ကာဗာနီနဲ့ပြန်အတွေ့မှာအကောင်းဆုံးခြေစွမ်းထုတ်ပြဖို့ ဝန်လေးနေမှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဘာပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေးက ကစားဖော်ဟောင်း ကာဗာနီနဲ့ ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန် ရင်ဆိုင်ရမယ့် အင်္ဂါနေ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားပြဖို့ ဝန်လေးနေမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် ကစားရမှာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူး ကာဗာနီအတွက်တော့ အသင်းဟောင်းနဲ့ချက်ချင်း ရင်ဆိုင်ရမယ့်အပေါ် အံ့အားသင့်စရာဖြစ်နေပါတယ်။

ဘာပေးနဲ့ ကာဗာနီတို့ဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တုန်းက ကွင်းတွင်းရော ကွင်းပြင်ပမှာပါ တော်တော်လေးတွဲဖြစ်ခဲ့သူတွေပါ။ ဘာပေးနဲ့တွဲလုံးကနေ ဂိုးတွေများစွာလည်း ကာဗာနီ သွင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးပရိသတ်အားလုံး စောင့်ကြည့်နေကြမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ကာဗာနီက “ကျွန်တော်က အခု ယူနိုက်တက်အသင်းကို ရောက်သွားပါပြီ။ ဒီပွဲမှာ ဘာပေး အကောင်းဆုံးခြေစွမ်းပြနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ သူနဲ့ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန်ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူ့ကို အနိုင်ရအောင် ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေများနေလို့ ချန်ပီယံလိဂ်ပွဲအတွက်ကစားသမားအင်အား နည်းနေပေမယ့် နေမာနဲ့ဘာပေးတို့လို ကြယ်ပွင့်ကစားသမားတွေတော့ ပါဝင်မယ်လို့ သိရပါတယ်။

အခုဆိုရင် ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်လို့ ပဲရစ်မြို့ကို သူ့ အသင်းသစ်နဲ့အတူလိုက်ပါလာဖို့ သေချာသလောက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲဦးထွက်ဟာ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ပွဲဖြစ်နိုင်ခြေရှိတာနဲ့ပတ်သက်လို့ ကာဗာနီကလည်း “အရမ်းထူးခြားတဲ့အခိုက်အတန့်တစ်ခုကို ကျွန်တော် ကြုံတွေ့ရပါတော့မယ်”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီနဲ႔ျပန္အေတြ႔မွာအေကာင္းဆံုးေျခစြမ္းထုတ္ျပဖို႔ ၀န္ေလးေနမွာမဟုတ္ဘူးလို႔ ေျပာလိုက္တဲ့ ဘာေပး

ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပးက ကစားေဖာ္ေဟာင္း ကာဗာနီနဲ႔ ၿပိဳင္ဘက္အျဖစ္ တစ္ေက်ာ့ျပန္ ရင္ဆိုင္ရမယ့္ အဂၤါေန႔ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ အေကာင္းဆံုးႀကိဳးစားျပဖို႔ ၀န္ေလးေနမွာမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ အဂၤါေန႔မွာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ ကစားရမွာျဖစ္ၿပီး ဥရုေဂြးတိုက္စစ္မွဴး ကာဗာနီအတြက္ေတာ့ အသင္းေဟာင္းနဲ႔ခ်က္ခ်င္း ရင္ဆိုင္ရမယ့္အေပၚ အံ့အားသင့္စရာျဖစ္ေနပါတယ္။

ဘာေပးနဲ႔ ကာဗာနီတို႔ဟာ ပီအက္စ္ဂ်ီအသင္းမွာ ကစားခဲ့တုန္းက ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ ေတာ္ေတာ္ေလးတြဲျဖစ္ခဲ့သူေတြပါ။ ဘာေပးနဲ႔တြဲလံုးကေန ဂိုးေတြမ်ားစြာလည္း ကာဗာနီ သြင္းခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကမၻာ႔ေဘာလံုးပရိသတ္အားလံုး ေစာင့္ၾကည့္ေနၾကမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာေတာ့ ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ကာဗာနီက “ကၽြန္ေတာ္က အခု ယူႏိုက္တက္အသင္းကို ေရာက္သြားပါၿပီ။ ဒီပြဲမွာ ဘာေပး အေကာင္းဆံုးေျခစြမ္းျပႏိုင္ပါေစလို႔ ကၽြန္ေတာ္ ဆုေတာင္းပါတယ္။ ကၽြန္ေတာ္တို႔ဟာ သူနဲ႔ၿပိဳင္ဘက္အျဖစ္ တစ္ေက်ာ့ျပန္ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး သူ႔ကို အႏိုင္ရေအာင္ ႀကိဳးစားသြားမွာပါ”လို႔ ေျပာပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြမ်ားေနလို႔ ခ်န္ပီယံလိဂ္ပြဲအတြက္ကစားသမားအင္အား နည္းေနေပမယ့္ ေနမာနဲ႔ဘာေပးတို႔လို ၾကယ္ပြင့္ကစားသမားေတြေတာ့ ပါ၀င္မယ္လို႔ သိရပါတယ္။

အခုဆိုရင္ ကာဗာနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္လို႔ ပဲရစ္ၿမိဳ႕ကို သူ႔ အသင္းသစ္နဲ႔အတူလိုက္ပါလာဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ပဲြဲဦးထြက္ဟာ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ပြဲျဖစ္ႏိုင္ေျခရွိတာနဲ႔ပတ္သက္လို႔ ကာဗာနီကလည္း “အရမ္းထူးျခားတဲ့အခိုက္အတန္႔တစ္ခုကို ကၽြန္ေတာ္ ႀကံဳေတြ႔ရပါေတာ့မယ္”လို႔ေျပာပါတယ္။