
လီဗာပူးဂန္ထဝင်နောက်ခံလူဂျင်မီကာရေဂါကအိုလီဂန်းနားဆိုးလ်ရှားရဲ့
နည်းပြဆိုင်ရာကျွမ်းကျင်မှုမှာသူ့ရဲ့ပြိုင်ဘက်များဖြစ်ကြတဲ့လီဗာပူး၊ မန်စီးတီးနှင့်
ချဲလ်ဆီးအသင်းနည်းပြတို့ရဲ့အဆင့်မျိုးသို့ဘယ်တော့မှရောက်လာမှာမဟုတ်ကြောင်း
တိုက်ခိုက်ပြောကြားလိုက်ပါတယ်။ ယခုအပတ်အစောပိုင်းတုန်းက
ကာရေဂါကမန်ယူမှာနည်းပြသစ်လိုအပ်နေပြီဖြစ်ကြောင်းပြောကြားခဲ့ဖူးပြီး
ဆိုးလ်ရှားကလီဗာပူးနှင့်ပွဲမတိုင်မီအသင်းကိုမတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။
ယခုအခါကာရေဂါကဆိုးလ်ရှားမှာနည်းပြဘဝတွင်ဂျာဂင်ကလော့ပ်၊ပက်ဂွါဒီယိုလာ၊
သောမတ်စ်တူချယ်တို့ရဲ့အဆင့်မျိုးသို့ဘယ်တော့မှရောက်လာမှာမဟုတ်ကြောင်း
The Telegraph တွင်ရေးသားလာပြန်ပါတယ်။
ကာရေဂါက “ဂျွန်တယ်ရီကကျွန်တော့်ထက်အရပ်ရှည်တယ်။ခေါင်းယှဉ်တိုက်ရာမှာ
ကျွန်တော့်ထက်ပိုကောင်းတယ်။ရီယိုဖာဒီနန်ကပိုမြန်ပြီးသန်မာတယ်။
သူတို့နှစ်ဦးကိုယှဉ်နိုင်စရာမရှိပါဘူး။ဆိုးလ်ရှားလည်းကလော့ပ်၊ဂွါဒီယိုလာ၊
တူချယ်တို့ယှဉ်လာရင်ဒီအတိုင်းပဲ။အဲဒီမန်နေဂျာသုံးယောက်ရဲ့အဆင့်မျိုးကို
ဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူး။သူတို့လိုလည်းဘယ်တော့မှ
ဖြစ်လာမှာမဟုတ်ဘူး။သူဟာလီဗာပူးမှာကလော့ပ်လိုလည်းလုပ်ပြနိုင်မှာမဟုတ်ဘူး။
ဂွါဒီယိုလာ ဘာစီလိုနာ၊ဘိုင်ယန်နဲ့အခုမန်စီတီးတို့မှာရခဲ့တဲ့
ဆုဖလားတွေလိုလည်းဘယ်တော့မှရလာမှာမဟုတ်ဘူး။တူချယ်ရောက်လာကိုလည်း
ကြည့်ဦး။အရင်တုန်းကချဲလ်ဆီးနဲ့မန်ယူကပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာအောက်ဘက်
ရောက်နေတယ်။ဒါပေမယ့်ချဲလ်ဆီးကနည်းပြတစ်ယောက်လည်းခေါ်လိုက်ရော
လီဗာပူး၊မန်စီးတီးတို့နဲ့တဆင့်တည်းပြန်ဖြစ်သွားတယ်”လို့ရေးသားသွားပါတယ်။
zawgyi
ကာေရဂါက ဆိုးလ္ရွားမွာ ကေလာ့ပ္၊ ဂြါဒီယိုလာ၊ တူခ်ယ္တို႔ရဲ႕အဆင့္မ်ိဳးသို႔ဘယ္ေတာ့မွေရာက္မွာမဟုတ္ေၾကာင္း ေရးသား
လီဗာပူးဂႏၴဝင္ေနာက္ခံလူဂ်င္မီကာေရဂါကအိုလီဂန္းနားဆိုးလ္ရွားရဲ႕
နည္းျပဆိုင္ရာကြၽမ္းက်င္မႈမွာသူ႔ရဲ႕ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့လီဗာပူး၊ မန္စီးတီးႏွင့္
ခ်ဲလ္ဆီးအသင္းနည္းျပတို႔ရဲ႕အဆင့္မ်ိဳးသို႔ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ေၾကာင္း
တိုက္ခိုက္ေျပာၾကားလိုက္ပါတယ္။ ယခုအပတ္အေစာပိုင္းတုန္းက
ကာေရဂါကမန္ယူမွာနည္းျပသစ္လိုအပ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးၿပီး
ဆိုးလ္ရွားကလီဗာပူးႏွင့္ပြဲမတိုင္မီအသင္းကိုမတည္မၿငိမ္ျဖစ္ေအာင္လုပ္ေနတယ္လို႔စြပ္စြဲခဲ့ပါတယ္။
ယခုအခါကာေရဂါကဆိုးလ္ရွားမွာနည္းျပဘဝတြင္ဂ်ာဂင္ကေလာ့ပ္၊ပက္ဂြါဒီယိုလာ၊
ေသာမတ္စ္တူခ်ယ္တို႔ရဲ႕အဆင့္မ်ိဳးသို႔ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ေၾကာင္း
The Telegraph တြင္ေရးသားလာျပန္ပါတယ္။
ကာေရဂါက “ဂြၽန္တယ္ရီကကြၽန္ေတာ့္ထက္အရပ္ရွည္တယ္။ေခါင္းယွဥ္တိုက္ရာမွာ
ကြၽန္ေတာ့္ထက္ပိုေကာင္းတယ္။ရီယိုဖာဒီနန္ကပိုျမန္ၿပီးသန္မာတယ္။
သူတို႔ႏွစ္ဦးကိုယွဥ္ႏိုင္စရာမရွိပါဘူး။ဆိုးလ္ရွားလည္းကေလာ့ပ္၊ဂြါဒီယိုလာ၊
တူခ်ယ္တို႔ယွဥ္လာရင္ဒီအတိုင္းပဲ။အဲဒီမန္ေနဂ်ာသုံးေယာက္ရဲ႕အဆင့္မ်ိဳးကို
ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ပါဘူး။သူတို႔လိုလည္းဘယ္ေတာ့မွ
ျဖစ္လာမွာမဟုတ္ဘူး။သူဟာလီဗာပူးမွာကေလာ့ပ္လိုလည္းလုပ္ျပႏိုင္မွာ
မဟုတ္ဘူး။ဂြါဒီယိုလာ ဘာစီလိုနာ၊ဘိုင္ယန္နဲ႔အခုမန္စီတီးတို႔မွာရခဲ့တဲ့
ဆုဖလားေတြလိုလည္းဘယ္ေတာ့မွရလာမွာမဟုတ္ဘူး။တူခ်ယ္ေရာက္လာကိုလည္း
ၾကည့္ဦး။အရင္တုန္းကခ်ဲလ္ဆီးနဲ႔မန္ယူကၿပီးခဲ့တဲ့ႏွစ္ႏွစ္သုံးႏွစ္မွာေအာက္ဘက္
ေရာက္ေနတယ္။ဒါေပမယ့္ခ်ဲလ္ဆီးကနည္းျပတစ္ေယာက္လည္းေခၚလိုက္ေရာ
လီဗာပူး၊မန္စီးတီးတို႔နဲ႔တဆင့္တည္းျပန္ျဖစ္သြားတယ္”လို႔ေရးသားသြားပါတယ္။