ကာဗာနီကို ဆိုးလ်ရှား ဘာကြောင့် မစွန့်လွှတ်နိုင်တာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်အသင်း အလွတ်ခေါ်ယူခဲ့တဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ အခုအချိန်မှာတော့ နည်းပြဆိုးလ်ရှား အတွက် သဘောကျစရာကောင်းတဲ့ တိုက်စစ်မှူးဖြစ်နေပါပြီ။ အစောပိုင်းခေါ်ယူစဉ်တုန်းကတော့ အသက်ကြီးနေတဲ့ ကစားသမားတစ်ယောက်ကို ဘာကြောင့်ခေါ်တာလဲဆိုပြီး ဝေဖန်ပြစ်တင်ကြပါတယ်။

တချို့ကလည်း ကာဗာနီတစ်ယောက် ဒီရာသီပြီးရင် ကစားသမားဘ၀ နေဝင်ပြီလို့ တွေးခဲ့ကြပါတယ်။

ယူနိုက်တက်ကလည်း တော်တန်ရုံသက်ကြီးကစားသမားတစ်ယောက်ကို စာချုပ်သက်တမ်းထပ်တိုးလေ့မရှိပါဘူး။ ဒါပေမယ့် မနေ့တုန်းက ဝုဗ် အသင်းနဲ့ ပွဲစဉ် အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ကာဗာနီကို ထပ်ဆွဲထားအုံးမယ့် အကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဥရောပဘောလုံးရပ်ဝန်းမှာ အကောင်းဆုံးကျင်လည်ဖြတ်သန်းခဲ့တဲ့ ကာဗာနီဟာ လက်ရှိအချိန်မှာ အသက် ၃၃နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

“လက်ရှိအချိန်မှာတော့ ကာဗာနီဟာကျွန်တော်တို့နဲ့ စာချုပ်နောက်ထပ်တစ်နှစ်ကျန်ရှိနေတယ်လို့ပြောလို့ရပါ တယ်။ စာချုပ်ကိစ္စအတွက်ကျွန်တော့်ဘက်က ထွေထွေထူးထူးမပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နဲ့ သူစာချုပ်သက်တမ်းနောက်ထပ် တစ်နှစ်ကျန်ရှိနေတာက တော့အမှန်ပါပဲ။ ကာဗာနီမှာ လွမ်းမိုးမှုတွေအင်မတန်မှရှိပါတယ်။ သူအသင်းကို စတင်ရောက်ရှိတဲ့အချိန်ကစပြီး အသင်းအတွက်စွမ်းဆောင်ပေးခဲ့ပါတယ်။”

“ကျွန်တော်ကသူ့ကိုယုံကြည်ပါတယ်။ကစားသမားတစ်ယောက်အကြောင်းပြောတဲ့အခါသူ့ရဲ့အရည်အချင်းကအရေးကြီးဆုံးပဲလေ။ သူ့ကို ကျွန်တော်ယုံကြည်တဲ့အတွက် သူထင်ထားတာထက်ပိုပြီးပွဲထွက်ခွင့်ရပါလိမ့်မယ်။ကျွန်တော်တို့မှာအချိန်တိုအတွင်းကစားရမယ့်ပွဲစဉ်အများအပြားရှိပါတယ်။”

“ကျောနံပါတ် 7 အင်္ကျီကိစ္စမှာ ကာဗာနီကကျွန်တော့်ကို ကျောနံပါတ် 7ကိုဝတ်လို့ ရမလားလို့ အရင်ဦးဆုံးမေးမြန်းခဲ့ပါတယ်။ အဲဒီကျောနံပါတ်နဲ့ ပတ်သက်တဲ့သမိုင်းကြောင်းတွေကိုလည်းကျွန်တော်တို့ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူဝတ်ဆင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ကျွန်တော့်ဘက်က သံသယဖြစ်တာမျိုးတွေလုံးဝ မရှိခဲ့ပါဘူး။”

“ကာဗာနီက အသေးစိတ်ကိစ္စတွေကအစ အရမ်းဂရုစိုက်တတ်ပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာအောင်မြင်မှုတွေကိုရခဲ့တာပါ။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးပုံစံကောင်းတွေပြသခဲ့သလို အခုအချိန်မှာလည်း ယူနိုက်တက်အတွက် ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ကိုလည်းကြိုးစားနေပါတယ်။”ဆိုပြီး ဆိုးလ်ရှားက ပြောဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ကာဗာနီရဲ့ စာချုပ်ပါ(၁)နှစ်သက်တမ်းတိုးခွင့်အချက်အလက်ကိုအသုံးပြုကာ စာချုပ်သက်တမ်းထပ်တိုးမှာဖြစ်ပြီး၊ ဝါရင့်တိုက်စစ်မှူးကြီးကိုအသင်းမှာ (၂၀၂၂)ခုနှစ်ကျော်လွန်တဲ့ အထိ ဆက်ရှိစေမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီကို ဆိုးလ္ရွား ဘာေၾကာင့္ မစြန႔္လႊတ္ႏိုင္တာလဲ

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ယူႏိုက္တက္အသင္း အလြတ္ေခၚယူခဲ့တဲ့ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ အခုအခ်ိန္မွာေတာ့ နည္းျပဆိုးလ္ရွား အတြက္ သေဘာက်စရာေကာင္းတဲ့ တိုက္စစ္မႉးျဖစ္ေနပါၿပီ။ အေစာပိုင္းေခၚယူစဥ္တုန္းကေတာ့ အသက္ႀကီးေနတဲ့ ကစားသမားတစ္ေယာက္ကို ဘာေၾကာင့္ေခၚတာလဲဆိုၿပီး ေဝဖန္ျပစ္တင္ၾကပါတယ္။ တခ်ိဳ႕ကလည္း ကာဗာနီတစ္ေယာက္ ဒီရာသီၿပီးရင္ ကစားသမားဘ၀ ေနဝင္ၿပီလို႔ ေတြးခဲ့ၾကပါတယ္။

ယူႏိုက္တက္ကလည္း ေတာ္တန္႐ုံသက္ႀကီးကစားသမားတစ္ေယာက္ကို စာခ်ဳပ္သက္တမ္းထပ္တိုးေလ့မရွိပါဘူး။ ဒါေပမယ့္ မေန႔တုန္းက ဝုဗ္ အသင္းနဲ႔ ပြဲစဥ္ အတြက္ သတင္းစာ ရွင္းလင္းပြဲမွာ ဆိုးလ္ရွားက ကာဗာနီကို ထပ္ဆြဲထားအုံးမယ့္ အေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။ ဥေရာပေဘာလုံးရပ္ဝန္းမွာ အေကာင္းဆုံးက်င္လည္ျဖတ္သန္းခဲ့တဲ့ ကာဗာနီဟာ လက္ရွိအခ်ိန္မွာ အသက္ ၃၃ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ႔ရဲ႕အေကာင္းဆုံး ေျခစြမ္းေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ပါတယ္။

“လက္ရွိအခ်ိန္မွာေတာ့ ကာဗာနီဟာကြၽန္ေတာ္တို႔နဲ႔ စာခ်ဳပ္ေနာက္ထပ္တစ္ႏွစ္က်န္ရွိေနတယ္လို႔ေျပာလို႔ရပါ တယ္။ စာခ်ဳပ္ကိစၥအတြက္ကြၽန္ေတာ့္ဘက္က ေထြေထြထူးထူးမေျပာပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔နဲ႔ သူစာခ်ဳပ္သက္တမ္းေနာက္ထပ္ တစ္ႏွစ္က်န္ရွိေနတာက ေတာ့အမွန္ပါပဲ။ ကာဗာနီမွာ လြမ္းမိုးမႈေတြအင္မတန္မွရွိပါတယ္။ သူအသင္းကို စတင္ေရာက္ရွိတဲ့အခ်ိန္ကစၿပီး အသင္းအတြက္စြမ္းေဆာင္ေပးခဲ့ပါတယ္။”

“ကြၽန္ေတာ္ကသူ႔ကိုယုံၾကည္ပါတယ္။ကစားသမားတစ္ေယာက္အေၾကာင္းေျပာတဲ့အခါသူ႔ရဲ႕အရည္အခ်င္းကအေရးႀကီးဆုံးပဲေလ။ သူ႔ကို ကြၽန္ေတာ္ယုံၾကည္တဲ့အတြက္ သူထင္ထားတာထက္ပိုၿပီးပြဲထြက္ခြင့္ရပါလိမ့္မယ္။ကြၽန္ေတာ္တို႔မွာအခ်ိန္တိုအတြင္းကစားရမယ့္ပြဲစဥ္အမ်ားအျပားရွိပါတယ္။”

“ေက်ာနံပါတ္ 7 အက်ႌကိစၥမွာ ကာဗာနီကကြၽန္ေတာ့္ကို ေက်ာနံပါတ္ 7ကိုဝတ္လို႔ ရမလားလို႔ အရင္ဦးဆုံးေမးျမန္းခဲ့ပါတယ္။ အဲဒီေက်ာနံပါတ္နဲ႔ ပတ္သက္တဲ့သမိုင္းေၾကာင္းေတြကိုလည္းကြၽန္ေတာ္တို႔ေျပာျဖစ္ခဲ့ၾကပါေသးတယ္။ သူဝတ္ဆင္မယ့္ ကိစၥနဲ႔ ပတ္သက္လို႔ကြၽန္ေတာ့္ဘက္က သံသယျဖစ္တာမ်ိဳးေတြလုံးဝ မရွိခဲ့ပါဘူး။”

“ကာဗာနီက အေသးစိတ္ကိစၥေတြကအစ အရမ္းဂ႐ုစိုက္တတ္ပါတယ္။ဒါေၾကာင့္လည္း သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝမွာေအာင္ျမင္မႈေတြကိုရခဲ့တာပါ။ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္လုံးပုံစံေကာင္းေတြျပသခဲ့သလို အခုအခ်ိန္မွာလည္း ယူႏိုက္တက္အတြက္ ေျခစြမ္းေကာင္းေတြျပသႏိုင္ဖို႔ကိုလည္းႀကိဳးစားေနပါတယ္။”ဆိုၿပီး ဆိုးလ္ရွားက ေျပာဆိုပါတယ္။

ယူႏိုက္တက္အ​ေနနဲ႔ ကာဗာနီရဲ႕ စာခ်ဳပ္ပါ(၁)ႏွစ္သက္တမ္းတိုးခြင့္အခ်က္အလက္ကိုအသုံးျပဳကာ စာခ်ဳပ္သက္တမ္းထပ္တိုးမွာျဖစ္ၿပီး၊ ၀ါရင့္တိုက္စစ္မႉးႀကီးကိုအသင္းမွာ (၂၀၂၂)ခုႏွစ္ေက်ာ္လြန္တဲ့ အထိ ဆက္ရွိ​ေစမွာပါ။