ကာဗာနီကို ပွဲပယ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ဥရုဂွေးကစားသမားတွေနဲ့ ရင်ဆိုင်ရတော့မယ့် အက်ဖ်အေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ပရီမီးယားလိဂ်မှာ ကစားနေတဲ့ ဥရုဂွေးကစားသမား ကာဗာနီရဲ့ ပွဲပယ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ဥရုဂွေး အားကစားသမားများ အဖွဲ့အစည်းနဲ့ အင်္ဂလန် အက်ဖ်အေ အကြားမှာ ထုတ်ပြန်ချက် မှတ်တမ်းတစ်ခုကတော့ရှိသွားခဲ့ပါပြီ။ အဖွဲ့အစည်းတွေအကြားမှာ ထုတ်ပြန်ချက်တွေဟာ အလေးအနက်ထားပြီးကိုင်တွယ်ရတဲ့ ကိစ္စတွေဖြစ်တာကြောင့် ဒီထုတ်ပြန်ချက်ဟာ အက်ဖ်အေ ဘက်ကနေ တစ်စုံတစ်ခု ပြန်လည်ရှင်းလင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါပြီ။

ကမ္ဘာပေါ်ကနိုင်ငံအသီးသီးရဲ့ ကစားသမားတွေဟာ ပရီမီးယားလိဂ်မှာ လာရောက်ကစားကြတဲ့အခါ သူတို့တွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ လူနေမှု ပုံစံ အမူအကျင့်တွေဟာလည်း သူတို့နဲ့ အတူပါလာခဲ့ပါတယ်။ သူတို့တွေရဲ့ အမူအကျင့်တွေဟာ တစ်ခါတစ်ရံမှာ ပရီမီးယားလိဂ်ရဲ့ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိတွေ့ခဲ့ချိန်မှာတော့ ပြစ်ဒဏ်တွေဖြစ်ခဲ့ကြပေမယ့် ကာဗာနီရဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုဟာ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။

ကစားသမားရဲ့ ကိစ္စဟာ ပွဲကစားနေချိန် ကွင်းအတွင်းမှာ ဖြစ်ခဲ့ခြင်းမရှိသလို တစ်ဘက်သားအပေါ် နစ်နာစေလိုတဲ့သဘောလည်းမဟုတ်ခဲ့ပေမယ့် အက်ဖ်အေ ရဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာစည်းမျဉ်းနဲ့ ငြိစွန်းစေခဲ့တဲ့ စကားလုံးဖြစ်ခဲ့တာကြောင့် အရေးယူခဲ့ရတာဖြစ်ပါတယ်။

ဥရုဂွေး အားကစားသမားများ အဖွဲ့အစည်းက ကာဗာနီ ကို (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားတာကို ပယ်ဖျက်ပေးဖို့ အက်ဖ်အေ ကိုတောင်းဆိုထားပါတယ်။ အင်္ဂလန် အက်ဖ်အေက မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှုး ကာဗာနီ ဟာ ဆောက်သမ်တန် အသင်းကို အနိုင်ရတဲ့ ပွဲအပြီး အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်မှာ လူမျိုးရေးခွဲခြားတဲ့ စကားလုံး သုံးနှုန်းတယ် ဆိုပြီး ပါဝင်တယ်ဆိုပြီး ဥရုဂွေးတိုက်စစ်မှုးကို (၃)ပွဲပယ် နဲ့ ဒဏ်ငွေ ပေါင် (၁)သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါကို ဥရုဂွေး အားကစားသမားများအဖွဲ့အစည်းက သူတို့ရဲ့ သဘောထားဆန္ဒကို ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီး ကာဗာနီကို ဒီပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးဖို့ ဆန္ဒပြုလာခဲ့ပါတယ်။ ဥရုဂွေးရဲ့နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဆွာရက်စ် နဲ့ ဂိုဒင် တို့ကလည်း ကာဗာနီ နဲ့ ပတ်သက်ပြီး ဒီထုတ်ပြန်ချက်ကို သူတို့ရဲ့လှုမှုကွန်ယက်မှာ မျှဝေခဲ့ကြပြီး ကာဗာနီရဲ့ဘက်ကနေ ထောက်ခံကြောင်းပြသခဲ့ပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အက်ဖ်အေရဲ့ ကာဗာနီအပေါ်ပြစ်ဒဏ်လို့သတ်မှတ်လိုက်တဲ့ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စကားလုံးဟာ ဥရုဂွေးနိုင်ငံသားတွေရဲ့ယဉ်ကျေးမှုနဲ့ လူနေမှု ပုံစံကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်နေပြီး ကာဗာနီ ဟာ လူမျိုးရေးခွဲခြားတဲ့ အဓိပ္ပါယ်ကောက်ယူနိုင်တဲ့ ဘယ်လိုအပြုအမူကိုမှ ကျုးလွန်ခဲ့တာမရှိဘူးလို့ ရေးသား ထားသလို ကာဗာနီရဲ့ အင်စတာဂရမ်မှာ ရေးသားချက်ဟာလည်း သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းထံ ရည်ရွယ်ရေးသားခဲ့တာသာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်ကလည်း ကာဗာနီရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်စစ်ဆေးပေးဖို့ အလိုရှိနေပါတယ်။

ကာဗာနီကတော့ အက်ဖ်အေရဲ့ ချမှတ်တဲ့ ပြစ်ဒဏ်ကို လက်ခံခဲ့ပေမယ့် ဒါဟာ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်တယ်ဆိုတဲ့ ဆောင်ပုဒ်အပေါ်မှာ လေးစားတာကြောင့်သာ ဖြစ်တယ်လို့ ယူနိုက်တက်အသင်းကလည်း ထုတ်ပြန်ထားခဲ့ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ အဖွဲ့အစည်းတစ်ခုက ကြီးလေးတဲ့ ပြစ်ဒဏ်တစ်ခုချမှတ်တဲ့အချိန်မှာဆိုရင် အသင်းအနေနဲ့ ဒဏ်ရိုက်မှုတွေရှိနေတတ်ပေမယ့် ကာဗာနီရဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုမှာတော့ ယူနိုက်တက်အသင်းက ထပ်ဆောင်းဒဏ်ရိုက်ခဲ့ခြင်းမရှိခဲ့သလို ကာဗာနီဘက်ကနေသာ ရပ်တည်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကာဗာနီ ဟာ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကြောင့် အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို မန်စီးတီး အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားအကြိုဗိုလ်လုပွဲ၊ ဝက်ဖိုဒ့် အသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလား ပွဲစဉ်တွေကိုတော့ လွဲချော်သွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီကို ပြဲပယ္ျပစ္ဒဏ္နဲ႔ပတ္သက္ၿပီး ဥ႐ုေဂြးကစားသမားေတြနဲ႔ ရင္ဆိုင္ရေတာ့မယ့္ အက္ဖ္ေအ

အဂၤလန္ပရီမီးယားလိဂ္မွာ ကစားေနတဲ့ ဥ႐ုေဂြးကစားသမား ကာဗာနီရဲ႕ ပြဲပယ္ ျပစ္ဒဏ္နဲ႕ ပတ္သက္ၿပီး ဥ႐ုေဂြး အားကစားသမားမ်ား အဖြဲ႕အစည္းနဲ႔ အဂၤလန္ အက္ဖ္ေအ အၾကားမွာ ထုတ္ျပန္ခ်က္ မွတ္တမ္းတစ္ခုကေတာ့ရွိသြားခဲ့ပါၿပီ။ အဖြဲ႕အစည္းေတြအၾကားမွာ ထုတ္ျပန္ခ်က္ေတြဟာ အေလးအနက္ထားၿပီးကိုင္တြယ္ရတဲ့ ကိစၥေတြျဖစ္တာေၾကာင့္ ဒီထုတ္ျပန္ခ်က္ဟာ အက္ဖ္ေအ ဘက္ကေန တစ္စံုတစ္ခု ျပန္လည္ရွင္းလင္းရမယ့္ကိစၥျဖစ္လာခဲ့ပါၿပီ။

ကမၻာေပၚကႏိုင္ငံအသီးသီးရဲ႕ ကစားသမားေတြဟာ ပရီမီးယားလိဂ္မွာ လာေရာက္ကစားၾကတဲ့အခါ သူတို႕ေတြရဲ႕ ရိုးရာယဥ္ေက်းမႈေတြနဲ႕ လူေနမႈ ပုံစံ အမူအက်င့္ေတြဟာလည္း သူတို႕နဲ႕ အတူပါလာခဲ့ပါတယ္။ သူတို႔ေတြရဲ႕ အမူအက်င့္ေတြဟာ တစ္ခါတစ္ရံမွာ ပရီမီးယားလိဂ္ရဲ႕ သတ္မွတ္ခ်က္စည္းမ်ဥ္းစည္းကမ္းေတြနဲ႕ ထိေတြ႕ခဲ့ခ်ိန္မွာေတာ့ ျပစ္ဒဏ္ေတြျဖစ္ခဲ့ၾကေပမယ့္ ကာဗာနီရဲ႕ ျပစ္ဒဏ္ခ်မွတ္ခံရမႈဟာ ထူးဆန္းတဲ့ကိစၥရပ္တစ္ခုျဖစ္ေနပါတယ္။ ကစားသမားရဲ႕ ကိစၥဟာ ပြဲကစားေနခ်ိန္ ကြင္းအတြင္းမွာ ျဖစ္ခဲ့ျခင္းမရွိသလို တစ္ဘက္သားအေပၚ နစ္နာေစလိုတဲ့သေဘာလည္းမဟုတ္ခဲ့ေပမယ့္ အက္ဖ္ေအ ရဲ႕ လူမ်ိဳးေရးခြဲျခားမႈဆိုင္ရာစည္းမ်ဥ္းနဲ႕ ျငိစြန္းေစခဲ့တဲ့ စကားလံုးျဖစ္ခဲ့တာေၾကာင့္ အေရးယူခဲ့ရတာျဖစ္ပါတယ္။

ဥ႐ုေဂြး အားကစားသမားမ်ား အဖြဲ႕အစည္းက ကာဗာနီ ကို (၃)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ထားတာကို ပယ္ဖ်က္ေပးဖို႔ အက္ဖ္ေအ ကိုေတာင္းဆိုထားပါတယ္။ အဂၤလန္ အက္ဖ္ေအက မန္ခ်က္စတာယူႏိုက္တက္ အသင္းတိုက္စစ္မႈး ကာဗာနီ ဟာ ေဆာက္သမ္တန္ အသင္းကို အႏိုင္ရတဲ့ ပြဲအၿပီး အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ပို႔စ္မွာ လူမ်ိဳးေရးခြဲျခားတဲ့ စကားလုံး သုံးႏႈန္းတယ္ ဆိုၿပီး ပါဝင္တယ္ဆိုၿပီး ဥ႐ုေဂြးတိုက္စစ္မႈးကို (၃)ပြဲပယ္ နဲ႔ ဒဏ္ေငြ ေပါင္ (၁)သိန္း ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ဒါကို ဥ႐ုေဂြး အားကစားသမားမ်ားအဖြဲ႕အစည္းက သူတို႕ရဲ႕ သေဘာထားဆႏၵကို ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ၿပီး ကာဗာနီကို ဒီျပစ္ဒဏ္က ကင္းလြတ္ခြင့္ေပးဖို႔ ဆႏၵျပဳလာခဲ့ပါတယ္။ ဥ႐ုေဂြးရဲ႕နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ ဆြာရက္စ္ နဲ႔ ဂိုဒင္ တို႔ကလည္း ကာဗာနီ နဲ႔ ပတ္သက္ၿပီး ဒီထုတ္ျပန္ခ်က္ကို သူတို႔ရဲ႕လႈမႈကြန္ယက္မွာ မွ်ေဝခဲ့ၾကၿပီး ကာဗာနီရဲ႕ဘက္ကေန ေထာက္ခံေၾကာင္းျပသခဲ့ပါတယ္။

သူတို႕ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ အက္ဖ္ေအရဲ႕ ကာဗာနီအေပၚျပစ္ဒဏ္လို႕သတ္မွတ္လိုက္တဲ့ လူမ်ိဳးေရးခြဲျခားတယ္ဆိုတဲ့ စကားလုံးဟာ ဥ႐ုေဂြးႏိုင္ငံသားေတြရဲ႕ယဥ္ေက်းမႈနဲ႔ လူေနမႈ ပုံစံကို ဆန႔္က်င္တဲ့လုပ္ရပ္ျဖစ္ေနၿပီး ကာဗာနီ ဟာ လူမ်ိဳးေရးခြဲျခားတဲ့ အဓိပၸါယ္ေကာက္ယူႏိုင္တဲ့ ဘယ္လိုအျပဳအမူကိုမွ က်ဳးလြန္ခဲ့တာမရွိဘူးလို႔ ေရးသား ထားသလို ကာဗာနီရဲ႕ အင္စတာဂရမ္မွာ ေရးသားခ်က္ဟာလည္း သူ႔ရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းထံ ရည္႐ြယ္ေရးသားခဲ့တာသာ ျဖစ္တယ္လို႕ ပါရွိပါတယ္။ ဥ႐ုေဂြးေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ကာဗာနီရဲ႕ပြဲပယ္ျပစ္ဒဏ္ကို ျပန္လည္စစ္ေဆးေပးဖို႔ အလိုရွိေနပါတယ္။

ကာဗာနီကေတာ့ အက္ဖ္ေအရဲ႕ ခ်မွတ္တဲ့ ျပစ္ဒဏ္ကို လက္ခံခဲ့ေပမယ့္ ဒါဟာ လူမ်ိဳးေရးခြဲျခားမႈတိုက္ဖ်က္တယ္ဆိုတဲ့ ေဆာင္ပုဒ္အေပၚမွာ ေလးစားတာေၾကာင့္သာ ျဖစ္တယ္လို႔ ယူႏိုက္တက္အသင္းကလည္း ထုတ္ျပန္ထားခဲ့ပါတယ္။ ကစားသမားတစ္ဦးအေနနဲ႕ အဖြဲ႔အစည္းတစ္ခုက ၾကီးေလးတဲ့ ျပစ္ဒဏ္တစ္ခုခ်မွတ္တဲ့အခ်ိန္မွာဆိုရင္ အသင္းအေနနဲ႕ ဒဏ္ရိုက္မႈေတြရွိေနတတ္ေပမယ့္ ကာဗာနီရဲ႕ ျပစ္ဒဏ္ခ်မွတ္ခံရမႈမွာေတာ့ ယူႏိုက္တက္အသင္းက ထပ္ေဆာင္းဒဏ္ရိုက္ခဲ့ျခင္းမရွိခဲ့သလို ကာဗာနီဘက္ကေနသာ ရပ္တည္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ကာဗာနီ ဟာ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ေၾကာင့္ အက္စတြန္ဗီလာ အသင္းနဲ႕ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိသလို မန္စီးတီး အသင္းနဲ႔ ကစားမယ့္ ကာရာေဘာင္းဖလားအႀကိဳဗိုလ္လုပြဲ၊ ဝက္ဖိုဒ့္ အသင္းနဲ႔ ကစားမယ့္ အက္ဖ္ေအဖလား ပြဲစဥ္ေတြကိုေတာ့ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။