ကယ်ဟန်နိုဂလူကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ယူနိုက်တက် အရှိန်မြင့် ဆွေးနွေးလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ အေစီမီလန် ကွင်းလယ်လူ ဟာကန် ကယ်ဟာနိုဂလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ အတည်တကျ ဆွေးနွေးလာကြောင်း သိရပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဟာ လေဗာကူဆင်ကနေ မီလန်ကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပေမဲ့ ယခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Bildရဲ့ ဖော်ပြချက်အရ တူရကီသားဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းလာဖို့ ယခုအချိန်ကတည်းက ဆွေးနွေးနေပြီ ဖြစ်ပြီး ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိ ကလပ် မီလန်ဟာ သူတို့ကစားသမားကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ပဲ ဆန်စီရိုမှာ ဆက်ရှိစေဖို့ စည်းရုံးရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကယ်ဟန်နိုဂလူကတော့ အေစီမီလန်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၅၄၀၀၀တန် စာချုပ်ကို မလုံလောက်ဘူးလို့ ယူဆကာ အသင်းက ထွက်ခွာဖို့ ကြိုးစားလာတာကြောင့် ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားလာခဲ့တာပါ။ ယူနိုကတက်ကတော့ မီလန်ပေးထက် လစာထက် ပိုပေးကာ ၅နှစ်စာချုပ်ချုပ်ဆိုလိုနေပါတယ်။
မီလန်ရဲ့ စာချုပ်ကမ်းလှမ်းမှု ကစားသမား လိုချင်တဲ့ လစာထက် လျော့နည်းနေပေမဲ့ ကယ်ဟန်နိုဂလူကတော့ မီလန်မှာ ဆက်နေချင်နေပြီး တူရကီသားကို ဆက်ထိန်းဖို့ ဆိုရင် ပြည်ပကလပ်တွေနဲ့ မဆွေးနွေးနိုင်တဲ့ ဇန်နဝါရီလ မတိုင်ခင် စာချုပ်သက်တမ်းတိုးရတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလရောက်ရင်တော့ ယူနိုက်တက်က စာချုပ်ကမ်းလှမ်းနိုင်တော့မှာ ဖြစ်ပြီး ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၈ပွဲမှာ ၄ဂိုးသွင်း ၄ဂိုး ဖန်တီးထားတဲ့ ကစားသမားရဲ့ ခြေစွမ်းကို သဘောကျနေပါတယ်။


တူရကီသားဟာ မီလန်ကို ၂၀၁၇ခုနှစ်က ရောက်လာခဲ့ပြီးနောက် ၁၂၇ပွဲ ကစားရမှာ ၂၇ဂိုးသွင်းပြီး ဂိုး၄၀ ဖန်တီးထားခဲ့ပါတယ်။ အဆိုပါ မှတ်တမ်းတွေဟာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

Zawgyi

ကယ္ဟန္ႏိုဂလူကို လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ယူႏိုက္တက္ အရွိန္ျမင့္ ေဆြးေႏြးလာ

ယူႏိုက္တက္အသင္းဟာ ေအစီမီလန္ ကြင္းလယ္လူ ဟာကန္ ကယ္ဟာႏိုဂလူကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ အတည္တက် ေဆြးေႏြးလာေၾကာင္း သိရပါတယ္။ ကြင္းလယ္တုိက္စစ္ကစားသမားဟာ ေလဗာကူဆင္ကေန မီလန္ကို ေရာက္ရွိလာခဲ့ျပီးေနာက္ အသင္းရဲ႕ အဓိက ကစားသမား ျဖစ္လာခဲ့ေပမဲ့ ယခုႏွစ္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

Bildရဲ႕ ေဖာ္ျပခ်က္အရ တူရကီသားဟာ အုိးထရက္ဖို႔ဒ္ကို ေျပာင္းလာဖုိ႔ ယခုအခ်ိန္ကတည္းက ေဆြးေႏြးေနျပီ ျဖစ္ျပီး ဂ်ဴဗင္တပ္စ္ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ လက္ရွိ ကလပ္ မီလန္ဟာ သူတို႔ကစားသမားကို လြယ္လြယ္နဲ႔ လက္လႊတ္ခံမွာ မဟုတ္ပဲ ဆန္စီရိုမွာ ဆက္ရွိေစဖို႔ စည္းရံုးရန္ ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။

ကယ္ဟန္ႏိုဂလူကေတာ့ ေအစီမီလန္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၅၄၀၀၀တန္ စာခ်ဳပ္ကို မလံုေလာက္ဘူးလို႔ ယူဆကာ အသင္းက ထြက္ခြာဖို႔ ၾကိဳးစားလာတာေၾကာင့္ ယူႏုိက္တက္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြက စိတ္၀င္စားလာခဲ့တာပါ။ ယူႏိုကတက္ကေတာ့ မီလန္ေပးထက္ လစာထက္ ပုိေပးကာ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိလိုေနပါတယ္။

မီလန္ရဲ႕ စာခ်ဳပ္ကမ္းလွမ္းမႈ ကစားသမား လိုခ်င္တဲ့ လစာထက္ ေလ်ာ့နည္းေနေပမဲ့ ကယ္ဟန္ႏိုဂလူကေတာ့ မီလန္မွာ ဆက္ေနခ်င္ေနျပီး တူရကီသားကို ဆက္ထိန္းဖို႔ ဆုိရင္ ျပည္ပကလပ္ေတြနဲ႔ မေဆြးေႏြးႏုိင္တဲ့ ဇန္န၀ါရီလ မတုိင္ခင္ စာခ်ဳပ္သက္တမ္းတုိးရေတာ့မွာ ျဖစ္ပါတယ္။ ဇန္န၀ါရီလေရာက္ရင္ေတာ့ ယူႏိုက္တက္က စာခ်ဳပ္ကမ္းလွမ္းႏိုင္ေတာ့မွာ ျဖစ္ျပီး ယခုႏွစ္ရာသီ ျပိဳင္ပဲြစံု ၈ပြဲမွာ ၄ဂိုးသြင္း ၄ဂိုး ဖန္တီးထားတဲ့ ကစားသမားရဲ႕ ေျခစြမ္းကို သေဘာက်ေနပါတယ္။

တူရကီသားဟာ မီလန္ကို ၂၀၁၇ခုႏွစ္က ေရာက္လာခဲ့ျပီးေနာက္ ၁၂၇ပြဲ ကစားရမွာ ၂၇ဂိုးသြင္းျပီး ဂိုး၄၀ ဖန္တီးထားခဲ့ပါတယ္။ အဆိုပါ မွတ္တမ္းေတြဟာ ဆန္ခ်ိဳကို မေခၚယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္အတြက္ လိုအပ္ေနတဲ့ အရည္အခ်င္းေတြပဲ ျဖစ္ပါတယ္။