ကလေးငယ်တွေ အိမ်တွင်း အကြမ်းဖက်မှု မခံရအောင် ကူညီတဲ့ Childline ကို ခရစ္စမတ်မှာ ဝိန်းရူနီဖောင်ဒေးရှင်းကပေါင် (၃)သောင်း ထပ်မံ လှူဒါန်း၊ ရူနီဖောင်ဒေးရှင်းဟာ အဲဒီအဖွဲ့ကိုငွေလှူဒါန်းနေတာ အခုဆိုရင် ပေါင် ၇၅၀၀၀ အထိရှိနေပြီဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဝိန်းရူနီတည်ထောင်ထားတဲ့ ဝိန်းရူနီဖောင်ဒေးရှင်း(Wayne Rooney’s foundation)ဟာ ဗြိတိန်မှာ ကလေးတွေရဲ့အတိုင်ပင်ခံလုပ်ငန်းကို ဆောင်ရွက်နေတဲ့ Childline ထံကို ပေါင် (၃)သောင်း လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
ဒီအဖွဲ့ကြီးကို ၁၉၈၆ ကစတင်ထူထောင်ခဲ့တာဖြစ်ပြီး ကလေးတွေ ညှင်းပမ်းခံရမှု၊ အနိုင်ကျင့်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု၊ မိဘတွေရဲ့အကွဲအပြဲ၊ လစ်လျူရှု့ခံရမှု၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရမှု အစရှိတာတွေကို ခံစားရသူတွေအတွက် ဖုန်းလိုင်းဖွင့်ပြီး အတိုင်ပင်ခံလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ရူနီဖောင်ဒေးရှင်းဟာ အဲဒီအဖွဲ့ကိုငွေလှူဒါန်းနေတာ အခုဆိုရင် ပေါင် ၇၅၀၀၀ အထိရှိနေပြီဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဗြိတိန်မှာရှိတဲ့ ကလေးများအပေါ်ရက်စက်မှုမှတားဆီးရေး လူမှုအဖွဲ့အစည်းဖြစ်တဲ့ NSPCC ကလည်းထောက်ခံပေးထားပါတယ်။
Childline ထံကိုပြီးခဲ့တဲ့ဧပြီကနေ အောက်တိုဘာလအတွင်းဆက်သွယ်ဆွေးနွေးမှုပေါင်း ၁သိန်း၄သောင်း အထိရှိခဲ့တယ်လို့လည်းသိရပါတယ်။
ရူနီကသူလှူဒါန်းရမှုနဲ့ ပတ်သက်ပြီး” နာကျင်ခံစားနေရပြီး ခရစ္စမတ်ကိုတောင် ကြောက်နေကြရတဲ့ ကလေးတွေရှိနေတာကို သိရလို့အရမ်းကိုခံစားရပါတယ်။ ကိုဗစ်ကပ်ရောဂါကလည်း ငယ်ရွယ်တဲ့သူတွေရဲ့ဘဝတွေကိုအများကြီး ထိခိုက်စေခဲ့တာပါ။
ဒါကြောင့် ကလေးတွေအနေနဲ့လိုအပ်ချက်တွေရှိနေချိန်မှာ Childline လိုအဖွဲ့ကြီးရှိနေဖို့က သိပ်ကိုအရေးကြီးပါတယ်” လို့ပြောသွားပါတယ်။ ရူနီဟာ NSPCC ရဲ့သံတမန်တစ်ဦးအဖြစ် ၂၀၁၅ ကတည်းကဆောင်ရွက်နေသူဖြစ်ပြီး အဲဒီအဖွဲ့ကြီးရဲ့ Here for Children Christmas အစီအစဉ်ကိုလည်းထောက်ခံတယ်လို့ ဆိုခဲ့ပါတယ်။
ဒုက္ခမျိုးစုံတွေ့နေတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ခရစ္စမတ် ကာလမှာတတ်နိုင်သလောက် ဖြည့်ဆည်းပေးကြဖို့ မေတ္တာရပ်ခံတဲ့အနေနဲ့ Here for Children Christmas ကိုဦးဆောင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။
Childline တည်ထောင်သူ ဒိန်း အစ်စတာရန်ဇန် က “ကျွန်မကလေးဘဝတုန်းကတခြားကလေးတွေကသူတို့ရဲ့ပျော်ရွှင်ဖွယ်ခရစ်စမတ်အကြောင်းတွေ ပြောနေကြတဲ့အချိန်မှာ ကျွန်မက တစ်ယောက် တည်း ပြတင်းပေါက်ကနေပဲ ကြည့်နေခဲ့ရတာပါ။”
“ဒါကြောင့်ကျွန်မတို့က အထီးကျန်နေပြီးအကူအညီ အလွန်အမင်းလိုအပ်နေတဲ့ကလေးငယ်တွေနဲ့ လူငယ်တွေ အတွက် Childline ဟာ ဒီ အားလပ်ရက် ကာလတစ်လျှောက်လုံးမှာရှိနေပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတစ်လျှောက်လုံး လူငယ်တွေကို အထီကျန်မဖြစ်နေအောင် နှစ်သိမ့်ပေးဖို့နဲ့ သူတို့အကြမ်းဖက်မှု မခံရအောင် ကာကွယ်ဖို့အတွက် ကျွန်မ တို့ရဲ့ စေတနာ့ ဝန်ထမ်းတွေနဲ့ အဖွဲ့ရဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ကိုယ်ပိုင်အချိန်ကိုစွန့်လွှတ်ကြပြီး ကလေးတွေအတွက် ရှိနေပါလိမ့်မည်။ ကျွန်မတို့တွေရဲ့လုပ်ဆောက်မှုတွေဟာ ဝိန်းနဲ့ သူ့ရဲ့ ဖောင်ဒေးရှင်းလို ရက်ရောတဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုမပါဘဲ ကျွန်မတို့တွေ ဘယ်ကလေးငယ်တစ်ဦး ကိုမကူညီနိုင်ပါဘူး။
အထူးသဖြင့် အလွဲသုံးစားမှု၊ လျစ်လျူရှုမှု၊ စိတ်ဓာတ်ကျမှုနှင့် စိုးရိမ်ပူပန်မှုဝေဒနာခံစားနေရသည့်ကလေးသူငယ်တွေရဲ့ ခက်ခဲသောအချိန် တွေကို ကျွန်မတို့တွေ နားလည် ပြီး ကိုယ်ချင်းစာတာကြောင့် ဒီအဖွဲ့ကို လုပ်ဖြစ်ခဲ့တာပါ။ ခရစ္စမတ်မှာ ကျွန်မတို့ရဲ့ Childline ဝန်ဆောင်မှုကိုထောက်ပံ့ပေးတဲ့ဝိန်းကိုလည်း ကျွန်မတို့အလွန်ကျေးဇူးတင်ရှိပါတယ်။” ဆိုပြီးပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi