ကလပ်တစ်သင်းအတွက် ဂိုးအများဆုံးဆိုတဲ့ ပီလီရဲ့စံချိန်ကို ချိုးလိုက်တဲ့ မက်ဆီ

ဘာစီလိုနာအတွက် သူ့ရဲ့၆၄၄ ဂိုးမြောက်ကိုသွင်းယူလိုက်ခြင်းအားဖြင့် ကလပ်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံးဆိုတဲ့ ဘရာဇီးဂန္ထဝင်ဟောင်းပီလီရဲ့စံချိန်ကို မက်ဆီဟာ ချိုးလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီဘရာဇီးအိုင်ကွန်ဟာ သူ့ကစားသမားဘဝမှာ ဆန်းတို့စ်အသင်းအတွက် ၆၄၃ ဂိုးသွင်းယူပေးခဲ့တာကြောင့် ဘယ်တော့မှ မကျိုးနိုင်တော့တဲ့ စံချိန်မှတ်တမ်းတစ်ခုလို့ ထင်ခဲ့ရတာပါ။

ဒါပေမဲ့လည်း အခုတော့ မက်ဆီကြောင့် ကလပ်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံးဆိုတဲ့ ပီလီရဲ့အဲဒီစံချိန်မှတ်တမ်းဟာ ကျိုးပျက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

မက်ဆီဟာ ဗယ်လာဒိုးလစ်နဲ့ မနေ့ညလာလီဂါပွဲမှာ ဘာစီလိုနာအတွက် သူ့ရဲ့၆၄၄ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာ ကလပ်အသင်းတစ်သင်းအတွက် သူ့လောက်ဂိုးသွင်းပေးနိုင်တဲ့သူ မရှိတော့ပါဘူး။

မက်ဆီဟာ ပြီးခဲ့တဲ့အပတ် ဗလင်စီယာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲကတည်းက ပီလီရဲ့အဲဒီစံချိန်မှတ်တမ်းကို လိုက်မီခဲ့တာပါ။

ဗယ်လာဒိုးလစ်နဲ့ပွဲအပြီးမှာတော့ ပီလီရဲ့စံချိန်မှတ်တမ်းချိုးဖျက်နိုင်မှုမှာ သူ့ကိုကူညီပေးခဲ့သူအားလုံးကို မက်ဆီက ဆိုရှယ်မီဒီယာထက်ကနေ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

”ကျွန်တော် ဘောလုံးစကစားတဲ့အချိန်မှာ ဘာစံချိန်မှတ်တမ်းမှ ချိုးနိုင်မယ်လို့ မထင်ခဲ့ပါဘူး။ အထူးသဖြင့် ဒီနေ့ ကျွန်တော်ချိုးနိုင်ခဲ့တဲ့ ပီလီရဲ့စံချိန်မှတ်တမ်းကိုပေါ့။ ဒီနှစ်တွေမှာ ကျွန်တော့်ကို ကူညီခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”လို့ မက်ဆီက ဆိုရှယ်မီဒီယာထက်မှာ ရေးတင်ခဲ့တာပါ။

မက်ဆီဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ဘာစီလိုနာကိုရောက်ရှိနေတာဖြစ်ပြီး ၁၇ နှစ်အရွယ်မှာပဲ အဲဒီကာတာလန်ကလပ်အတွက် ပြိုင်ပွဲအသွင်စတင်ပွဲဦးထွက်ခဲ့ပါတယ်။

Zawgyi

ကလပ္တစ္သင္းအတြက္ ဂိုးအမ်ားဆုံးဆိုတဲ့ ပီလီရဲ႕စံခ်ိန္ကို ခ်ိဳးလိုက္တဲ့ မက္ဆီ

ဘာစီလုိနာအတြက္ သူ႔ရဲ႕၆၄၄ ဂိုးေျမာက္ကိုသြင္းယူလုိက္ျခင္းအားျဖင့္ ကလပ္အသင္းတစ္သင္းအတြက္ သြင္းဂိုးအမ်ားဆုံးဆုိတဲ့ ဘရာဇီးဂႏၳ၀င္ေဟာင္းပီလီရဲ႕စံခ်ိန္ကို မက္ဆီဟာ ခ်ိဳးလုိက္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အဲဒီဘရာဇီးအိုင္ကြန္ဟာ သူ႔ကစားသမားဘ၀မွာ ဆန္းတုိ႔စ္အသင္းအတြက္ ၆၄၃ ဂိုးသြင္းယူေပးခဲ့တာေၾကာင့္ ဘယ္ေတာ့မွ မက်ိဳးႏိုင္ေတာ့တဲ့ စံခ်ိန္မွတ္တမ္းတစ္ခုလို႔ ထင္ခဲ့ရတာပါ။

ဒါေပမဲ့လည္း အခုေတာ့ မက္ဆီေၾကာင့္ ကလပ္အသင္းတစ္သင္းအတြက္ သြင္းဂိုးအမ်ားဆုံးဆုိတဲ့ ပီလီရဲ႕အဲဒီစံခ်ိန္မွတ္တမ္းဟာ က်ိဳးပ်က္သြားခဲ့ရၿပီ ျဖစ္ပါတယ္။

မက္ဆီဟာ ဗယ္လာဒိုးလစ္နဲ႔ မေန႔ညလာလီဂါပြဲမွာ ဘာစီလုိနာအတြက္ သူ႔ရဲ႕၆၄၄ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့ၿပီး ေဘာလုံးသမိုင္းမွာ ကလပ္အသင္းတစ္သင္းအတြက္ သူ႔ေလာက္ဂိုးသြင္းေပးႏိုင္တဲ့သူ မရွိေတာ့ပါဘူး။

မက္ဆီဟာ ၿပီးခဲ့တဲ့အပတ္ ဗလင္စီယာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲကတည္းက ပီလီရဲ႕အဲဒီစံခ်ိန္မွတ္တမ္းကို လုိက္မီခဲ့တာပါ။

ဗယ္လာဒိုးလစ္နဲ႔ပြဲအၿပီးမွာေတာ့ ပီလီရဲ႕စံခ်ိန္မွတ္တမ္းခ်ိဳးဖ်က္ႏိုင္မႈမွာ သူ႔ကုိကူညီေပးခဲ့သူအားလုံးကုိ မက္ဆီက ဆုိရွယ္မီဒီယာထက္ကေန ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

”ကၽြန္ေတာ္ ေဘာလုံးစကစားတဲ့အခ်ိန္မွာ ဘာစံခ်ိန္မွတ္တမ္းမွ ခ်ိဳးႏိုင္မယ္လုိ႔ မထင္ခဲ့ပါဘူး။ အထူးသျဖင့္ ဒီေန႔ ကၽြန္ေတာ္ခ်ိဳးႏိုင္္ခဲ့တဲ့ ပီလီရဲ႕စံခ်ိန္မွတ္တမ္းကိုေပါ့။ ဒီႏွစ္ေတြမွာ ကၽြန္ေတာ့္ကို ကူညီခဲ့ၾကတဲ့ အားလုံးကို ေက်းဇူးတင္တယ္လုိ႔ ေျပာခ်င္ပါတယ္”လို႔ မက္ဆီက ဆုိရွယ္မီဒီယာထက္မွာ ေရးတင္ခဲ့တာပါ။

မက္ဆီဟာ အသက္ ၁၃ ႏွစ္အရြယ္ကတည္းက ဘာစီလုိနာကိုေရာက္ရွိေနတာျဖစ္ၿပီး ၁၇ ႏွစ္အရြယ္မွာပဲ အဲဒီကာတာလန္ကလပ္အတြက္ ၿပိဳင္ပြဲအသြင္စတင္ပြဲဦးထြက္ခဲ့ပါတယ္။