ကာဗာနီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းပရိသတ်တွေအတွက်ကတော့ အသင်းနဲ့ အသားကျလာတဲ့ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အရေးယူအပြစ် ပေးခဲ့တာနဲ့ပတ်သက်ပြီး သဘောကျစေမှာတော့မဟုတ်ပါဘူး။ ပြုလုပ်ခဲ့တဲ့လုပ်ရပ်နဲ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ မမျှတဘူးလို့ခံစားစေရမှာပါ။ ကာဗာနီက တစ်ဘက်သားကိုနစ်နာစေလိုတဲ့ ရည်ရွယ်ချက်မပါဝင်ပဲ သုံးစွဲလိုက်တဲ့စကားလုံးလေးတစ်ခုဟာ လူမျိုးရေးခွဲခြားမှုဖြစ်စေတဲ့ အသုံးအနှုန်းမသုံးစွဲရဆိုတဲ့ စည်းမျဉ်းချိုးဖောက်မှုခဲ့တယ်လို့ဆုံးဖြတ်ခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ( ၃ ) ပွဲပယ် ပြစ်ဒဏ် နှင့် ဒဏ်ငွေ ပေါင်( ၁ ) သိန်း ပေးဆောင်ရန် ချမှတ်လိုက်ပါတယ်။

အသက် ( ၃၃ ) နှစ်အရွယ် ကာဗာနီဟာ ပြီးခဲ့တဲ့လက ဆောက်သမ်တန်အသင်းကို ၃ဂိုး – ၂ ဂိုး အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အင်စတာဂရမ် ပို့စ်မှ လုပ်ရပ်တစ်ခုကြောင့် အဆိုပါ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး သူ့အနေနဲ့ အယူခံဝင်သွားဖို့ အစီအစဉ် မရှိကြောင်းသိရပါတယ်။

ဥရုဂွေး တိုက်စစ်မှူးကာဗာနီဟာ အနိုင်ပွဲရရှိအောင် သွင်းဂိုးသွင်းနိုင်ခဲ့တဲ့ပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့ချိန်မှာ သူငယ်ချင်းတစ်ယောက်က postမှာ Asi te quiero , Matador ရေးခဲ့ရာမှာ သူကပြန်လည်ပြီး” Gracias negrito ” လို့ရေးပြီး သူ့ရဲ့ အင်စတာဂရမ် story မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

” Gracias negrito “ရဲ့ အင်္ဂလိပ် ဘာသာအဓိပ္ပယ်က ” thanks black ” လို့ အဓိပ္ပါယ်ရပေမယ့် ” El Matador ” လို့ ချစ်စနိုးခေါ်ကြတဲ့ ကာဗာနီက ” I love you like this , Matador ” လို့ အဓိပ္ပါယ်ရတဲ့ ” Asi te quiero , Matador ” လို့ ရေးထားတဲ့ သူငယ်ချင်းကို အဆိုပါစာသားနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီက စည်းမျဉ်းတွေနဲ့ မကိုက်ညီကြောင်း အသိပေးခံရပြီးချင်း အဆိုပါ post ကို ဖျက်ပစ်ခဲ့ပေမယ့် FA ကတော့ စည်းမျဉ်း E3.2 အရ လူမျိုး / အသားအရောင် ခွဲခြားမှုပြုတယ်လို့ ဆုံးဖြတ်ခဲ့ပြီး သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီဟာ အဆိုပါ ပြစ်ဒဏ်ကြောင့် နှစ်သစ်ကူးနေ့မှာ ကစားရမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်အပါအဝင် ၊ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ၊ဇန်နဝါရီ ( ၉ ) ရက်နေ့မှာ ဝက်ဖို့ဒ်အသင်းနဲ့ အက်အေ ဖလား တတိယအဆင့် ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ကာဗာနီဟာလည်း သူရေးသားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ လူမျိုးရေးခွဲခြားမှုမရှိခဲ့သလို သူဟာ အသားအရောင်ခွဲခြားတတ်သူမဟုတ်ကြောင်းလည်း ရှင်းလင်းပြောကြားထားတဲ့ post ကို ပြန်လည်တင်ပြထားခဲ့ပါတယ်။ ယူနိုက်တက်က ကာဗာနီဟာ ရိုးသားတဲ့ အမှားတစ်ခု ကျူးလွန်ခဲ့တာလို့ ယုံကြည်ပြီး အက်ဖ်အေ ရဲ့ စည်းမျဉ်းတွေကို နားလည်ပေမယ့် အင်စတာဂရမ် post တစ်ခုကြောင့် ယခုလို ကြီးမားတဲ့ ပြစ်ဒဏ် မချမှတ်သင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီကို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ျပစ္ဒဏ္ခ်မွတ္ ။

ယူႏိုက္တက္အသင္းပရိသတ္ေတြအတြက္ကေတာ့ အသင္းနဲ႔ အသားက်လာတဲ့ တိုက္စစ္မႉး အက္ဒီဆင္ ကာဗာနီကို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အေရးယူအျပစ္ ေပးခဲ့တာနဲ႔ပတ္သက္ၿပီး သေဘာက်ေစမွာေတာ့မဟုတ္ပါဘူး။ ျပဳလုပ္ခ့ဲတဲ့လုပ္ရပ္နဲ႕ ခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္ဟာ မမွ်တဘူးလို႕ခံစားေစရမွာပါ။ ကာဗာနီက တစ္ဘက္သားကိုနစ္နာေစလိုတဲ့ ရည္ရြယ္ခ်က္မပါဝင္ပဲ သံုးစြဲလိုက္တဲ့စကားလံုးေလးတစ္ခုဟာ လူမ်ိဳးေရးခြဲျခားမႈျဖစ္ေစတဲ့ အသံုးအႏႈန္းမသံုးစြဲရဆိုတဲ့ စည္းမ်ဥ္းခ်ိဳးေဖာက္မႈခဲ့တယ္လို႕ဆံုးျဖတ္ခဲ့ၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ( ၃ ) ပြဲပယ္ ျပစ္ဒဏ္ ႏွင့္ ဒဏ္ေငြ ေပါင္( ၁ ) သိန္း ေပးေဆာင္ရန္ ခ်မွတ္လိုက္ပါတယ္။

အသက္ ( ၃၃ ) ႏွစ္အ႐ြယ္ ကာဗာနီဟာ ၿပီးခဲ့တဲ့လက ေဆာက္သမ္တန္အသင္းကို ၃ဂိုး – ၂ ဂိုး အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီး အင္စတာဂရမ္ ပို႔စ္မွ လုပ္ရပ္တစ္ခုေၾကာင့္ အဆိုပါ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရတာ ျဖစ္ၿပီး သူ႔အေနနဲ႕ အယူခံဝင္သြားဖို႔ အစီအစဥ္ မရွိေၾကာင္းသိရပါတယ္။ ဥ႐ုေဂြး တိုက္စစ္မႉးကာဗာနီဟာ အႏိုင္ပြဲရရွိေအာင္ သြင္းဂိုးသြင္းႏိုင္ခဲ့တဲ့ပံုကို အင္စတာဂရမ္မွာ တင္ထားခဲ့ခ်ိန္မွာ သူငယ္ခ်င္းတစ္ေယာက္က postမွာ Asi te quiero , Matador ေရးခဲ့ရာမွာ သူကျပန္လည္ၿပီး” Gracias negrito ” လို႔ေရးၿပီး သူ႔ရဲ႕ အင္စတာဂရမ္ story မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

” Gracias negrito “ရဲ႕ အဂၤလိပ္ ဘာသာအဓိပၸယ္က ” thanks black ” လို႔ အဓိပၸါယ္ရေပမယ့္ ” El Matador ” လို႔ ခ်စ္စႏိုးေခၚၾကတဲ့ ကာဗာနီက ” I love you like this , Matador ” လို႔ အဓိပၸါယ္ရတဲ့ ” Asi te quiero , Matador ” လို႔ ေရးထားတဲ့ သူငယ္ခ်င္းကို အဆိုပါစာသားနဲ႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကာဗာနီက စည္းမ်ဥ္းေတြနဲ႔ မကိုက္ညီေၾကာင္း အသိေပးခံရၿပီးခ်င္း အဆိုပါ post ကို ဖ်က္ပစ္ခဲ့ေပမယ့္ FA ကေတာ့ စည္းမ်ဥ္း E3.2 အရ လူမ်ိဳး / အသားအေရာင္ ခြဲျခားမႈျပဳတယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး သုံးပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ကာဗာနီဟာ အဆိုပါ ျပစ္ဒဏ္ေၾကာင့္ ႏွစ္သစ္ကူးေန႔မွာ ကစားရမယ့္ အက္စတြန္ဗီလာနဲ႔ ပြဲစဥ္အပါအဝင္ ၊ဗုဒၶဟူးေန႔မွာ မန္စီးတီးနဲ႔ ကစားရမယ့္ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ ၊ဇန္နဝါရီ ( ၉ ) ရက္ေန႔မွာ ဝက္ဖို႔ဒ္အသင္းနဲ႔ အက္ေအ ဖလား တတိယအဆင့္ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ ကာဗာနီဟာလည္း သူေရးသားခဲ့တဲ့ကိစၥနဲ႕ ပတ္သက္လို႕ လူမ်ိုးေရးခြဲျခားမႈမရွိခဲ့သလို သူဟာ အသားအေရာင္ခြဲျခားတတ္သူမဟုတ္ေၾကာင္းလည္း ရွင္းလင္းေျပာၾကားထားတဲ့ post ကို ျပန္လည္တင္ျပထားခဲ့ပါတယ္။ ယူႏိုက္တက္က ကာဗာနီဟာ ႐ိုးသားတဲ့ အမွားတစ္ခု က်ဴးလြန္ခဲ့တာလို႔ ယုံၾကည္ၿပီး အက္ဖ္ေအ ရဲ႕ စည္းမ်ဥ္းေတြကို နားလည္ေပမယ့္ အင္စတာဂရမ္ post တစ္ခုေၾကာင့္ ယခုလို ႀကီးမားတဲ့ ျပစ္ဒဏ္ မခ်မွတ္သင့္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။