ကလော့ပ်အတွက် ဗဟိုနောက်ခံလူနေရာမှာ ရွေးချယ်စရာ ဆယ်ကျော်သက် လူငယ်တွေသာ ကျန်ရှိ ပြိုင်ဘက်မန်စီးတီးရဲ့ ပြင်ဆင်ချိန်မလုံလောက်မှုကိုလည်း ကိုယ်ချင်းစာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဓိကနောက်ခံလူ ဗန်ဒိုက် ဒဏ်ရာရနေတဲ့အချိန်မှာ ကွင်းလယ်ခံစစ်ကစားသမား ဖြစ်တဲ့ ဖာဘင်ဟိုက လီဗာပူးအတွက် ဗဟိုနောက်ခံလူအဖြစ် ဂိုမက်ဇ်နဲ့တွဲပြီး ကစားပေးနေတာကြောင့် လတ်တလောအဆင်ပြေနေပေမယ့် အခုတော့ ဖာဘင် ဟိုပါ ဒဏ်ရာရသွားတာကြောင့် နည်းပြကလော့ပ်အတွက်တော့ အကြီးအကျယ် ခေါင်းစားစရာဖြစ်လာပါတယ်။

ရာသီသစ်မစခင် လိုဗရန်ကလည်း အသင်းပြောင်း သွားတာကြောင့် လီဗာပူးနောက်တန်းဟာ အခုဆိုရင် အာနိုးနဲ့ ရောဘတ်ဆန် တို့ရဲ့ တောင်ပံ ၂ ဖက်ကလွဲပြီး ဗဟိုခံစစ်နေရာဟာ အတော်လေးပြဿနာ ရှိနေပြီဖြစ် ပါတယ်။

ကလော့ပ်အနေနဲ့ ရွေးချယ်စရာနောက်ခံလူ ၃ ဦး ကျန်နေ သေးပြီး သူတို့ကိုလည်း လျှော့မတွက်သင့်ပါဘူးလို့ ပြောကြားထားပါတယ်။

ကလော့ပ်က “ကျွန်တော့်နောက်တန်းမှာ ဝီလီယံ၊ ဖိလစ်နဲ့ ဘီလီတို့ရှိပါသေးတယ်။ ကံဆိုးတာက ချန်ပီယံလိဂ်အပြီး ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲက ၄ ရက်ပဲ ပြင်ဆင်ချိန်ရတာပါ။

ဝီလီယံဟာ အင်္ဂလန်ယူ-၂၀ အသင်းမှာလည်း သူ့ရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲမှမကစားရသေးပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ အတွေ့အကြုံ ၂ ပွဲရှိပါပြီ။

သူ ပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၂ ပွဲစလုံးမှာ လီဗာပူးက အနိုင်ရခဲ့ပါတယ်။ နောက်ပြီး ဖိလစ်က ချန်ပီယံလိဂ်အသင်း လူစာရင်းမှာမပါထားပါဘူး။ ဒါပေမဲ့ သူဟာ အံ့အားသင့်ဖို့ကောင်းတဲ့လူငယ် ကစားသမားကောင်းတစ်ဦးဖြစ်ပြီး အသင်းအတွက် အသုံးတည့်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ အခုချိန်မှာ ဘယ်သူ့ကို ပွဲထွက်အဖြစ်အသုံးပြုမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဝီလီယံဟာ Non League ကနေ ချန်ပီယံလိဂ်အထိ ပြိုင်ပွဲစုံကစားခဲ့ဖူးတဲ့သူလည်းဖြစ်ပြီး ဒီ ဆယ်ကျော် သက်ကစားသမားဟာ လီဗာပူးနောက်တန်းအတွက် အရေးပေါ်ဖြေရှင်းစရာလက် နက်ဖြစ်လာလိမ့်မယ်လို့ ထင်နေကြပါတယ်။ အလားတူ ကလော့ပ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုအပေါ်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့နဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေပါ။ သူတို့နဲ့ သူငယ်ချင်းလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ကို အင်္ဂါနေ့ညမှာကစားထား ပြီး စနေညနေအစောပိုင်းမှာ မန်စီးတီးက ပွဲကစားရပါတယ်။

ကျွန်တော်တို့ထက် တောင် ပြင်ဆင်ချိန်နည်းသေးတယ်။ ဒီလိုအနေအထားမျိုးက မဖြစ်သင့်တာကို ပရီးမီးယားလိဂ်က ဘယ်တော့မှနားလည်မှာမဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကေလာ့ပ္အတြက္ ဗဟိုေနာက္ခံလူေနရာမွာ ေရြးခ်ယ္စရာ ဆယ္ေက်ာ္သက္ လူငယ္ေတြသာ က်န္ရွိ
ၿပိဳင္ဘက္မန္စီးတီးရဲ႕ ျပင္ဆင္ခ်ိန္မလံုေလာက္မႈကိုလည္း ကိုယ္ခ်င္းစာ

အဓိကေနာက္ခံလူ ဗန္ဒိုက္ ဒဏ္ရာရေနတဲ့အခ်ိန္မွာ ကြင္းလယ္ခံစစ္ကစားသမား ျဖစ္တဲ့ ဖာဘင္ဟိုက လီဗာပူးအတြက္ ဗဟိုေနာက္ခံလူအျဖစ္ ဂိုမက္ဇ္နဲ႔တြဲၿပီး ကစားေပးေနတာေၾကာင့္ လတ္တေလာအဆင္ေျပေနေပမယ့္ အခုေတာ့ ဖာဘင္ ဟိုပါ ဒဏ္ရာရသြားတာေၾကာင့္ နည္းျပကေလာ့ပ္အတြက္ေတာ့ အႀကီးအက်ယ္ ေခါင္းစားစရာျဖစ္လာပါတယ္။

ရာသီသစ္မစခင္ လိုဗရန္ကလည္း အသင္းေျပာင္း သြားတာေၾကာင့္ လီဗာပူးေနာက္တန္းဟာ အခုဆိုရင္ အာႏိုးနဲ႔ ေရာဘတ္ဆန္ တို႔ရဲ႕ ေတာင္ပံ ၂ ဖက္ကလြဲၿပီး ဗဟိုခံစစ္ေနရာဟာ အေတာ္ေလးျပႆနာ ရွိေနၿပီျဖစ္ ပါတယ္။

ကေလာ့ပ္အေနနဲ႔ ေရြးခ်ယ္စရာေနာက္ခံလူ ၃ ဦး က်န္ေန ေသးၿပီး သူတို႔ကိုလည္း ေလွ်ာ့မတြက္သင့္ပါဘူးလို႔ ေျပာၾကားထားပါတယ္။

ကေလာ့ပ္က “ကၽြန္ေတာ့္ေနာက္တန္းမွာ ၀ီလီယံ၊ ဖိလစ္နဲ႔ ဘီလီတို႔ရွိပါေသးတယ္။ ကံဆိုးတာက ခ်န္ပီယံလိဂ္အၿပီး ၀က္စ္ဟမ္းနဲ႔ကစားရမယ့္ပြဲက ၄ ရက္ပဲ ျပင္ဆင္ခ်ိန္ရတာပါ။

၀ီလီယံဟာ အဂၤလန္ယူ-၂၀ အသင္းမွာလည္း သူ႕ရဲ႕စြမ္းရည္ကို ျပသႏိုင္ခဲ့ပါတယ္။ သူက ပရီးမီးယားလိဂ္ပြဲစဥ္ တစ္ပြဲမွမကစားရေသးေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အေတြ႕အႀကံဳ ၂ ပြဲရွိပါၿပီ။

သူ ပါ၀င္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၂ ပြဲစလံုးမွာ လီဗာပူးက အႏိုင္ရခဲ့ပါတယ္။ ေနာက္ၿပီး ဖိလစ္က ခ်န္ပီယံလိဂ္အသင္း လူစာရင္းမွာမပါထားပါဘူး။ ဒါေပမဲ့ သူဟာ အံ့အားသင့္ဖို႔ေကာင္းတဲ့လူငယ္ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး အသင္းအတြက္ အသံုးတည့္တဲ့သူပါ။
ကၽြန္ေတာ့္အေနနဲ႔ အခုခ်ိန္မွာ ဘယ္သူ႕ကို ပြဲထြက္အျဖစ္အသံုးျပဳမလဲဆိုတာ မဆံုးျဖတ္ရေသးပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

၀ီလီယံဟာ Non League ကေန ခ်န္ပီယံလိဂ္အထိ ၿပိဳင္ပြဲစံုကစားခဲ့ဖူးတဲ့သူလည္းျဖစ္ၿပီး ဒီ ဆယ္ေက်ာ္ သက္ကစားသမားဟာ လီဗာပူးေနာက္တန္းအတြက္ အေရးေပၚေျဖရွင္းစရာလက္ နက္ျဖစ္လာလိမ့္မယ္လို႔ ထင္ေနၾကပါတယ္။

အလားတူ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ဇယားေရးဆြဲမႈအေပၚကိုလည္း ေ၀ဖန္သြားခဲ့ပါတယ္။

ကေလာ့ပ္က “ကၽြန္ေတာ္တုိ႔နဲ႔ မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္ေတြပါ။ သူတို႔နဲ႔ သူငယ္ခ်င္းလည္းမဟုတ္ပါဘူး။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ကို အဂၤါေန႔ညမွာကစားထား ၿပီး စေနညေနအေစာပိုင္းမွာ မန္စီးတီးက ပြဲကစားရပါတယ္။

ကၽြန္ေတာ္တို႔ထက္ ေတာင္ ျပင္ဆင္ခ်ိန္နည္းေသးတယ္။ ဒီလိုအေနအထားမ်ဳိးက မျဖစ္သင့္တာကို ပရီးမီးယားလိဂ္က ဘယ္ေတာ့မွနားလည္မွာမဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။