ကာဗာနီ ဘာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလဲ ?

အက်ဒီဆင် ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ကြောင်း အသင်းဝက်ဆိုဒ်ကနေ အတည်ပြုပြောကြားထားပါတယ်။

ဥရုဂွေးကစားသမားရဲ့ စာချုပ်သစ်ဟာ ( ၂၀၂၂ ) ဇွန်လ ထိ ပါဝင်ပြီး တိုက်စစ်မှူးအတွက် မသေချာတဲ့ ကာလတွေ အဆုံးသတ်သွားပြီလို့ ဆိုနိုင်ပါတယ်။

ကာဗာနီက ယူနိုက်တက် ဝက်ဆိုဒ်နဲ့ အင်တာဗျူးရာမှာ အသင်းအပေါ် သံယောဇဥ်ရှိနေတဲ့အတွက် ချက်ချင်းခွဲခွာဖို့ ဆန္ဒမရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ကာဗာနီက “ ဘောလုံးရာသီတစ်လျှောက်လုံး အသင်းအပေါ် အကျိုးပြုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

နောက်ကွယ်က ဝန်ထမ်းတွေ နှင့် အသင်းဖော်တွေအပေါ် သံယောဇဥ်ရှိနေတယ်လို့ ခံစားရပါတယ်။

ဒါက ကျွန်တော့အတွက် နေ့စဥ် ခွန်အားဖြစ်စေပါတယ်။

ကျွန်တော်တို့အနေနဲ့ ထူးကဲတဲ့အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော်အသင်းကို ရောက်တဲ့ ပထမနေ့မှာကတည်းက မန်နေဂျာရဲ့ ယုံကြည်မှုကို ခံစားရပါတယ်။

ကစားသမားတစ်ယောက်အတွက် အဆိုပါ ယုံကြည်မှုက အကောင်းဆုံးကစားနိုင်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ကျေးဇူးတင်ချင်ပါတယ်။”

“ အသင်းပရိသတ်တွေကျွန်တော်ကို ဘယ်လောက်ထိ ဒီမှာ ဆက်နေစေချင်သလဲဆိုတာ ကျွန်တော်ခံစားမိပါတယ်။

ကျွန်တော့်ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်တွေနဲ့ သူတို့ ပျော်ရွှင်ဖို့ အရာရာ ပေးဆပ်သွားမှာပါ။

ကျွန်တော် အိုးထရတ်ဖို့ဒ် ပရိသတ်ရှေ့မှောက်မှာ ကစားခွင့်မရသေးပါဘူး ။ ဒါက ကျွန်တော် စောင့်ဆိုင်းနေတဲ့ အရာပါ။”

Zawgyi

ကာဗာနီ ဘာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့တာလဲ ?

အက္ဒီဆင္ ကာဗာနီဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ေၾကာင္း အသင္းဝက္ဆိုဒ္ကေန အတည္ျပဳေျပာၾကားထားပါတယ္။

ဥ႐ုေဂြးကစားသမားရဲ႕ စာခ်ဳပ္သစ္ဟာ ( ၂၀၂၂ ) ဇြန္လ ထိ ပါဝင္ၿပီး တိုက္စစ္မႉးအတြက္ မေသခ်ာတဲ့ ကာလေတြ အဆုံးသတ္သြားၿပီလို႔ ဆိုႏိုင္ပါတယ္။

ကာဗာနီက ယူႏိုက္တက္ ဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးရာမွာ အသင္းအေပၚ သံေယာဇဥ္ရွိေနတဲ့အတြက္ ခ်က္ခ်င္းခြဲခြာဖို႔ ဆႏၵမရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကာဗာနီက “ ေဘာလုံးရာသီတစ္ေလွ်ာက္လုံး အသင္းအေပၚ အက်ိဳးျပဳႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္ ။ ေနာက္ကြယ္က ဝန္ထမ္းေတြ ႏွင့္ အသင္းေဖာ္ေတြအေပၚ သံေယာဇဥ္ရွိေနတယ္လို႔ ခံစားရပါတယ္။ ဒါက ကြၽန္ေတာ့အတြက္ ေန႔စဥ္ ခြန္အားျဖစ္ေစပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ထူးကဲတဲ့ေအာင္ျမင္မႈေတြကို အတူတကြ ရယူႏိုင္လိမ့္မယ္ လို႔ ယုံၾကည္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္အသင္းကို ေရာက္တဲ့ ပထမေန႔မွာကတည္းက မန္ေနဂ်ာရဲ႕ ယုံၾကည္မႈကို ခံစားရပါတယ္။ ကစားသမားတစ္ေယာက္အတြက္ အဆိုပါ ယုံၾကည္မႈက အေကာင္းဆုံးကစားႏိုင္ဖို႔ ၿပီးျပည့္စုံတဲ့ အခြင့္အေရးျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ကို ေက်းဇူးတင္ခ်င္ပါတယ္။”

“ အသင္းပရိသတ္ေတြကြၽန္ေတာ္ကို ဘယ္ေလာက္ထိ ဒီမွာ ဆက္ေနေစခ်င္သလဲဆိုတာ ကြၽန္ေတာ္ခံစားမိပါတယ္။ ကြၽန္ေတာ့္ရဲ႕ ကြင္းတြင္း စြမ္းေဆာင္ရည္ေတြနဲ႔ သူတို႔ ေပ်ာ္႐ႊင္ဖို႔ အရာရာ ေပးဆပ္သြားမွာပါ ။ ကြၽန္ေတာ္ အိုးထရတ္ဖို႔ဒ္ ပရိသတ္ေရွ႕ေမွာက္မွာ ကစားခြင့္မရေသးပါဘူး ။ ဒါက ကြၽန္ေတာ္ ေစာင့္ဆိုင္းေနတဲ့ အရာပါ။”