ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကဗီလာရီးရဲလ်အား၂-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲမှာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်
သွင်းဂိုး၇၉၉ဂိုးမြောက်ဂိုးအားသွင်းယူခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝပွဲပေါင်း
၁၀၉၅မှာ၇၉၉ဂိုးသွင်းယူခဲ့တာဖြစ်ပြီးတနင်္ဂနွေနေ့ချဲလ်ဆီးနှင့်
ပွဲစဉ်မှာဂိုး၈၀၀မြောက်ဂိုးကိုသွင်းယူနိုင်မယ့်အခွင့်အရေးရှိနေပါတယ်။
တကယ်လို့များစတမ်းဖို့ဒ်ဘရစ်ချ်မှာဂိုးသွင်းယူနိုင်မယ်ဆိုရင်
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်သွင်းဂိုး၁၂၉ဂိုးအထိရှိလာပါမယ်။
ရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်ဗီလာရီးရဲလ်၊
အတ္တလန္တာတို့နှင့်ပွဲများမှာနောက်ကျဂိုးများသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာယင်းပွဲများမှနောက်ကျဂိုးများကြောင့်ပွဲချိန်မိနစ်၉၀နောက်ပိုင်းတွင်
သွင်းဂိုး၄၅ဂိုးအထိရှိထားပြီးဖြစ်ပါတယ်။
ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးအများဆုံးသွင်းခဲ့တဲ့နေရာက
ယူနိုက်တက်အတွက်မဟုတ်ပါဘူး။သူဟာရီးရဲလ်မက်ဒရစ်အတွက်
ဂိုး၄၅၀အထိသွင်းယူခဲ့ပြီးသူအများဆုံးဂိုးသွင်းခဲ့တဲ့အသင်းကလည်း
၅သင်းရှိနေပါတယ်။သူဟာဆီဗီလာ၊အက်သလက်တီကို၊ဘာစီလိုနာ၊
ဆဲလ်တာဗီဂိုနှင့်ဂီတာဖေးတို့ကိုဂိုး၂၀နှင့်အထက်သွင်းယူခဲ့ပါတယ်။
အခုပြသလာမယ့်မှတ်တမ်းကိုကြည့်ရင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့
ဂိုးသွင်းယူမှုတွေကကြောက်ခမန်းလိလိဖြစ်နေတာတွေ့ရပါတယ်။
ရော်နယ်ဒိုဟာသူ့ရဲ့သွင်းဂိုးအားလုံးမှ၅၀၈ဂိုး(သို့မဟုတ်)၆၃ရာခိုင်နှုန်းကို
ညာခြေဖြင့်သွင်းယူခဲ့ပါတယ်။သူ့ရဲ့သွင်းဂိုး၁၄၉ဂိုးကိုဘယ်ခြေဖြင့်
သွင်းခဲ့တာဖြစ်ပြီးခေါင်းတိုက်သွင်းဂိုးက၁၄၀ဂိုးအထိရှိပါတယ်။
ရော်နယ်ဒိုဟာနောက်ပိုင်းနှစ်များမှာဖရီးကစ်ကနေဂိုးသွင်းနိုင်မှုစွမ်း
ကျဆင်းလာခဲ့တယ်ဆိုပေမယ့်ဖရီးကစ်ဂိုးပေါင်း၅၇ဂိုးအထိရှိပြီး
ပင်နယ်တီဂိုး၁၄၁ဂိုးအထိရှိပါတယ်။
သူဟာနောက်ပိုင်းနှစ်များမှာအထောင်တိုက်စစ်မှူးအဖြစ်နေရာပြောင်း
ကစားလာတယ်ဆိုပေမယ့်ဧရိယာအပြင်ကနေသွင်းဂိုးကများနေတုန်းဖြစ်ပါတယ်။
သူ့ရဲ့၁၁၆ဂိုးကဧရိယာအပြင်ကသွင်းတာဖြစ်ပါတယ်။
ဒါကိုကြည့်ရင်သူ့ရဲ့ပင်နယ်တီအတွင်းသွင်းဂိုးက
ဂိုးအားလုံးရဲ့၈၅ရာခိုင်နှုန်းအထိရှိနေပါတယ်။
ရော်နယ်ဒိုဟာကစားသမားဘဝတစ်လျှောက်ဟက်ထရစ်
၅၈ကြိမ်အထိသွင်းထားပြီးမက်ဆီထက်၅ကြိမ်ပိုများပါတယ်။
သူဟာပေါ်တူဂီအတွက်ဟက်ထရစ်၁၀ကြိမ်အထိသွင်းပေးထားပါတယ်။
zawgyi
ကလပ်နှင့်နိုင်ငံအတွက် ဂိုး ၇၉၉ ရှိလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
တကယ်လို့များစတမ်းဖို့ဒ်ဘရစ်ခ်ျမှာဂိုးသွင်းယူနိုင်မယ်ဆိုရင်