ကလော့ပ်ဟာ ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဒိုင်တွေကို လွှမ်းမိုးမှုတွေ ပြုလုပ်ထားတယ်လို့ ကွင်းလယ်ဒိုင်ဟောင်း စွပ်စွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်း ကလက်တန်ဘာ့ဂျ်က အခုအပတ်မှာ ကစားမယ့် လီဗာပူး နဲ့ ယူနိုက်တက်ပွဲမတိုင်ခင် ကလောပ်အနေနဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး ကြောင်သူတော်ဆန်နေတာကို ရပ်တန့်သင့်ပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ကြားရက်က ဆိုးလ်ရှားရဲ့ယူနိုက်တက် ဘန်လေကိုအနိုင်ရရှိခဲ့တာကြောင့် ကျော်တက်ခြင်းခံခဲ့ရပါတယ်။


ဂျာမန်သားဟာ တကယ်လို့အခုလာမယ့်အပတ်မှာသာ ယူနိုက်တက်ကိုအရေးနိမ့်ခဲ့ရင် ဖိအားတွေများလာနိုင်ပြီး မကြာသေးခင်တုန်းက ဆောက်သမ်တန်နဲ့ပွဲမှာလည်း သူ့ရဲ့အသင်းဟာ ပင်နယ်တီ ၂ ကြိမ်လျစ်လျူရှုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အချို့ကတော့ ကလော့ပ်ဟာ ဒီရာသီမှာ ပင်နယ်တီနဲ့ပတ်သက်ပြီး ဒေါသထွက်နေတယ်လို့ သုံးသပ်နေကြပေမယ့် ကလက်တန်ဘာ့ဂျ်က ဂျာမန်သားအနေနဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး ကြောင်သူတော်လုပ်နေတာကို ရပ်သင့်ပြီလို့ ဆိုခဲ့ပါတယ်။


“ကလော့ပ်ကတော့ အခုအပတ်မှာတွေ့ဆုံမယ့် ယူနိုက်တက်ကို ပင်နယ်တီနဲ့ပတ်သက်ပြီး စိုးရိမ်နေလောက်ပါတယ်။ ကလော့ပ်ရဲ့စိုးရိမ်မှုက မှန်ကန်ပါတယ်။
ဘာလို့လဲဆိုတော့ ၂ နှစ်အတွင်းမှာ ယူနိုက်တက်က လီဗာပူးထက်ပင်နယ်တီပိုရထားပါတယ်။ ဒါပေမဲ့ အဲ့လိုရလို့ စွပ်စွဲနေတာကတော့ ကြောင်သူတော်နိုင်လွန်းပါတယ်”လု့ိ ကလက်တန်ဘာ့ဂျ်က ပြောကြားခဲ့ပါတယ်။


အသက် ၄၅ နှစ်သားကတော့ ၂၀၁၇ ခုနှစ်က ဖိုင်နယ် ၃ ခုဖြစ်တဲ့ အက်ဖ်အေ ၊ ချန်ပီယံလိဂ် နဲ့ ယူရိုဖိုင်နယ်တွေအပြီးမှာ ဒိုင်ဘဝကနေ အနားယူခဲ့ပါတယ်။
“ကျွန်တော် ဒီရာသီယူနိုက်တက်ကို အနီးကပ်စောင့်ကြည့်ဖြစ်ပါတယ်။ သူတို့ရရှိတဲ့ ပင်နယ်တီ ၁၁ ကြိမ်မှာ ၅ ကြိမ်လောက်က ထိခိုက်မိလို့ ရရှိခဲ့တာပါ”လို့ ကလက်တန်ဘာ့ဂျ်က ပြောကြားခဲ့ပါတယ်။


ဒါပေမဲ့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကွင်းလယ်ဒိုင်တွေကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ မာနေးတစ်ယောက် အလွယ်တကူပဲ ပင်နယ်တီရရှိအောင် လဲကျခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
လီဗာပူးဟာ တနင်္ဂနွေနေ့မှာ ယူနိုက်တက်အသင်းနဲ့ အန်ဖီးလ်မှာရင်ဆိုင်ရမှာဖြစ်ပြီး အရေးနိမ့်ခဲ့ပါက ၆ မှတ်အထိ ကွာဟသွားဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ကေလာ့ပ္ဟာ ေၾကာင္သူေတာ္တစ္ဦးျဖစ္ၿပီး ဒိုင္ေတြကို လႊမ္းမိုးမႈေတြ ျပဳလုပ္ထားတယ္လို႔ ကြင္းလယ္ဒိုင္ေဟာင္း စြပ္စြဲ
=================

ပရီးမီးယားလိဂ္ကြင္းလယ္ဒိုင္ေဟာင္း ကလက္တန္ဘာ့ဂ်္က အခုအပတ္မွာ ကစားမယ့္ လီဗာပူး နဲ႔ ယူႏိုက္တက္ပြဲမတိုင္ခင္ ကေလာပ္အေနနဲ႔ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ေၾကာင္သူေတာ္ဆန္ေနတာကို ရပ္တန႔္သင့္ၿပီလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ ၾကားရက္က ဆိုးလ္ရွားရဲ႕ယူႏိုက္တက္ ဘန္ေလကိုအႏိုင္ရရွိခဲ့တာေၾကာင့္ ေက်ာ္တက္ျခင္းခံခဲ့ရပါတယ္။
ဂ်ာမန္သားဟာ တကယ္လို႔အခုလာမယ့္အပတ္မွာသာ ယူႏိုက္တက္ကိုအေရးနိမ့္ခဲ့ရင္ ဖိအားေတြမ်ားလာႏိုင္ၿပီး မၾကာေသးခင္တုန္းက ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း သူ႔ရဲ႕အသင္းဟာ ပင္နယ္တီ ၂ ႀကိမ္လ်စ္လ်ဴရႈျခင္းခံခဲ့ရတာျဖစ္ပါတယ္။
အခ်ိဳ႕ကေတာ့ ကေလာ့ပ္ဟာ ဒီရာသီမွာ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနတယ္လို႔ သုံးသပ္ေနၾကေပမယ့္ ကလက္တန္ဘာ့ဂ်္က ဂ်ာမန္သားအေနနဲ႔ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ေၾကာင္သူေတာ္လုပ္ေနတာကို ရပ္သင့္ၿပီလို႔ ဆိုခဲ့ပါတယ္။
“ကေလာ့ပ္ကေတာ့ အခုအပတ္မွာေတြ႕ဆုံမယ့္ ယူႏိုက္တက္ကို ပင္နယ္တီနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနေလာက္ပါတယ္။ ကေလာ့ပ္ရဲ႕စိုးရိမ္မႈက မွန္ကန္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ၂ ႏွစ္အတြင္းမွာ ယူႏိုက္တက္က လီဗာပူးထက္ပင္နယ္တီပိုရထားပါတယ္။ ဒါေပမဲ့ အဲ့လိုရလို႔ စြပ္စြဲေနတာကေတာ့ ေၾကာင္သူေတာ္ႏိုင္လြန္းပါတယ္”လု႔ိ ကလက္တန္ဘာ့ဂ်္က ေျပာၾကားခဲ့ပါတယ္။
အသက္ ၄၅ ႏွစ္သားကေတာ့ ၂၀၁၇ ခုႏွစ္က ဖိုင္နယ္ ၃ ခုျဖစ္တဲ့ အက္ဖ္ေအ ၊ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုဖိုင္နယ္ေတြအၿပီးမွာ ဒိုင္ဘဝကေန အနားယူခဲ့ပါတယ္။
“ကြၽန္ေတာ္ ဒီရာသီယူႏိုက္တက္ကို အနီးကပ္ေစာင့္ၾကည့္ျဖစ္ပါတယ္။ သူတို႔ရရွိတဲ့ ပင္နယ္တီ ၁၁ ႀကိမ္မွာ ၅ ႀကိမ္ေလာက္က ထိခိုက္မိလို႔ ရရွိခဲ့တာပါ”လို႔ ကလက္တန္ဘာ့ဂ်္က ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့ ေဆာ္ဒီေဘာလုံးအဖြဲ႕ခ်ဳပ္ကြင္းလယ္ဒိုင္ေတြကေတာ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ မာေနးတစ္ေယာက္ အလြယ္တကူပဲ ပင္နယ္တီရရွိေအာင္ လဲက်ခဲ့တယ္လို႔ ေဝဖန္ခဲ့ပါတယ္။
လီဗာပူးဟာ တနဂၤေႏြေန႔မွာ ယူႏိုက္တက္အသင္းနဲ႔ အန္ဖီးလ္မွာရင္ဆိုင္ရမွာျဖစ္ၿပီး အေရးနိမ့္ခဲ့ပါက ၆ မွတ္အထိ ကြာဟသြားဖြယ္ရွိေနပါတယ္။