ကမ္ဘာ့အသက်အကြီးဆုံးပရော်ဖက်ရှင်နယ်ဘောလုံးသမား

ကမ္ဘာ့အသက်အကြီးဆုံးပရော်ဖက်ရှင်နယ်ဘောလုံးသမားကာဇူယိုရှီမူရာဟာ

ကလပ်သစ်နှစ်စာချုပ်ချုပ်ဆိုလိုက်မှုနဲ့အတူနောက်ထပ်တစ်နှစ်

ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ်ဆက်လက်ကျင်လည်နေဦးမှာဖြစ်ပါတယ်။

မူရာဟာလာမယ့်ဖေဖော်ဝါရီလမှာအသက်၅၅နှစ်ပြည့်မယ့်သူဖြစ်ပါတယ်။

သူဟာသူ့အစ်ကိုယာဆူတိုရှီကိုင်တွယ်နေတဲ့ဆူဇူကာပွိုင့်ဂက်တာနှင့်

စာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။

သူဟာယိုကိုဟားမားအက်ဖ်စီမှဆူဇူကာပွိုင့်ဂက်တာသို့

အငှားဖြင့်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကယိုကိုဟားမားအတွက်တစ်မိနစ်တည်းသာ

ကစားခွင့်ရရှိခဲ့သူဖြစ်ပြီးကလပ်မှာလည်းဒုတိယတန်းသို့တန်းဆင်းခဲ့ရပါတယ်။

သူဟာမတ်လတုန်းကယူရာဝါရက်နှင့်ပွဲစဉ်တွင်အသက်၅၄နှစ်၊၁၂ရက်ဖြင့်

ပွဲဝင်ကစားကာအသက်အကြီးဆုံးပရော်ဖက်ရှင်နယ်ပွဲကစားသူအဖြစ်

စံချိန်တင်နိုင်ခဲ့ပါတယ်။မူရာဟာ၁၉၆၇ခုနှစ်တွင်မွေးဖွားသူဖြစ်ပြီး

ဥရောပထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းထက်အသက်၃နှစ်ကြီးသူလည်းဖြစ်ကာ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်နှင့်သက်တူရွယ်တူဖြစ်ပါတယ်။

ဂျေလိဂ်သမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းယူသူအဖြစ်

စံချိန်ရေးထိုးထားတဲ့သူဟာဂျပန်လက်ရွေးစင်အသင်းအတွက်

၈၉ပွဲကစားကာ၅၅ဂိုးသွင်းယူခဲ့သူဖြစ်ပြီးအာရှအကောင်းဆုံး

ကစားသမားဆုကိုလည်းဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာဆန်းတို့စ်၊ဂျီနိုအာ၊ဒိုင်နမိုဇာဂရက်၊ဆစ်ဒနီအက်ဖ်စီ၊ပါးမီးရပ်စ်၊

XV d Jau ၊ ကိုရီတီဘာတို့တွင်လည်းကစားဖူးသလို FIFA 96 တွင်ပါဝင်ပြီး

ယခုတိုင်ဘောလုံးကစားနေဆဲတစ်ဦးတည်းသောဘောလုံးသမားလည်းဖြစ်ပါတယ်။

သူဟာဆူဇူကာသို့ပြောင်းရွှေ့မှုနဲ့အတူသူ့ကစားသမားဘဝတစ်လျှောက်

၃၇ကြိမ်မြောက်ဘောလုံးရာသီကိုကျော်ဖြတ်နိုင်ဦးမှာဖြစ်ပါတယ်။

သူဟာအသက်၆၀နှစ်အရွယ်အထိဘောလုံးကစားလိုကြောင်း

ပြောကြားထားသူလည်းဖြစ်ပါတယ်။

zawgyi

ကမာၻ႔အသက္အႀကီးဆုံးပေရာ္ဖက္ရွင္နယ္ေဘာလုံးသမား

ကမာၻ႔အသက္အႀကီးဆုံးပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားကာဇူယိုရွီမူရာဟာ

ကလပ္သစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္မႈနဲ႔အတူေနာက္ထပ္တစ္ႏွစ္

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားအျဖစ္ဆက္လက္က်င္လည္ေနဦးမွာျဖစ္ပါတယ္။

မူရာဟာလာမယ့္ေဖေဖာ္ဝါရီလမွာအသက္၅၅ႏွစ္ျပည့္မယ့္သူျဖစ္ပါတယ္။

သူဟာသူ႔အစ္ကိုယာဆူတိုရွီကိုင္တြယ္ေနတဲ့ဆူဇူကာပြိဳင့္ဂက္တာႏွင့္

စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာလည္းျဖစ္ပါတယ္။

သူဟာယိုကိုဟားမားအက္ဖ္စီမွဆူဇူကာပြိဳင့္ဂက္တာသို႔

အငွားျဖင့္ေျပာင္းေ႐ႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကယိုကိုဟားမားအတြက္တစ္မိနစ္တည္းသာ

ကစားခြင့္ရရွိခဲ့သူျဖစ္ၿပီးကလပ္မွာလည္းဒုတိယတန္းသို႔တန္းဆင္းခဲ့ရပါတယ္။

သူဟာမတ္လတုန္းကယူရာဝါရက္ႏွင့္ပြဲစဥ္တြင္အသက္၅၄ႏွစ္၊၁၂ရက္ျဖင့္

ပြဲဝင္ကစားကာအသက္အႀကီးဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားသူအျဖစ္

စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။မူရာဟာ၁၉၆၇ခုႏွစ္တြင္ေမြးဖြားသူျဖစ္ၿပီး

ဥေရာပထိပ္သီးကလပ္ပီအက္စ္ဂ်ီအသင္းထက္အသက္၃ႏွစ္ႀကီးသူလည္းျဖစ္ကာ

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ႏွင့္သက္တူ႐ြယ္တူျဖစ္ပါတယ္။

ေဂ်လိဂ္သမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းယူသူအျဖစ္

စံခ်ိန္ေရးထိုးထားတဲ့သူဟာဂ်ပန္လက္ေ႐ြးစင္အသင္းအတြက္

၈၉ပြဲကစားကာ၅၅ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးအာရွအေကာင္းဆုံး

ကစားသမားဆုကိုလည္းဆြတ္ခူးခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာဆန္းတို႔စ္၊ဂ်ီႏိုအာ၊ဒိုင္နမိုဇာဂရက္၊ဆစ္ဒနီအက္ဖ္စီ၊ပါးမီးရပ္စ္၊

XV d Jau ၊ ကိုရီတီဘာတို႔တြင္လည္းကစားဖူးသလို FIFA 96 တြင္ပါဝင္ၿပီး

ယခုတိုင္ေဘာလုံးကစားေနဆဲတစ္ဦးတည္းေသာေဘာလုံးသမားလည္းျဖစ္ပါတယ္။

သူဟာဆူဇူကာသို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူသူ႔ကစားသမားဘဝတစ္ေလွ်ာက္

၃၇ႀကိမ္ေျမာက္ေဘာလုံးရာသီကိုေက်ာ္ျဖတ္ႏိုင္ဦးမွာျဖစ္ပါတယ္။

သူဟာအသက္၆၀ႏွစ္အ႐ြယ္အထိေဘာလုံးကစားလိုေၾကာင္း

ေျပာၾကားထားသူလည္းျဖစ္ပါတယ္။