ကာဒစ်ဇ်ကိုရှုံးခဲ့ရတဲ့အပေါ်  အကြောင်းပြချက် ပေးစရာမရှိဘူးလို့ ဆိုလာခဲ့တဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်အသင်းနည်းပြဇီဒန်းကတော့ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်အဖြစ် တန်းတက်ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ပွဲမှာ မထင်မှတ်တဲ့ ရှုံးပွဲကြုံခဲ့ရလို့ တုန်လှုပ်ခဲ့ရပေမယ့် ဒီအရှုံးအပေါ် အကြောင်းပြချက် ပေးနေစရာမရှိဘူးလို့ ဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲလ်ဟာ အိမ်ကွင်းမှာ တန်းတက် ကာဒစ်ဇ်ကို ( ဝ-၁ ) ဂိုးနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

နည်းပြဇီဒန်းက ဒီအရှုံးအတွက်အကြောင်းပြချက်ပေးစရာမရှိသလို ကျေနပ်ဖွယ်ရာ အနေအထားတစ်ရပ်မဟုတ်ခဲ့ဘူးလို့ ဆိုခဲ့ပေမယ့် အရှုံးကို လက်ခံသွားရမယ်လို့လည်း ပြောကြားခဲ့တာပါ။ ဒါအပြင် သူကဆက်လက်ပြီး အခုလိုဖြစ်ရပ်မျိုးဟာ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်မျိုးဖြစ်သလို လာမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ရှက်တာဒိုးနက်နဲ့ ပွဲအပေါ်မှာ အာရုံ စိုက်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒီရှုံးပွဲအပေါ်  ဂိုးသမားဖြစ်သူ ကော်တွိုက်စ်က တော့ တန်းတက်အသင်းငယ်ကို ရှုံးနိမ့်ခဲ့ရတဲ့ဖြစ်ရပ်ဟာ အံ့သြတုန်လှုပ်စရာဖြစ်ခဲ့ရပေမယ့် အသင်းအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတစ်ရပ်ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပြန်တာပါ။ လက်ရှိအချိန်မှာတော့ ရှက်တာဒိုးနက်နဲ့ပွဲစဉ်မှာ အကောင်းဆုံးသောစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့လည်း ကော်တွိုက်စ်က ကြုံးဝါးခဲ့သေးတာပါ။

ဒီရှုံးနိမ့်မှုမှာ ရီးရဲလ်အတွက် ထပ်ဆောင်းပေး လိုက်ရတဲ့ နစ်နာမှုကတော့ အသင်းခေါင်းဆောင်ဖြစ်သူ ရာမို့စ်တစ်ယောက် ဒါဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရတာပါ။

ပွဲချိန် ဒုတိယပိုင်း ပြန်အစမှာကတည်းက လူစားလဲခံခဲ့ရတဲ့ ရာမို့စ်ရဲ့ ဘယ်ဘက်ဒူးဒါဏ်ရာအနေ အထားကို ဆိုးရွားမှုမဖြစ်စေဖို့ မျှော်လင့်နေတယ်လို့လည်း နည်းပြဇီဒန်းက ဖွင့်ဟခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဒစ္ဇ္ကိုရႈံးခဲ့ရတဲ့အေပၚ အေၾကာင္းျပခ်က္ ေပးစရာမရွိဘူးလို႔ ဆိုလာခဲ့တဲ့ ဇီဒန္း

ရီးရဲလ္အသင္းနည္းျပဇီဒန္းကေတာ့ ၿပီးခဲ့တဲ့ လာလီဂါပြဲစဥ္အျဖစ္ တန္းတက္ကာဒစ္ဇ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ မထင္မွတ္တဲ့ ရႈံးပြဲႀကဳံခဲ့ရလို႔ တုန္လႈပ္ခဲ့ရေပမယ့္ ဒီအရႈံးအေပၚ အေၾကာင္းျပခ်က္ ေပးေနစရာမရွိဘူးလို႔ ဆိုသြားခဲ့ပါတယ္။ ဒီပြဲစဥ္မွာ ရီးရဲလ္ဟာ အိမ္ကြင္းမွာ တန္းတက္ ကာဒစ္ဇ္ကို ( ၀-၁ ) ဂိုးနဲ႔ ရႈံးပြဲႀကဳံေတြ႕ခဲ့ရတာပါ။

နည္းျပဇီဒန္းက ဒီအရႈံးအတြက္အေၾကာင္းျပခ်က္ေပးစရာမရွိသလို ေက်နပ္ဖြယ္ရာ အေနအထားတစ္ရပ္မဟုတ္ခဲ့ဘူးလို႔ ဆိုခဲ့ေပမယ့္ အရႈံးကို လက္ခံသြားရမယ္လို႔လည္း ေျပာၾကားခဲ့တာပါ။ ဒါအျပင္ သူကဆက္လက္ၿပီး အခုလိုျဖစ္ရပ္မ်ိဳးဟာ ေဘာလုံးေလာကမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥရပ္မ်ိဳးျဖစ္သလို လာမယ့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ရွက္တာဒိုးနက္နဲ႔ ပြဲအေပၚမွာ အာ႐ုံ စိုက္သြားမယ္လို႔လည္း ဆိုခဲ့ပါတယ္။

ဒီရႈံးပြဲအေပၚ ဂိုးသမားျဖစ္သူ ေကာ္တြိဳက္စ္က ေတာ့ တန္းတက္အသင္းငယ္ကို ရႈံးနိမ့္ခဲ့ရတဲ့ျဖစ္ရပ္ဟာ အံ့ၾသတုန္လႈပ္စရာျဖစ္ခဲ့ရေပမယ့္ အသင္းအတြက္ ေကာင္းမြန္တဲ့ သက္ေရာက္မႈတစ္ရပ္ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ျပန္တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ရွက္တာဒိုးနက္နဲ႔ပြဲစဥ္မွာ အေကာင္းဆုံးေသာစြမ္းေဆာင္ရည္ကို ျပသႏိုင္ဖို႔အတြက္ ရည္မွန္းထားတယ္လို႔လည္း ေကာ္တြိဳက္စ္က ႀကဳံးဝါးခဲ့ေသးတာပါ။

ဒီရႈံးနိမ့္မႈမွာ ရီးရဲလ္အတြက္ ထပ္ေဆာင္းေပး လိုက္ရတဲ့ နစ္နာမႈကေတာ့ အသင္းေခါင္းေဆာင္ျဖစ္သူ ရာမို႔စ္တစ္ေယာက္ ဒါဏ္ရာျပႆနာ ႀကဳံေတြ႕ခဲ့ရတာပါ။ ပြဲခ်ိန္ ဒုတိယပိုင္း ျပန္အစမွာကတည္းက လူစားလဲခံခဲ့ရတဲ့ ရာမို႔စ္ရဲ႕ ဘယ္ဘက္ဒူးဒါဏ္ရာအေန အထားကို ဆိုး႐ြားမႈမျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း နည္းျပဇီဒန္းက ဖြင့္ဟခဲ့ပါတယ္။