ကာလရှည် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်လိုက်တဲ့ တီမိုဗာနာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်ဟာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လိဒ် ( ၂ ) ကလပ် Morecambe အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ယခု ပွဲစဉ် အနိုင်ရလာဒ်က ဒုတိယရာသီဝက်ကို ပရီးမီးယားလိဂ် အဆင့် ( ၉ ) ကနေ စတင် ယှဉ်ပြိုင်ရဖွယ်ရှိနေတဲ့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ် နှင့် ကစားသမားတွေအတွက် ယုံကြည်မှု ပြန်လည်ရရှိလာစေနိုင်ပါတယ်။
ပွဲအစ မိနစ်ပိုင်းအတွင်းမှာတော့ ချဲလ်ဆီးအသင်းက ထိရောက်တဲ့ ခြေစွမ်းပြသထားနိုင်ခြင်း မရှိခဲ့ပဲ Morecambe အသင်းကတောင် ဦးဆောင်ဂိုး ရရှိနိုင်တဲ့ အခွင့်အရေး အနည်းငယ် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် ( ၁၈ ) မိနစ် အရောက်မှာတော့ မေဆန် မောင့်က ဧရိယာထိပ်ကနေ ညာခြေနဲ့ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။
ပထမပိုင်းပြီးဆုံးဖို့ တစ်မိနစ်အလိုမှာ တီမို ဗာနာက နောက်ဆုံး ( ၁၂ ) ပွဲအတွင်း သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူပေးခဲ့ပြီး ကာလရှည် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပေါင် ( ၃၃ ) သန်းတန် တောင်ပံကစားသမား ဟာကမ် ဇီယာ့ရဲ့ ဖြတ်တင်ပေးပို့မှုမှ တဆင့် ပေါင် ( ၇၁ ) သန်းတန် ကွင်းလယ်ကစားသမား ကိုင် ဟားဗတ်က ခေါင်းတိုက်ချပေးလိုက်တဲ့အလုံးကို ပေါင် ( ၄၅ ) သန်းတန် တိုက်စစ်မှူး တီမို ဗာနာက အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း စတင်ပြီး ( ၄ ) မိနစ် အကြာမှာ ဟော့ဆန် အိုဒွိုင်းက ချဲလ်ဆီးအသင်းအတွက် တတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးဖို့ ( ၅ ) မိနစ်အလိုမှာတော့ ( ၁၅ ) ပွဲကြာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ကိုင် ဟားဗတ်က အက်စပီလီကွီတာရဲ့ ဖြတ်တင်ဘောကနေ ချဲလ်ဆီးအသင်းအတွက် စတုတ္ထဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ချဲလ်ဆီးအသင်းက ( ၁၉၉၇ – ၉၈ ) ဘောလုံးရာသီက စတင်ပြီး အက်ဖ်အေဖလား တတိယအဆင့်ကို နှစ်စဉ် ကျော်ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။ Morecambe အသင်းက နှစ်ပေါင်း ( ၂၀ ) အတွင်းမှာ ဒုတိယအကြိမ် ထိပ်တန်းအဆင့် အသင်းတွေနဲ့ ရင်ဆိုင်ကစားခွင့်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်ဖြစ်ပါတယ်။ Source : Mirror
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi