
အင်္ဂလန်လက်ရွေးစင်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ဇနီးသည်ဟာဆိုရှယ်မီဒီယာမှာ
ကိုဗစ်ကာကွယ်ဆေးမထိုးရေးလှုံ့ဆော်တဲ့ပို့စ်ကိုပြန်တင်မှုပြုလုပ်လာပါတယ်။
အသက်၂၅နှစ်အရွယ်ရှိမီဂန်ဒါဗီဆင်ဟာပြီးခဲ့တဲ့အပတ်တုန်းက
လန်ဒန်တွင် ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်မှုခံခဲ့ရတဲ့ Freedom Rally ဓာတ်ပုံတစ်ပုံကို
တင်လာခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ပို့စ်တွင်
“Even if you’re not conspiracy minded,something in your
soul has to say … something is wrong”ဆိုတဲ့ပိုစတာကိုင်ဆောင်ထားတဲ့
လူတစ်ဦးရဲ့ဓာတ်ပုံကိုတင်လာခဲ့တာဖြစ်ပါတယ်။
ယင်းဓာတ်ပုံနှင့်ပတ်သက်ပြီးသူမဘက်ကတစ်စုံတစ်ရာမှတ်ချက်မပြုထားပါဘူး။
မန်စီးတီးနောက်ခံလူဂျွန်စတုန်းရဲ့ချစ်သူဟာလည်းကိုဗစ်ကာကွယ်ဆေးထိုးမှု
ဆန့်ကျင်ရေးပို့စ်တင်ခဲ့ဖူးပါတယ်။
အသက်၃၂နှစ်ရှိအိုလီဗီယာက”ခရီးသွားရဖို့အတွက်ကာကွယ်ဆေးမထိုးကြနဲ့။
ခရီးမသွားရလို့ဘာမှမဖြစ်ဘူး။လူ့အခွင့်အရေးကအရမ်းအရေးကြီးတယ်။
ကာကွယ်ဆေးထိုးထားတယ်ဆိုရင်တောင် ဘာမှသက်သေမပြကြနဲ့။
ဒါကလည်းလူ့အခွင့်အရေးချိုးဖောက်တာပဲ”လို့ဆိုထားပါတယ်။
ဗြိတိန်တလွှားတွင်ကိုဗစ်မျိုးစိတ်သစ်အိုမီခရွန်ကူးစက်မှုကြောင့်
အစိုးရကတစ်နိုင်ငံကိုဗစ်ကာကွယ်ဆေးထိုးရေးအပြင်
နှစ်ကြိမ်ထိုးပြီးသူများကိုလည်း Booster Jab ထိုးရေး
အကြီးအကျယ်လှုပ်ရှားနေချိနတွင်၎င်းတို့ဟာကာကွယ်ဆေးမထိုးရေး
လှုံ့ဆော်နေကြတာလည်းဖြစ်ပါတယ်။
zawgyi
ကာကြယ္ေဆးမထိုးၾကနဲ႔။ ခရီးမသြားရလို႔ဘာမွမျဖစ္ဘူးလို႔ဆိုလာတဲ့ ပစ္ဖို႔ဒ္ရဲ႕ဇနီးမီဂန္ဒါဗီဆင္
အဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဂ်ာ္ဒန္ပစ္ဖို႔ဒ္ရဲ႕ဇနီးသည္ဟာဆိုရွယ္မီဒီယာမွာ
ကိုဗစ္ကာကြယ္ေဆးမထိုးေရးလႈံ႕ေဆာ္တဲ့ပို႔စ္ကိုျပန္တင္မႈျပဳလုပ္လာပါတယ္။
အသက္၂၅ႏွစ္အ႐ြယ္ရွိမီဂန္ဒါဗီဆင္ဟာၿပီးခဲ့တဲ့အပတ္တုန္းက
လန္ဒန္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားတိုက္ခိုက္မႈခံခဲ့ရတဲ့ Freedom Rally ဓာတ္ပုံတစ္ပုံကို
တင္လာခဲ့တာလည္းျဖစ္ပါတယ္။သူမရဲ႕ပို႔စ္တြင္
“Even if you’re not conspiracy minded,something in your
soul has to say … something is wrong”ဆိုတဲ့ပိုစတာကိုင္ေဆာင္ထားတဲ့
လူတစ္ဦးရဲ႕ဓာတ္ပုံကိုတင္လာခဲ့တာျဖစ္ပါတယ္။
ယင္းဓာတ္ပုံႏွင့္ပတ္သက္ၿပီးသူမဘက္ကတစ္စုံတစ္ရာမွတ္ခ်က္မျပဳထားပါဘူး။
မန္စီးတီးေနာက္ခံလူဂြၽန္စတုန္းရဲ႕ခ်စ္သူဟာလည္းကိုဗစ္ကာကြယ္ေဆးထိုးမႈ
ဆန႔္က်င္ေရးပို႔စ္တင္ခဲ့ဖူးပါတယ္။
အသက္၃၂ႏွစ္ရွိအိုလီဗီယာက”ခရီးသြားရဖို႔အတြက္ကာကြယ္ေဆးမထိုးၾကနဲ႔။
ခရီးမသြားရလို႔ဘာမွမျဖစ္ဘူး။လူ႔အခြင့္အေရးကအရမ္းအေရးႀကီးတယ္။
ကာကြယ္ေဆးထိုးထားတယ္ဆိုရင္ေတာင္ ဘာမွသက္ေသမျပၾကနဲ႔။
ဒါကလည္းလူ႔အခြင့္အေရးခ်ိဳးေဖာက္တာပဲ”လို႔ဆိုထားပါတယ္။
ၿဗိတိန္တလႊားတြင္ကိုဗစ္မ်ိဳးစိတ္သစ္အိုမီခ႐ြန္ကူးစက္မႈေၾကာင့္
အစိုးရကတစ္ႏိုင္ငံကိုဗစ္ကာကြယ္ေဆးထိုးေရးအျပင္
ႏွစ္ႀကိမ္ထိုးၿပီးသူမ်ားကိုလည္း Booster Jab ထိုးေရး
အႀကီးအက်ယ္လႈပ္ရွားေနခ်ိနတြင္၎တို႔ဟာကာကြယ္ေဆးမထိုးေရး
လႈံ႕ေဆာ္ေနၾကတာလည္းျဖစ္ပါတယ္။