီဂါသြင္းဂိုး ၂၅၀ ျပည့္မိုင္တိုင္ လီ၀န္ေဒါစကီး စိုက္ထူ

ယူနီယံဘာလင္နဲ႔ပြဲမွာ သေရက်ခဲ့တဲ့အတြက္ ထိပ္ဆံုးေနရာကို ေလဗာကူဆင္က သိမ္းပိုက္သြားခဲ့တဲ့ေနာက္ပိုင္း ဘုိင္ယန္ဟာ ၀ုဖ္ဘတ္နဲ႔ပြဲမွာ အႏိုင္ရဖို႔ ျပန္ႀကိဳးစား ခဲ့ပါတယ္။ ဒီပဲြမွာ ဘိုင္ယန္အတြက္ ေျခစြမ္းျပၿပီး ၂ ဂိုးသြင္းသြားခဲ့တဲ့ လီ၀န္ေဒါစကီးဟာ အသင္းရဲ႕အႏိုင္ရလဒ္ကို ေဆာင္ယူေပးႏိုင္ခဲ့သလုိ သူ႕အတြက္ လိဂ္သြင္းဂိုး ၂၅၀ ကို ဒုတိယအျမန္ဆံုးရရွိတဲ့ ကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ဘိုင္ယန္ဟာ အေ၀းကြင္းရႈံးပြဲမရွိတဲ့ ၀ုဖ္ဘတ္ကို ဦးေဆာင္ဂိုးေပးခဲ့ရၿပီး ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။ ပထမ ပိုင္းၿပီးခါနီးမွာ လီ၀န္ေဒါစကီးက ေခ်ပဂိုးတစ္ဂိုးနဲ႔ ဒုတိယပိုင္း ျပန္စၿပီး ၅ မိနစ္ အၾကာမွာ အႏိုင္ဂိုးတစ္ဂိုး သြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။

သူဟာ ဘြန္ဒက္စ္လီဂါသမုိင္းမွာ ဂိုးအမ်ားဆံုးသြင္းထားတဲ့ ဂတ္မူလာ(၃၆၅ဂိုး) နဲ႔ ကေလာ့ဖစ္ရွာ(၂၆၈ဂိုး)တို႔ၿပီးရင္ တတိယေျမာက္ဂိုးသြင္းအမ်ားဆံုးသူ ျဖစ္လာခဲ့ ပါတယ္။ ဒါေပမဲ့ သူဟာ ဘြန္ဒက္စ္လီဂါမွာ ဂ်ာမန္မဟုတ္တဲ့သူေတြထဲက ဂိုးသြင္း အမ်ားဆံုးသူေတာ့ျဖစ္ေနဆဲပါ။ ပြဲအေရအတြက္နဲ႔ၾကည့္မယ္ဆုိရင္ေတာ့ သူဟာ ဘြန္ဒက္စ္လီဂါပြဲစဥ္ ၃၃၂ ပြဲ ကစားထားၿပီး ဂိုး ၂၅၀ ကို ရရွိခဲ့တာျဖစ္ၿပီး ဖစ္ရွာက ပြဲ ၄၆၀ မွာ ရရွိခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ရဲ႕ဂႏၳ၀င္ ဂတ္မူလာကေတာ့ သြင္းဂိုး ၂၅၀ ကို ၂၈၄ ပြဲတည္းနဲ႔ ရရွိခဲ့တာျဖစ္ၿပီး သူ႕ရဲ႕စံခ်ိန္ကိုေတာ့ ဘယ္သူမွ မခ်ဳိးဖ်က္ႏိုင္ေသးပါဘူး။

လီ၀န္ေဒါစကီးဟာ အခုလိုမ်ဳိး ဘြန္ဒက္စ္လီဂါသြင္းဂိုး ၂၅၀ ကို ဘုိင္ယန္ျမဴးနစ္မွာ ၂၀၁ ပြဲကစားရင္း ၁၇၆ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သူ႕ရဲ႕အသင္းေဟာင္း ေဒါ့မန္အတြက္ ၁၃၁ ပြဲမွာ ၇၄ ဂိုး သြင္းယူထားႏိုင္ခဲ့ပါ တယ္။ ဂိုးသြင္းအားေကာင္းတဲ့ လီ၀န္ေဒါစကီးဟာ သူ႕ရဲ႕ဂိုးေတြထဲမွာ ၃၇ ပြဲ လူစား၀င္ကစားရင္း ၁၆ ဂိုး သြင္းေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိ သြင္းယူထားတဲ့ ဂိုးေပါင္း ၂၅၀ မွာ ညာေျခနဲ႔ ၁၆၄ ဂိုး၊ ဘယ္ေျခနဲ႔ ၄၃ ဂိုး၊ ေခါင္း တိုက္ဂိုး ၄၁ ဂိုး သြင္းယူထားၿပီး က်န္တဲ့ခႏၵာကိုယ္အစိတ္အပိုင္းနဲ႔ ၂ ဂိုး သြင္းယူ ထားတဲ့ စြယ္စံုရတိုက္စစ္မွဴးပါ။ ပင္နယ္တီသြင္းဂိုး ၂၉ ဂိုးသာပါၿပီး ၂၃၄ ဂိုးက ပင္နယ္တီဧရိယာထဲမွာ သြင္းယူထားတဲ့ဂိုးေတြျဖစ္ၿပီး ၁၈ ကိုက္အျပင္ကေန ၁၆ ဂိုး သြင္းယူထားတာေၾကာင့္ ပင္နယ္တီဧရိယာထဲမွာ တကယ့္ဂိုးသြင္းမုဆိုးပါပဲ။

သူ႕အေနနဲ႔ ကိုဗစ္ျပႆနာေၾကာင့္ ကမာၻ႔အေကာင္းဆံုးေဘာလံုးသမားဆု မေပး အပ္ျဖစ္တဲ့ ဒီႏွစ္အတြက္ ဆုရႏိုင္တဲ့အခြင့္အေရးလြဲေခ်ာ္သြားတာဟာ နစ္နာခဲ့ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ျပည္တြင္းဆုဖလား ၃ လံုးအပါအ၀င္ ခ်န္ပီယံလိဂ္ နဲ႔ စုစုေပါင္း တစ္ရာသီအတြင္း ဖလား ၄ လံုးရရွိခဲ့တာေၾကာင့္ ဖီဖာအေနနဲ႔ ဆု သာ ေပးအပ္ခဲ့မယ္ဆိုရင္ လီ၀န္ေဒါစကီးဟာ ရရွိဖို႔က်ိန္းေသသေလာက္နီးပါး ရွိခဲ့ တာပါ။