ကာဗာနီကို ချန်လှပ်ခဲ့တဲ့အကြောင်းကို ဆိုးလ်ရှား ရှင်းလင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရုဂွေးတိုက်စစ်မှူး အက်ဒီဆင်ကာဗာနီဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် မန်ချက်စတာမှာပဲ ချန်ခဲ့တာလို့ နည်းပြ ဆိုးလ်ရှားက ပြန်ရှင်းခဲ့ပါတယ်။ ကာဗာနီဟာ အောက်တိုဘာလ ၅ ရက်နေ့ကတည်းက မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်ချုပ်ခဲ့ပြီးဖြစ်ပေမယ့် ကွာရန်တင်း ၂ပတ်ဝင်ခဲ့ရလိ့ု တနင်္ဂနွေနေ့ကမှ ကာရင်တန်မှာ စတင်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ချက်ချင်းတစ်ကျော့ပြန်ရင်ဆိုင်ရမယ့်ပွဲအပေါ် များစွာ စိတ်လှုပ်ရှားခဲ့ရပေမယ့် နည်းပြဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကိုလည်း လေးစားလိုက်နာကြောင်း ဆိုပါတယ်။

RMC Sportsနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့လည်း သူ့ကို ခေါ်သွားချင်ပါတယ်။ ဒါပေမယ့် ကာလအတော်ကြာပွဲဆက်ပြတ်ထားတော့ မလွယ်ပါဘူး။ လေ့ကျင့်ရေးအစီအစဉ်တွေ ဆက်လုပ်တာပဲ သူ့အတွက် သင့်တော်မယ်လို့ ယုံကြည်ပါတယ်။ ပိုပြီးပြင်ဆင်လေ့ကျင့်ချိန်ရအောင်ပါ။ သူဘာလိုချင်သလဲ၊ သူဘာလိုအပ်သလဲကို အက်ဒီ(ကာဗာနီ)အသိဆုံးဖြစ်ပါတယ်၊သူကိုယ်တိုင်လည်း ပွဲကစားဖို့ လုံလောက်တဲ့အခြေအနေ မရှိသေးဘူးလို့ ခံစားရပါတယ်”လို့ ပြောပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ကာဗာနီ ပါခွင့်မရတော့မယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် ချဲလ်ဆီးနဲ့ အိမ်ကွင်းပွဲစဉ်ကိုတော့ စတင်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်မှာ တိုက်စစ်မှူး မာရှယ်ပွဲပယ်ခံထားရတာကြောင့် ဆိုးလ်ရှားအနေနဲ့ ချဲလ်ဆီးနဲ့ပွဲအတွက် ရည်ရွယ်ပြီး ကာဗာနီကို အင်္ဂလန်မှာပဲ ချန်ခဲ့တာဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားကိုလည်း ချဲလ်ဆီးနဲ့ပွဲအတွက်ရည်ရွယ်ပြီး အနားပေးခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ ဒီညပီအက်စ်ဂျီနဲ့ပွဲမှာတော့ ပရီးမီးယားလိဂ် ၃ပွဲပယ်ခံထားရတဲ့ မာရှယ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်ကို ပြန်လည်ဦးဆောင်ကစားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီကို ခ်န္လွပ္ခဲ့တဲ့အေၾကာင္းကို ဆုိးလ္ရွား ရွင္းလင္း

ဥရုေဂြးတုိက္စစ္မွဴး အက္ဒီဆင္ကာဗာနီဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲကစားဖို႔ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ မန္ခ်က္စတာမွာပဲ ခ်န္ခဲ့တာလို႔ နည္းျပ ဆိုးလ္ရွားက ျပန္ရွင္းခဲ့ပါတယ္။ ကာဗာနီဟာ ေအာက္တိုဘာလ ၅ ရက္ေန႔ကတည္းက မန္ခ်က္စတာယူႏုိက္တက္နဲ႔စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီးျဖစ္ေပမယ့္ ကြာရန္တင္း ၂ပတ္၀င္ခဲ့ရလိ႔ု တနဂၤေႏြေန႔ကမွ ကာရင္တန္မွာ စတင္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။ သူ႔အေနနဲ႔ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ ခ်က္ခ်င္းတစ္ေက်ာ့ျပန္ရင္ဆိုင္ရမယ့္ပြဲအေပၚ မ်ားစြာ စိတ္လႈပ္ရွားခဲ့ရေပမယ့္ နည္းျပဆိုးလ္ရွားရဲ႕ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားလိုက္နာေၾကာင္း ဆိုပါတယ္။

RMC Sportsနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက “ကၽြန္ေတာ္တို႔လည္း သူ႔ကို ေခၚသြားခ်င္ပါတယ္။ ဒါေပမယ့္ ကာလအေတာ္ၾကာပြဲဆက္ျပတ္ထားေတာ့ မလြယ္ပါဘူး။ ေလ့က်င့္ေရးအစီအစဥ္ေတြ ဆက္လုပ္တာပဲ သူ႔အတြက္ သင့္ေတာ္မယ္လို႔ ယံုၾကည္ပါတယ္။ ပိုၿပီးျပင္ဆင္ေလ့က်င့္ခ်ိန္ရေအာင္ပါ။ သူဘာလိုခ်င္သလဲ၊ သူဘာလုိအပ္သလဲကို အက္ဒီ(ကာဗာနီ)အသိဆံုးျဖစ္ပါတယ္၊သူကိုယ္တိုင္လည္း ပြဲကစားဖို႔ လံုေလာက္တဲ့အေျခအေန မရွိေသးဘူးလို႔ ခံစားရပါတယ္”လို႔ ေျပာပါတယ္။

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ကာဗာနီ ပါခြင့္မရေတာ့မယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းပြဲစဥ္ကိုေတာ့ စတင္ပါ၀င္ကစားႏိုင္ဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အထူးသျဖင့္ မန္ခ်က္စတာယူႏိုက္တက္မွာ တိုက္စစ္မွဴး မာရွယ္ပြဲပယ္ခံထားရတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ရည္ရြယ္ၿပီး ကာဗာနီကို အဂၤလန္မွာပဲ ခ်န္ခဲ့တာျဖစ္မယ္လို႔ ယံုၾကည္ရပါတယ္။ ဒါ့အျပင္ မက္ဂြိဳင္းယားကိုလည္း ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ရည္ရြယ္ၿပီး အနားေပးခဲ့တာျဖစ္ႏိုင္ေၾကာင္း သံုးသပ္ေနၾကပါတယ္။ ဒီညပီအက္စ္ဂ်ီနဲ႔ပြဲမွာေတာ့ ပရီးမီးယားလိဂ္ ၃ပြဲပယ္ခံထားရတဲ့ မာရွယ္က မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကို ျပန္လည္ဦးေဆာင္ကစားမွာျဖစ္ပါတယ္။