
မန်ချက်စတာယူနိုက်တက်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
အက်ဒီဆင်ကာဗာနီနှင့်အန်တိုနီမာရှယ်တို့နှစ်ဦးစလုံးကိုဆုံးရှုံးရပါက
ပီအက်စ်ဂျီတိုက်စစ်မှူးမော်ရိုအိုင်ကာဒီကိုခေါ်ယူရန်စဉ်းစားနေကြောင်းသိရပါတယ်။
အန်တိုနီမာရှယ်ဟာယခုရာသီတွင်ယူနိုက်တက်တွင်နေရာရရှိရေး
ရုန်းကန်နေရသူဖြစ်ပြီးဇန်နဝါရီတွင်ထွက်ခွာလိုကြောင်းကလပ်ကို
အကြောင်းကြားထားပြီးလည်းဖြစ်ပါတယ်။သူဟာလာလီဂါထိပ်သီးဆီဗီလာနှင့်
ဆွေးနွေးမှုပြုလုပ်နေပါတယ်။ကာဗာနီမှာလည်းနည်းပြ
ရေးဖ်ရန်းနစ်ခ်လက်အောက်တွင်နောက်ပိုင်းမှာအရေးပါတဲ့
ကစားသမားတစ်ဦးအဖြစ်ကစားခွင့်ရနေပေမဲ့လည်း မပျော်မရွှင်ဖြစ်နေပါတယ်။
ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ကအက်ဒီဆင်ကာဗာနီမှာ
အသင်းအတွက်အရေးပါသူဖြစ်ပြီးရာသီအကုန်အထိ
ဆက်ထိန်းထားမယ်လို့ပြောကြားထားပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာဇန်နဝါရီတွင်ကာဗာနီနှင့်မာရှယ်တို့နှစ်ဦးစလုံးကို
ဆုံးရှုံးရပါကအိုင်ကာဒီကိုခေါ်ယူအစားထိုးလာမယ်လို့
L’Equipe ကဖော်ပြလာပါတယ်။
အိုင်ကာဒီဟာ၂၀၂၀ခုနှစ်တွင်အင်တာမီလန်မှပီအက်စ်ဂျီသို့ရောက်လာပြီးနောက်
၈၂ပွဲကစားကာ၃၈ဂိုးသွင်းယူထားပါတယ်။
လက်ရှိအချိန်တွင်အိုင်ကာဒီကိုခေါ်ယူရန်ဂျူဗင်တပ်ကလည်း
ကြိုးပမ်းနေပါတယ်။ဂျူဗင်တပ်ဟာအိုင်ကာဒီကိုနွေရာသီတွင်
ပေါင်သန်း၃၀ဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်
အငှားဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။
zawgyi
ကာဗာနီႏွင့္မာရွယ္တို႔ႏွစ္ဦးစလုံးကို ဆုံးရႈံးရပါက အိုင္ကာဒီကို အစားထိုးေခၚယူ ယူႏိုက္တက္စဥ္းစားထား
မန္ခ်က္စတာယူႏိုက္တက္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
အက္ဒီဆင္ကာဗာနီႏွင့္အန္တိုနီမာရွယ္တို႔ႏွစ္ဦးစလုံးကိုဆုံးရႈံးရပါက
ပီအက္စ္ဂ်ီတိုက္စစ္မႉးေမာ္႐ိုအိုင္ကာဒီကိုေခၚယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
အန္တိုနီမာရွယ္ဟာယခုရာသီတြင္ယူႏိုက္တက္တြင္ေနရာရရွိေရး
႐ုန္းကန္ေနရသူျဖစ္ၿပီးဇန္နဝါရီတြင္ထြက္ခြာလိုေၾကာင္းကလပ္ကို
အေၾကာင္းၾကားထားၿပီးလည္းျဖစ္ပါတယ္။သူဟာလာလီဂါထိပ္သီးဆီဗီလာႏွင့္
ေဆြးေႏြးမႈျပဳလုပ္ေနပါတယ္။ကာဗာနီမွာလည္းနည္းျပ
ေရးဖ္ရန္းနစ္ခ္လက္ေအာက္တြင္ေနာက္ပိုင္းမွာအေရးပါတဲ့
ကစားသမားတစ္ဦးအျဖစ္ကစားခြင့္ရေနေပမဲ့လည္း မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။
ယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ကအက္ဒီဆင္ကာဗာနီမွာ
အသင္းအတြက္အေရးပါသူျဖစ္ၿပီးရာသီအကုန္အထိ
ဆက္ထိန္းထားမယ္လို႔ေျပာၾကားထားပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာဇန္နဝါရီတြင္ကာဗာနီႏွင့္မာရွယ္တို႔ႏွစ္ဦးစလုံးကို
ဆုံးရႈံးရပါကအိုင္ကာဒီကိုေခၚယူအစားထိုးလာမယ္လို႔
L’Equipe ကေဖာ္ျပလာပါတယ္။
အိုင္ကာဒီဟာ၂၀၂၀ခုႏွစ္တြင္အင္တာမီလန္မွပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္
၈၂ပြဲကစားကာ၃၈ဂိုးသြင္းယူထားပါတယ္။
လက္ရွိအခ်ိန္တြင္အိုင္ကာဒီကိုေခၚယူရန္ဂ်ဴဗင္တပ္ကလည္း
ႀကိဳးပမ္းေနပါတယ္။ဂ်ဴဗင္တပ္ဟာအိုင္ကာဒီကိုေႏြရာသီတြင္
ေပါင္သန္း၃၀ျဖင့္အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္
အငွားျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။