ကာဗာနီနဲ့ တဲလက်စ်တို့ကြောင့် မန်ယူ ပိုတောင့်တင်းလာတယ်လို့ ဖရက်ဒ် ထင်မြင် ချဲလ်ဆီးနဲ့ပွဲအတွက် ကာဗာနီ ကစားနိုင်ဖွယ်ရှိဟု ဆိုးလ်ရှား ယူဆ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ တဲလက်စ်တို့ဟာ အသင်းအတွက် အကောင်းဆုံးအရာတွေကို ယူဆောင်ပေးလာမယ့် ကစားသမားတွေ ဖြစ်တယ်လို့ အသင်းဖော် ဖရက်ဒ်က ယုံကြည်နေပါတယ်။ ကာဗာနီဟာ မန်ယူအတွက် မကစားသေးရပေမယ့် တဲလက်စ်ကတော့ ပီအက်စ်ဂျီနဲ့ပွဲမှာ တစ်နာရီကျော် ဝင် ရောက်ကစားပေးခဲ့ပါတယ်။

ပေါ်တိုမှာကစားခဲ့တဲ့ပုံစံအတိုင်း မန်ယူတိုက်စစ်ကို ဖြတ် တင်ဘောတွေပေးပို့နိုင်ခဲ့ပြီး ဘယ်တောင်ပံတစ်လျှောက် အတက်အဆင်းတိုင်ပင်မှန်မှန် နဲ့ကစားနိုင်ခဲ့ပြီး ပွဲဦးထွက်မှာ စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ လာမယ့် ချဲလ်ဆီးပွဲမှာ လည်း ဒီကစားသမား ၂ ဦးစလုံးကို ပွဲထုတ်နိုင်ဖို့ ပရိသတ်တွေကမျှော်လင့်နေကြပါ တယ်။

ဖရက်ဒ်က “ဒီကစားသမား ၂ ယောက်ဟာ တကယ်ကိုကောင်းတဲ့သူတွေပါ။ ကျွန်တော်တို့အသင်းရဲ့အင်အားကိုလည်း ပိုပြီးတောင့်တင်းသွားစေပါတယ်။ လုခ်ရှော ရှိပြီး အဲလက်စ်တဲလက်စ်ပါ ထပ်ရောက်လာတဲ့အတွက် ပိုပြည့်စုံသွားပါတယ်။ ကာဗာနီ ကလည်း အသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်သူပါ။ အသင်း အဝတ်လဲခန်းမှာလည်း အားလုံးက စုစုစည်းစည်းရှိပြီး ညီညွတ်ပါတယ်”လို့ ပြောကြား သွားခဲ့ပါတယ်။

ပရိသတ်တွေမျှော်လင့်နေတဲ့ ကာဗာနီရဲ့အနေအထားနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကလည်း ချဲလ်ဆီးနဲ့ပွဲမှာ အသုံးပြုဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ပွဲမှာ အနားပေးခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ဂရင်းဝုဒ်တို့ကိုလည်း အသင်းလူစာရင်း မှာ ပြန်လည်ထည့်သွင်းထားပြီး ချဲလ်ဆီးကို ဒဏ်ရာရနေတဲ့ ဘိုင်းလီနဲ့ လင်ဂတ်တို့ ၂ ဦးကလွဲရင် အတောင့်တင်းဆုံးအနေအထားနဲ့ ရင်ဆိုင်သွားဖို့ရှိပါတယ်။

ဆိုးလ်ရှားက “မက်ဂွိုင်းယားနဲ့ ဂရင်းဝုဒ်တို့ရဲ့တိုးတက်မှုကိုလည်း ကျွန်တော် တွေ့မြင်ရပါတယ်။ ဘိုင်းလီနဲ့ လင်ဂတ်တို့ကတော့ အသင်းနဲ့ ရက်သတ္တပတ်အနည်းငယ်ပါဝင်နိုင်မှာမဟုတ် ပါဘူး။ ကာဗာနီက အသင်းအတွက် အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ လေ့ကျင့်ခန်း ကောင်းကောင်းဆင်းနိုင်ခဲ့သလို ကြိုးစားတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ် အတွက် သူ ပါဝင်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီနဲ႔ တဲလက္စ္တို႔ေၾကာင့္ မန္ယူ ပိုေတာင့္တင္းလာတယ္လို႔ ဖရက္ဒ္ ထင္ျမင္

ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ကာဗာနီ ကစားႏိုင္ဖြယ္ရွိဟု ဆိုးလ္ရွား ယူဆ

မန္ယူအသင္းက အသစ္ေခၚယူထားတဲ့ တိုက္စစ္မွဴး ကာဗာနီနဲ႔ တဲလက္စ္တို႔ဟာ အသင္းအတြက္ အေကာင္းဆံုးအရာေတြကို ယူေဆာင္ေပးလာမယ့္ ကစားသမားေတြ ျဖစ္တယ္လို႔ အသင္းေဖာ္ ဖရက္ဒ္က ယံုၾကည္ေနပါတယ္။ ကာဗာနီဟာ မန္ယူအတြက္ မကစားေသးရေပမယ့္ တဲလက္စ္ကေတာ့ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တစ္နာရီေက်ာ္ ၀င္ ေရာက္ကစားေပးခဲ့ပါတယ္။

ေပၚတိုမွာကစားခဲ့တဲ့ပံုစံအတိုင္း မန္ယူတိုက္စစ္ကို ျဖတ္ တင္ေဘာေတြေပးပို႔ႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံတစ္ေလွ်ာက္ အတက္အဆင္းတုိင္ပင္မွန္မွန္ နဲ႔ကစားႏိုင္ခဲ့ၿပီး ပြဲဦးထြက္မွာ စိတ္ေက်နပ္စရာျဖစ္ခဲ့ပါတယ္။ လာမယ့္ ခ်ဲလ္ဆီးပြဲမွာ လည္း ဒီကစားသမား ၂ ဦးစလံုးကို ပဲြထုတ္ႏိုင္ဖုိ႔ ပရိသတ္ေတြကေမွ်ာ္လင့္ေနၾကပါ တယ္။

ဖရက္ဒ္က “ဒီကစားသမား ၂ ေယာက္ဟာ တကယ္ကိုေကာင္းတဲ့သူေတြပါ။ ကၽြန္ေတာ္တို႔အသင္းရဲ႕အင္အားကိုလည္း ပိုၿပီးေတာင့္တင္းသြားေစပါတယ္။ လုခ္ေရွာ ရွိၿပီး အဲလက္စ္တဲလက္စ္ပါ ထပ္ေရာက္လာတဲ့အတြက္ ပိုျပည့္စံုသြားပါတယ္။ ကာဗာနီ ကလည္း အသင္းရဲ႕တိုက္စစ္မွာ အေကာင္းဆံုးစြမ္းေဆာင္ေပးႏိုင္မယ့္သူပါ။ အသင္း အ၀တ္လဲခန္းမွာလည္း အားလံုးက စုစုစည္းစည္းရွိၿပီး ညီညြတ္ပါတယ္”လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ပရိသတ္ေတြေမွ်ာ္လင့္ေနတဲ့ ကာဗာနီရဲ႕အေနအထားနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားကလည္း ခ်ဲလ္ဆီးနဲ႔ပြဲမွာ အသံုးျပဳဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အနားေပးခဲ့တဲ့ မက္ဂြိဳင္းယားနဲ႔ ဂရင္း၀ုဒ္တုိ႔ကိုလည္း အသင္းလူစာရင္း မွာ ျပန္လည္ထည့္သြင္းထားၿပီး ခ်ဲလ္ဆီးကို ဒဏ္ရာရေနတဲ့ ဘိုင္းလီနဲ႔ လင္ဂတ္တို႔ ၂ ဦးကလြဲရင္ အေတာင့္တင္းဆံုးအေနအထားနဲ႔ ရင္ဆိုင္သြားဖို႔ရွိပါတယ္။

ဆိုးလ္ရွားက “မက္ဂြိဳင္းယားနဲ႔ ဂရင္း၀ုဒ္တို႔ရဲ႕တိုးတက္မႈကိုလည္း ကၽြန္ေတာ္ ေတြ႕ျမင္ရပါတယ္။ ဘုိင္းလီနဲ႔ လင္ဂတ္တုိ႔ကေတာ့ အသင္းနဲ႔ ရက္သတၱပတ္အနည္းငယ္ပါ၀င္ႏိုင္မွာမဟုတ္ ပါဘူး။ ကာဗာနီက အသင္းအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္ပါတယ္။ ေလ့က်င့္ခန္း ေကာင္းေကာင္းဆင္းႏိုင္ခဲ့သလို ႀကိဳးစားတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ဒီတစ္ပတ္ပြဲစဥ္ အတြက္ သူ ပါ၀င္လာႏိုင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။