ကလပ်အသင်း(၁၃)သင်းက ပစ်မှတ်ထားခံနေရတဲ့ ယူနိုက်တက်နောက်ခံလူ ဖီးလ်ဂျုံးစ်

ပြီးခဲ့တဲ့(၁)နှစ်ကျော်ကာလအတွင်း အသင်းအတွက်တစ်ပွဲမှမကစားနိုင်ခဲ့တဲ့

မန်ချက်စတာယူနိုက်တက်နောက်ခံလူဖီးလ်ဂျုံးစ်ကိုခေါ်ယူဖို့ ကလပ်အသင်း

(၁၃)သင်းက ပစ်မှတ်ထားနေတယ်လို့သတင်းထွက်နေပါတယ်။

၂၀၂၀၊ ဇန်နဝါရီလတုန်းက ထရမ်မဲယားနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ

ယူနိုက်တက်အသင်းအတွက်နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ

ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်ခဲ့ရပြီး ဒီရာသီအစပိုင်းမှာတော့ ကြံ့ခိုင်မှုပြန်လည်

ပြည့်ဝလာတာကြောင့် အသင်းရဲ့ကွင်းပိတ်ခြေစမ်းပွဲတွေနဲ့ ယူ-၂၃အသင်းတွေမှာ

ပါဝင်ကစားခဲ့ပေမယ့် စီနီယာအသင်းမှာ ပါဝင်ကစားခွင့်မရသေးပါဘူး။

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ဖီးလ်ဂျုံးစ်ကိုခေါ်ယူလိုတဲ့အသင်းက

(၁၃)သင်းအထိရှိနေပြီး ဝက်ဖို့ဒ်၊ နယူးကာဆယ်အသင်းတို့ဟာ ဖီးလ်ဂျုံးစ်ကို

အငှားနဲ့ခေါ်ယူလိုနေတဲ့အပြင် ယူနိုက်တက်ဂန္ထဝင်ကစားသမားရွန်နီ

ကိုင်တွယ်နေတဲ့ ဒါဘီအသင်းအပါအဝင် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတွေကလည်း

ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုလောလောဆယ်ယူနိုက်တက်ခံစစ်မှာ ဗာရန်းဟာ

ဒဏ်ရာကြောင့်အနားယူနေရသလို၊ လင်ဒီလော့ဖ်ကလည်း ကြံ့ခိုင်မှု

မပြည့်ဝသေးတာကြောင့် ဆိုးလ်ရှားအနေနဲ့ ဇန်နဝါရီမှာ ဖီးလ်ဂျုံးစ်ကို

လက်လွှတ်ခံဖို့မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

zawgyi

ကလပ္အသင္း(၁၃)သင္းက ပစ္မွတ္ထားခံေနရတဲ့ ယူႏိုက္တက္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္

ၿပီးခဲ့တဲ့(၁)ႏွစ္ေက်ာ္ကာလအတြင္း အသင္းအတြက္တစ္ပြဲမွမကစားႏိုင္ခဲ့တဲ့

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ကိုေခၚယူဖို႔ ကလပ္အသင္း

(၁၃)သင္းက ပစ္မွတ္ထားေနတယ္လို႔သတင္းထြက္ေနပါတယ္။

၂၀၂၀၊ ဇန္နဝါရီလတုန္းက ထရမ္မဲယားနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ

ယူႏိုက္တက္အသင္းအတြက္ေနာက္ဆုံးပါဝင္ကစားခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္ဟာ

ဒဏ္ရာျပႆနာေတြနဲ႔သာ႐ုန္းကန္ခဲ့ရၿပီး ဒီရာသီအစပိုင္းမွာေတာ့ ႀကံ့ခိုင္မႈျပန္လည္

ျပည့္ဝလာတာေၾကာင့္ အသင္းရဲ႕ကြင္းပိတ္ေျခစမ္းပြဲေတြနဲ႔ ယူ-၂၃အသင္းေတြမွာ

ပါဝင္ကစားခဲ့ေပမယ့္ စီနီယာအသင္းမွာ ပါဝင္ကစားခြင့္မရေသးပါဘူး။

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ ဖီးလ္ဂ်ဳံးစ္ကိုေခၚယူလိုတဲ့အသင္းက

(၁၃)သင္းအထိရွိေနၿပီး ဝက္ဖို႔ဒ္၊ နယူးကာဆယ္အသင္းတို႔ဟာ ဖီးလ္ဂ်ဳံးစ္ကို

အငွားနဲ႔ေခၚယူလိုေနတဲ့အျပင္ ယူႏိုက္တက္ဂႏၴဝင္ကစားသမား႐ြန္နီ

ကိုင္တြယ္ေနတဲ့ ဒါဘီအသင္းအပါအဝင္ လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းေတြကလည္း

ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အခုေလာေလာဆယ္

ယူႏိုက္တက္ခံစစ္မွာ ဗာရန္းဟာ ဒဏ္ရာေၾကာင့္အနားယူေနရသလို၊

လင္ဒီေလာ့ဖ္ကလည္း ႀကံ့ခိုင္မႈမျပည့္ဝေသးတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔

ဇန္နဝါရီမွာ ဖီးလ္ဂ်ဳံးစ္ကို လက္လႊတ္ခံဖို႔မရွိဘူးလို႔ ၿဗိတိန္မီဒီယာေတြက

သုံးသပ္ခဲ့ပါတယ္။