ကာတာသံတမန်အဖြစ် ဒေါ်လာသန်း ၁၅၀ ရရှိမယ့် ဒေးဗစ်ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာလာမယ့်လမှာကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့မျက်နှာဖုံးရှင်

အဖြစ်မိတ်ဆက်ခြင်းခံရပါမယ်။ ဘက်ဟမ်းဟာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့မျက်နှာဖုံး

ရှင်အဖြစ်တာဝန်ထမ်းဆောင်မှုကြောင့်ဒေါ်လာသန်း၁၅၀အထိရရှိလာပါမယ်။

Goldenballs လို့အမည်ပြောင်ရထားတဲ့အသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်

းဆောင်ဟောင်းဟာ ကာတာရဲ့သံတမန်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး

တစ်နှစ်လျှင်ပေါင် ၁၅ သန်းရရှိကာ ဆယ်နှစ်တိတိ တာဝန်ယူရပါမယ်။

ယခုလအစောပိုင်းတုန်းကဒေးဗစ်ဘက်ဟမ်းဟာကာတာသို့တစ်ပတ်ကြာ

သွားရောက်လည်ပတ်ပြီးဒိုဟာရှိဘောလုံးကွင်းများကိုကြည့်ရှုခဲ့တဲ့အပြင်

အကြီးအကဲများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ကာတာဟာလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး နာမည်ဆိုး

ကျော်ကြားတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးအခွင့်အရေး၊

လိင်တူချစ်သူများရဲ့အခွင့်အရေးနှင့်ပတ်သက်ပြီး ချိုးဖောက်ခံနေရတာပါ။

ဒါပေမယ့်ဒေးဗစ်ဘက်ဟမ်းကတော့ LGBTQ လူ့အဖွဲ့အစည်းရဲ့အမှတ်

လက္ခဏာဖြစ်တဲ့ သက်တန့်အလံများကို ကွင်းများတွင်လွှင့်တင်ပေးသွား

မှာလည်းဖြစ်ပါတယ်။

လိင်တူဆက်ဆံမှုမှ ာဒူဘိုင်းနှင့် အဘူဒါဘီတို့တွင် ဥပဒေအရကန့်သတ်ခံ

ထားရပေမယ့်ဒေးဗစ်ဘက်ဟမ်းက အစိုးရအဖွဲ့အစည်းတွင်အမျိုးသမီး

ပါဝင်မှုများပြားလာမှုနဲ့အတူကာတာနိုင်ငံရဲ့လူ့အခွင့်အရေးတန်းတူညီမှုဟာ

လည်းတဖြည်းဖြည်းကောင်းမွန်လာမယ်လို့ယုံကြည်နေပါတယ်။

 

Zawgyi

ကာတာသံတမန္အျဖစ္ ေဒၚလာသန္း ၁၅၀ ရရွိမယ့္ ေဒးဗစ္ဘက္ဟမ္း

ေဒးဗစ္ဘက္ဟမ္းဟာလာမယ့္လမွာကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕မ်က္ႏွာဖုံးရွင္

အျဖစ္မိတ္ဆက္ျခင္းခံရပါမယ္။ ဘက္ဟမ္းဟာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕မ်က္ႏွာဖုံး

ရွင္အျဖစ္တာဝန္ထမ္းေဆာင္မႈေၾကာင့္ေဒၚလာသန္း၁၅၀အထိရရွိလာပါမယ္။

Goldenballs လို႔အမည္ေျပာင္ရထားတဲ့အသက္၄၆ႏွစ္ရွိအဂၤလန္အသင္းေခါင္

းေဆာင္ေဟာင္းဟာ ကာတာရဲ႕သံတမန္အျဖစ္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီး

တစ္ႏွစ္လွ်င္ေပါင္ ၁၅ သန္းရရွိကာ ဆယ္ႏွစ္တိတိ တာဝန္ယူရပါမယ္။

ယခုလအေစာပိုင္းတုန္းကေဒးဗစ္ဘက္ဟမ္းဟာကာတာသို႔တစ္ပတ္ၾကာ

သြားေရာက္လည္ပတ္ၿပီးဒိုဟာရွိေဘာလုံးကြင္းမ်ားကိုၾကည့္ရႈခဲ့တဲ့အျပင္

အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့ပါတယ္။

ကာတာဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ပတ္သက္ၿပီး နာမည္ဆိုး

ေက်ာ္ၾကားတဲ့ႏိုင္ငံျဖစ္ပါတယ္။ အထူးသျဖင့္အမ်ိဳးသမီးအခြင့္အေရး၊

လိင္တူခ်စ္သူမ်ားရဲ႕အခြင့္အေရးႏွင့္ပတ္သက္ၿပီး ခ်ိဳးေဖာက္ခံေနရတာပါ။

ဒါေပမယ့္ေဒးဗစ္ဘက္ဟမ္းကေတာ့ LGBTQ လူ႔အဖြဲ႕အစည္းရဲ႕အမွတ္

လကၡဏာျဖစ္တဲ့ သက္တန႔္အလံမ်ားကို ကြင္းမ်ားတြင္လႊင့္တင္ေပးသြား

မွာလည္းျဖစ္ပါတယ္။

လိင္တူဆက္ဆံမႈမွ ာဒူဘိုင္းႏွင့္ အဘူဒါဘီတို႔တြင္ ဥပေဒအရကန႔္သတ္ခံ

ထားရေပမယ့္ေဒးဗစ္ဘက္ဟမ္းက အစိုးရအဖြဲ႕အစည္းတြင္အမ်ိဳးသမီး

ပါဝင္မႈမ်ားျပားလာမႈနဲ႔အတူကာတာႏိုင္ငံရဲ႕လူ႔အခြင့္အေရးတန္းတူညီမႈဟာ

လည္းတျဖည္းျဖည္းေကာင္းမြန္လာမယ္လို႔ယုံၾကည္ေနပါတယ္။