
အိမ်ကွင်းမှာ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့ကို နည်းဗျူဟာပိုင်းအရရော၊
ကစားသမားတစ်ဦးချင်းစီရဲ့အားထုတ်မှုအပိုင်းအရပါ အသည်းအသန်ကစားခဲ့ရတဲ့
လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ
ကလေးနဲ့လူကြီးကစားသလိုကစားပြပြီးတော့ (၅-ဝ)ဂိုးပြတ်ဆိုတဲ့အနိုင်ရလဒ်ရယူခဲ့ပါတယ်။
ဒီအနေအထားတွေကိုကြည့်ရင် ယူနိုက်တက်နဲ့ လီဗာပူးလ်၊ ချယ်လ်ဆီး၊
မန်စီးတီးအသင်းတို့ကြားက ကွာဟချက်က ဘယ်လောက်အထိကြီးမားနေပြီလဲဆိုတာ
ကောင်းကောင်းမြင်တွေ့ရမှာပါပဲ။
ကစားသမားတစ်ဦးချင်းစီရဲ့အရည်အသွေးပိုင်းက ကွာခြားမှုရှိနေတဲ့အပြင်
နည်းပြယာဂန်ကလော့ပ်နဲ့ဆိုးလ်ရှားတို့ရဲ့ Tactical Idea ပိုင်းကလည်း
မိုးနဲ့မြေလိုဖြစ်နေတာကြောင့် ဒီလိုရလဒ်ထွက်လာတာ သိပ်တော့မဆန်းပါဘူး။
ပွဲမစခင်ကတည်းက လီဗာပူးလ်ကို ယူနိုက်တက် မနိုင်လောက်ဘူးဆိုတာ
သိနေပေမယ့်လည်း ဒီလောက်အထိပုံပျက်ပန်းပျက်ဖြစ်လိမ့်မယ်လို့တော့ မထင်ခဲ့တာအမှန်ပါပဲ။
ယူနိုက်တက်အသင်းခံစစ်(၄)ယောက်က ဒီပွဲမှ ပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့
ချာတိတ်တွေလိုပုံစံဖြစ်နေပြီး မက်ဂွိုင်းယားကတော့
ရတဲ့ဈေးနဲ့ပြန်ရောင်းသင့်နေပြီလို့တောင်ထင်မိတယ်။
ဆိုးလ်ရှားရဲ့ Predictable ဖြစ်နေတဲ့ကစားကွက်ကို ပြိုင်ဘက်နည်းပြတွေအကုန်လုံး
ကြိုတင်ခန့်မှန်းနိုင်တဲ့အပြင် ယူနိုက်တက်အသင်းဟာ ကစားသမားကေင်းတွေ
ရှိပါလျက်နဲ့ တပ်ပျက်နေတဲ့အစုအဖွဲ့ကြီးလိုဖြစ်နေတာကတော့ စိတ်ပျက်စရာပါပဲ။
လီဗာပူးလ်ရခဲ့တဲ့ဂိုးတွေအားလုံးက အရမ်းကြီးအားထုတ်ခဲ့ရတာမျိုးမပါခဲ့ဘဲ
ယူနိုက်တက်ခံစစ်ရဲ့ကယောင်ချောက်ချားဖြစ်နေတဲ့ကစားဟန်ကြောင့်
ဂိုးတွေလွယ်လွယ်ကူကူရခဲ့တာပဲဖြစ်ပါတယ်။
ဒါတောင် ပထမပိုင်းမှာ ရပ်ရှ်ဖို့ဒ် ရူးကြောင်မူးကြောင်နဲ့ လီဗာပူးလ်ဧရိယာ
ဘက်ခြမ်းကနေ ဘာစိတ်ကူးပေါက်လို့ Back Pass ပြန်ပေးလိုက်တာလဲတော့မသိ၊
ဆာလာရဲ့ကန်ချက်ကို ဒီဂီယာကာကွယ်နိုင်လို့ ယူနိုက်တက် အခုထက်ပိုးဆိုးပက်စက်မဖြစ်ခဲ့ရတာပါ။
ပွဲအစ(၄)မိနစ်ကျော်လောက်ကတည်းက လီဗာပူးလ်အဖွင့်ဂိုးရခဲ့ပြီး
ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှောတို့ Position Out နေတာကနေ ဆာလာ
လွတ်လွတ်ကျွတ်ကျွတ်ထိုးပေးလိုက်တာကို ကီတာ အပိုင်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒုတိယဂိုးကတော့ မက်ဂွိုင်းယားရဲ့အဆင့်အတန်းကို ဖော်ပြခဲ့တာဖြစ်သလို
သူဟာ အသင်းခေါင်းဆောင်ရာထူးနဲ့ရော၊ ယူနိုက်တက်လိုအသင်းမျိုးမှာ
ကစားခွင့်ရဖို့ပါ မထိုက်တန်တဲ့ကစားသမားမျိုးဆိုတာ ပြီးခဲ့တဲ့လက်စတာနဲ့ပွဲ၊
အခုပွဲတွေမှာ သက်သေထပ်ပြလိုက်တယ်။
လုခ်ရှောနဲ့ မက်ဂွိုင်းယားတို့ ဟိုလိုလိုဒီလိုလိုဖြစ်နေတာကနေ လွတ်ထွက်သွားတဲ့
ဘောလုံးကို ညာခြမ်းက အာနိုးလ် ဖြတ်ချိုးပေးလိုက်တာကို ဂျိုတာက ပိတ်သွင်းယူခဲ့ပါတယ်။
အတ္တလန်တာနဲ့ပွဲတုန်းကလို (၂)ဂိုးပြတ်အရှုံးကနေ Comeback ပြန်လာဖို့
ယူနိုက်တက်ပရိသတ်တွေ မဝံ့မရဲမျှော်လင့်ကြပေမယ့် လီဗာပူးလ်ဟာ အတ္တလန်တာမဟုတ်ခဲ့ပါဘူး။
အဲဒါကြောင့်ပဲ ပထမပိုင်းမှာ ဆာလာက နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး
ဒုတိယပိုင်းစလို့ (၅)မိနစ်အကြာမှာပဲ ဟက်ထရစ်ဖြစ်မယ့် တတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်နဲ့တွမ်မီနေးတို့ဟာ Double Pivot နေရာမှာ
ကစားနေပေမယ့် ဘောလုံးလည်းမဖျက်နိုင်၊ တိုက်စစ်ကိုလည်း မလိုက်နိုင်နဲ့
တော်တော်လေးပုံပျက်ပန်းပျက်ဖြစ်ခဲ့တယ်။
ပိုဆိုးတာက ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ ပေ့ါဘာ မိနစ်ပိုင်းလောက်သာကစားခဲ့ရပြီး
ကီတာကို အဝင်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့်
ယူနိုက်တက်ဘဝက ‘နူရာ ဝဲဆွဲ’တဲ့ဘဝကိုရောက်သွားတော့တာပါပဲ။
မိနစ်(၇၀)ကျော်လောက်မှာ ပွဲက ဘယ်လိုမှကို ကြည့်မကောင်းတော့တဲ့အပြင်
ယူနိုက်တက်ကစားသမားတွေဟာ ကိုယ့်ပရိသတ်တွေကို လေးစားတဲ့အနေနဲ့
ချေပဂိုးပြန်ရအောင်သွင်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမရှိဘဲ ပွဲမြန်မြန်ပြီးရင်ပြီးရောဆိုတဲ့
ပုံစံမျိုးနဲ့ကစားနေတာက တော်တော်ဒေါသထွက်ဖို့ကောင်းတယ်။
အခုရှုံးပွဲက ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြထိုင်ခုံမှာ ဆက်ရှိနေသင့်လား၊
နည်းပြအပြောင်းအလဲလုပ်သင့်နေပြီလားဆိုတဲ့မေးခွန်းအတွက် ဘယ်လိုမှ
ဆင်ခြေပေးစရာမရှိတော့တဲ့ အကောင်းဆုံးအဖြေတစ်ခုပဲဖြစ်ပြီး မော်ရင်ဟိုတုန်းက
လီဗာပူးလ်ကို(၃-၁)ဂိုးနဲ့ရှုံးခဲ့အပြီးမှာပဲ ရာထူးက အထုတ်ခံခဲ့ရသလို၊ အခု
ဆိုးလ်ရှားလည်း မော်ရင်ဟိုလမ်းစဉ်လိုက်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။
zawgyi
ကေလာ့ပ္နဲ႔ဆိုးလ္ရွားတို႔ရဲ႕ Tactical Idea ပိုင္းက မိုးနဲ႔ေျမလိုျဖစ္ေနတာေၾကာင့္ ဒီလိုရလဒ္ထြက္လာတာ သိပ္ေတာ့မဆန္းပါဘူး
အိမ္ကြင္းမွာ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းတို႔ကို နည္းဗ်ဴဟာပိုင္းအရေရာ၊
ကစားသမားတစ္ဦးခ်င္းစီရဲ႕အားထုတ္မႈအပိုင္းအရပါ အသည္းအသန္ကစားခဲ့ရတဲ့
လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ
ကေလးနဲ႔လူႀကီးကစားသလိုကစားျပၿပီးေတာ့ (၅-ဝ)ဂိုးျပတ္ဆိုတဲ့အႏိုင္ရလဒ္ရယူခဲ့ပါတယ္။
ဒီအေနအထားေတြကိုၾကည့္ရင္ ယူႏိုက္တက္နဲ႔ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊
မန္စီးတီးအသင္းတို႔ၾကားက ကြာဟခ်က္က ဘယ္ေလာက္အထိႀကီးမားေနၿပီလဲဆိုတာ
ေကာင္းေကာင္းျမင္ေတြ႕ရမွာပါပဲ။
ကစားသမားတစ္ဦးခ်င္းစီရဲ႕အရည္အေသြးပိုင္းက ကြာျခားမႈရွိေနတဲ့အျပင္
နည္းျပယာဂန္ကေလာ့ပ္နဲ႔ဆိုးလ္ရွားတို႔ရဲ႕ Tactical Idea ပိုင္းကလည္း
မိုးနဲ႔ေျမလိုျဖစ္ေနတာေၾကာင့္ ဒီလိုရလဒ္ထြက္လာတာ သိပ္ေတာ့မဆန္းပါဘူး။
ပြဲမစခင္ကတည္းက လီဗာပူးလ္ကို ယူႏိုက္တက္ မႏိုင္ေလာက္ဘူးဆိုတာ
သိေနေပမယ့္လည္း ဒီေလာက္အထိပုံပ်က္ပန္းပ်က္ျဖစ္လိမ့္မယ္လို႔ေတာ့ မထင္ခဲ့တာအမွန္ပါပဲ။
ယူႏိုက္တက္အသင္းခံစစ္(၄)ေယာက္က ဒီပြဲမွ ပထမဆုံးပြဲထြက္ကစားခြင့္ရတဲ့
ခ်ာတိတ္ေတြလိုပုံစံျဖစ္ေနၿပီး မက္ဂြိဳင္းယားကေတာ့
ရတဲ့ေဈးနဲ႔ျပန္ေရာင္းသင့္ေနၿပီလို႔ေတာင္ထင္မိတယ္။
ဆိုးလ္ရွားရဲ႕ Predictable ျဖစ္ေနတဲ့ကစားကြက္ကို ၿပိဳင္ဘက္နည္းျပေတြအကုန္လုံ
းႀကိဳတင္ခန႔္မွန္းႏိုင္တဲ့အျပင္ ယူႏိုက္တက္အသင္းဟာ ကစားသမားေကင္းေတြ
ရွိပါလ်က္နဲ႔ တပ္ပ်က္ေနတဲ့အစုအဖြဲ႕ႀကီးလိုျဖစ္ေနတာကေတာ့ စိတ္ပ်က္စရာပါပဲ။
လီဗာပူးလ္ရခဲ့တဲ့ဂိုးေတြအားလုံးက အရမ္းႀကီးအားထုတ္ခဲ့ရတာမ်ိဳးမပါခဲ့ဘဲ
ယူႏိုက္တက္ခံစစ္ရဲ႕ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတဲ့ကစားဟန္ေၾကာင့္
ဂိုးေတြလြယ္လြယ္ကူကူရခဲ့တာပဲျဖစ္ပါတယ္။
ဒါေတာင္ ပထမပိုင္းမွာ ရပ္ရွ္ဖို႔ဒ္ ႐ူးေၾကာင္မူးေၾကာင္နဲ႔ လီဗာပူးလ္ဧရိယာ
ဘက္ျခမ္းကေန ဘာစိတ္ကူးေပါက္လို႔ Back Pass ျပန္ေပးလိုက္တာလဲေတာ့မသိ၊
ဆာလာရဲ႕ကန္ခ်က္ကို ဒီဂီယာကာကြယ္ႏိုင္လို႔ ယူႏိုက္တက္ အခုထက္ပိုးဆိုးပက္စက္မျဖစ္ခဲ့ရတာပါ။
ပြဲအစ(၄)မိနစ္ေက်ာ္ေလာက္ကတည္းက လီဗာပူးလ္အဖြင့္ဂိုးရခဲ့ၿပီး
ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ လုခ္ေရွာတို႔ Position Out ေနတာကေန ဆာလာ
လြတ္လြတ္ကြၽတ္ကြၽတ္ထိုးေပးလိုက္တာကို ကီတာ အပိုင္သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒုတိယဂိုးကေတာ့ မက္ဂြိဳင္းယားရဲ႕အဆင့္အတန္းကို ေဖာ္ျပခဲ့တာျဖစ္သလို
သူဟာ အသင္းေခါင္းေဆာင္ရာထူးနဲ႔ေရာ၊ ယူႏိုက္တက္လိုအသင္းမ်ိဳးမွာ
ကစားခြင့္ရဖို႔ပါ မထိုက္တန္တဲ့ကစားသမားမ်ိဳးဆိုတာ ၿပီးခဲ့တဲ့လက္စတာနဲ႔ပြဲ၊
အခုပြဲေတြမွာ သက္ေသထပ္ျပလိုက္တယ္။
လုခ္ေရွာနဲ႔ မက္ဂြိဳင္းယားတို႔ ဟိုလိုလိုဒီလိုလိုျဖစ္ေနတာကေန လြတ္ထြက္သြားတဲ့
ေဘာလုံးကို ညာျခမ္းက အာႏိုးလ္ ျဖတ္ခ်ိဳးေပးလိုက္တာကို ဂ်ိဳတာက ပိတ္သြင္းယူခဲ့ပါတယ္။
အတၱလန္တာနဲ႔ပြဲတုန္းကလို (၂)ဂိုးျပတ္အရႈံးကေန Comeback ျပန္လာဖို႔
ယူႏိုက္တက္ပရိသတ္ေတြ မဝံ့မရဲေမွ်ာ္လင့္ၾကေပမယ့္ လီဗာပူးလ္ဟာ အတၱလန္တာမဟုတ္ခဲ့ပါဘူး။
အဲဒါေၾကာင့္ပဲ ပထမပိုင္းမွာ ဆာလာက ႏွစ္ဂိုးဆက္တိုက္သြင္းယူခဲ့ၿပီး
ဒုတိယပိုင္းစလို႔ (၅)မိနစ္အၾကာမွာပဲ ဟက္ထရစ္ျဖစ္မယ့္ တတိယေျမာက္ဂိုးသြင္းယူခဲ့ပါတယ္။
ယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္နဲ႔တြမ္မီေနးတို႔ဟာ Double Pivot ေနရာမွ
ာကစားေနေပမယ့္ ေဘာလုံးလည္းမဖ်က္ႏိုင္၊ တိုက္စစ္ကိုလည္း မလိုက္ႏိုင္နဲ႔
ေတာ္ေတာ္ေလးပုံပ်က္ပန္းပ်က္ျဖစ္ခဲ့တယ္။
ပိုဆိုးတာက ဒုတိယပိုင္းမွာလူစားဝင္လာတဲ့ ေပ့ါဘာ မိနစ္ပိုင္းေလာက္သာကစားခဲ့ရၿပီး
ကီတာကို အဝင္ၾကမ္းခဲ့လို႔ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရတာေၾကာင့္
ယူႏိုက္တက္ဘဝက ‘ႏူရာ ဝဲဆြဲ’တဲ့ဘဝကိုေရာက္သြားေတာ့တာပါပဲ။
မိနစ္(၇၀)ေက်ာ္ေလာက္မွာ ပြဲက ဘယ္လိုမွကို ၾကည့္မေကာင္းေတာ့တဲ့အျပင္
ယူႏိုက္တက္ကစားသမားေတြဟာ ကိုယ့္ပရိသတ္ေတြကို ေလးစားတဲ့အေနနဲ႔
ေခ်ပဂိုးျပန္ရေအာင္သြင္းမယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးမရွိဘဲ ပြဲျမန္ျမန္ၿပီးရင္ၿပီးေရာဆိုတဲ့
ပုံစံမ်ိဳးနဲ႔ကစားေနတာက ေတာ္ေတာ္ေဒါသထြက္ဖို႔ေကာင္းတယ္။
အခုရႈံးပြဲက ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပထိုင္ခုံမွာ ဆက္ရွိေနသင့္လား၊
နည္းျပအေျပာင္းအလဲလုပ္သင့္ေနၿပီလားဆိုတဲ့ေမးခြန္းအတြက္ ဘယ္လိုမွ
ဆင္ေျခေပးစရာမရွိေတာ့တဲ့ အေကာင္းဆုံးအေျဖတစ္ခုပဲျဖစ္ၿပီး ေမာ္ရင္ဟိုတုန္းက
လီဗာပူးလ္ကို(၃-၁)ဂိုးနဲ႔ရႈံးခဲ့အၿပီးမွာပဲ ရာထူးက အထုတ္ခံခဲ့ရသလို၊ အခု
ဆိုးလ္ရွားလည္း ေမာ္ရင္ဟိုလမ္းစဥ္လိုက္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါပဲ။