ကမ္ဘာ့အကောင်းဆုံး ဂိုးသမား (၁၀) ယောက်စာရင်းထဲ ကော်တိုအာကို မထည့်သွင်းခဲ့တဲ့အပေါ်  အန်ဆယ်လော့တီဝေဖန်ပြောကြား

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့

ဂိုးသမား ကော်တိုအာကို FourFourTwo မဂ္ဂဇင်းက

ကမ္ဘာ့အကောင်းဆုံး ဂိုးသမား (၁၀) ယောက်စာရင်းထဲ

မထည့်သွင်းခဲ့တဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။

မာယော့ကာကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ

အန်ဆယ်လော့တီတစ်ယောက် အခုလိုပဲ ပြောကြားခဲ့တာပါ။

အန်ဆယ်လော့တီက “သူတို့ရဲ့ ရွေးချယ်မှုက အဓိပ္ပာယ်မရှိတဲ့ ရွေးချယ်မှုပါ။

ကော်တိုအာက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်လေ။

ခင်ဗျားတို့ အဲဒီလိုမတွေးရင်တော့ ခင်ဗျားတို့ရဲ့ ဂျာနယ်လစ်လိုင်စင်ဖြစ်ဖြစ်

ပြန်အပ်လိုက်ပါတော့” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ကော်တိုအာဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရောက်ချင်းကာလတွေမှာ

ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့လက်စွမ်းတွေနဲ့အတူ

အသင်းရဲ့ အဓိကဂိုးသမားအဖြစ် နေရာရလာခဲ့ပါတယ်။

zawgyi













