ကာဗာနီ ဦးဆောင်မယ့်တိုက်စစ်နဲ့အတူ ချဲလ်ဆီးနဲ့ကစားဖို့ Lowry ဟိုတယ်ကို ရောက် လာတဲ့ မန်ယူအသင်းလူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ပွဲအတွက် မန်ယူအသင်းရဲ့လူစာရင်းကို နည်း ပြဆိုးလ်ရှားက တရားဝင်မကြေညာသေးပေမယ့် အိမ်ကွင်းပွဲစဉ်တွေမစခင် အမြဲရောက် လာနေကျဖြစ်တဲ့ Lowry ဟိုတယ်ကိုရောက်ရှိလာတဲ့ လူစာရင်းကိုတော့ မီဒီယာတွေ ကထုတ်ဖော်သွားခဲ့ပါတယ်။

ဒီလူစာရင်းမှာ ဆိုးလ်ရှားပြောထားတဲ့အတိုင်း ဘိုင်းလီနဲ့ လင်ဂတ်တို့မပါလာခဲ့ဘဲ နောက်ခံလူ တဲလက်စ်ကိုလည်း မတွေ့ရပါဘူး။ ဒါပေမဲ့ တဲ လက်စ်ဟာ မန်ချက်စတာကိုစရောက်ကတည်းက အဲဒီဟိုတယ်မှာပဲတည်းခိုနေတဲ့သူ ဖြစ်တာကြောင့် မမြင်ရတာဖြစ်နိုင်ပါတယ်။ ဒီလူစာရင်းအရ မန်ယူရဲ့ပွဲထွက်အခင်းအ ကျင်း ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ သုံးသပ်ကြည့်ပါမယ်။

ဂိုး

ဂိုးပေါက်မှာတော့ ဒီဂီယာပဲတာဝန်ယူဖို့များပြီး အသင်းနဲ့အတူပါလာတဲ့ နောက်ထပ်ဂိုး သမား ၂ ယောက်ကတော့ ဟန်ဒါဆန်နဲ့ ဘစ်ရှော့တို့ပါပဲ။

နောက်တန်း

ဘစ်ဆာကာ၊ မန်ဆက်ချ်၊ လင်ဒီလော့ဖ်၊ တန်ဇွန်ဘီ၊ လုခ်ရှောတို့နဲ့အတူ အသင်းခေါင်း ဆောင် မက်ဂွိုင်းယား ပြန်ပါလာပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲတုန်းကလို နောက်တန်း ၃ ယောက်အထိုင်ဖြစ်မလား၊ ၄ ယောက်ခံစစ်အတွဲထားမလားဆိုတာ စိတ်ဝင်စားစရာပါ။

အလယ်တန်း

ဗန်ဒီဘိခ်၊ မာတစ်၊ တွန်မီနေးလ်၊ ဖရက်ဒ်၊ ပေါ့ဂ်ဘာ၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ပါဝင်လာပြီး ထူးထူးခြားခြားအပြောင်းအလဲမရှိပါဘူး။

ဆိုးလ်ရှားအနေနဲ့ ပရိသတ်တွေအားမရဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို အရန်အဖြစ်ပဲ အသုံးပြုတာကို ဒီပွဲမှာ လည်း ဆက်လက်မြင်တွေ့ရဖို့ရှိနေပါတယ်။

ရှေ့တန်း

မာရှယ် ပွဲပယ်ခံထားရတဲ့အတွက် ရက်ရှ်ဖို့ဒ်၊ အီဂါလိုတို့နဲ့အတူ ဂရင်းဝုဒ် ပြန်ပါလာပါ တယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာချန်ထားခဲ့တဲ့ ကာဗာနီလည်း ပါလာတာကြောင့် မန်ယူကစား သမားဘ၀ ပထမဆုံးပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ ပွဲထွက်လာမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီ ဦးေဆာင္မယ့္တိုက္စစ္နဲ႔အတူ ခ်ဲလ္ဆီးနဲ႔ကစားဖို႔ Lowry ဟိုတယ္ကို ေရာက္ လာတဲ့ မန္ယူအသင္းလူစာရင္း

ပရိသတ္ေတြစိတ္၀င္စားေနတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ မန္ယူအသင္းရဲ႕လူစာရင္းကို နည္း ျပဆိုးလ္ရွားက တရား၀င္မေၾကညာေသးေပမယ့္ အိမ္ကြင္းပြဲစဥ္ေတြမစခင္ အၿမဲေရာက္ လာေနက်ျဖစ္တဲ့ Lowry ဟိုတယ္ကိုေရာက္ရွိလာတဲ့ လူစာရင္းကိုေတာ့ မီဒီယာေတြ ကထုတ္ေဖာ္သြားခဲ့ပါတယ္။

ဒီလူစာရင္းမွာ ဆိုးလ္ရွားေျပာထားတဲ့အတိုင္း ဘုိင္းလီနဲ႔ လင္ဂတ္တို႔မပါလာခဲ့ဘဲ ေနာက္ခံလူ တဲလက္စ္ကိုလည္း မေတြ႕ရပါဘူး။ ဒါေပမဲ့ တဲ လက္စ္ဟာ မန္ခ်က္စတာကုိစေရာက္ကတည္းက အဲဒီဟိုတယ္မွာပဲတည္းခိုေနတဲ့သူ ျဖစ္တာေၾကာင့္ မျမင္ရတာျဖစ္ႏိုင္ပါတယ္။ ဒီလူစာရင္းအရ မန္ယူရဲ႕ပြဲထြက္အခင္းအ က်င္း ဘယ္လိုျဖစ္လာႏိုင္လဲဆိုတာ သံုးသပ္ၾကည့္ပါမယ္။

ဂိုး

ဂိုးေပါက္မွာေတာ့ ဒီဂီယာပဲတာ၀န္ယူဖို႔မ်ားၿပီး အသင္းနဲ႔အတူပါလာတဲ့ ေနာက္ထပ္ဂိုး သမား ၂ ေယာက္ကေတာ့ ဟန္ဒါဆန္နဲ႔ ဘစ္ေရွာ့တို႔ပါပဲ။

ေနာက္တန္း

ဘစ္ဆာကာ၊ မန္ဆက္ခ်္၊ လင္ဒီေလာ့ဖ္၊ တန္ဇြန္ဘီ၊ လုခ္ေရွာတို႔နဲ႔အတူ အသင္းေခါင္း ေဆာင္ မက္ဂြိဳင္းယား ျပန္ပါလာပါတယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းကလို ေနာက္တန္း ၃ ေယာက္အထုိင္ျဖစ္မလား၊ ၄ ေယာက္ခံစစ္အတြဲထားမလားဆိုတာ စိတ္၀င္စားစရာပါ။

အလယ္တန္း

ဗန္ဒီဘိခ္၊ မာတစ္၊ တြန္မီေနးလ္၊ ဖရက္ဒ္၊ ေပါ့ဂ္ဘာ၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာတာနဲ႔ ဘရူႏို ဖာနန္ဒက္စ္တို႔ပါ၀င္လာၿပီး ထူးထူးျခားျခားအေျပာင္းအလဲမရွိပါဘူး။ ဆိုးလ္ရွားအေနနဲ႔ ပရိသတ္ေတြအားမရျဖစ္ေနတဲ့ ဗန္ဒီဘိခ္ကို အရန္အျဖစ္ပဲ အသံုးျပဳတာကို ဒီပြဲမွာ လည္း ဆက္လက္ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။

ေရွ႕တန္း

မာရွယ္ ပြဲပယ္ခံထားရတဲ့အတြက္ ရက္ရွ္ဖို႔ဒ္၊ အီဂါလုိတို႔နဲ႔အတူ ဂရင္း၀ုဒ္ ျပန္ပါလာပါ တယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲမွာခ်န္ထားခဲ့တဲ့ ကာဗာနီလည္း ပါလာတာေၾကာင့္ မန္ယူကစား သမားဘ၀ ပထမဆံုးပဲြကို အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲထြက္လာမလားဆိုတာ အားလံုးက စိတ္၀င္စားေနၾကပါတယ္။