ကိုင်စီဒိုကို ခေါ်ယူခြင်းမပြုဖို့ ယူနိုက်တက် ဆုံးဖြတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရိုက်တန် နှင့် Independiente del Valle အသင်းတို့ဟာ ကိုင်စီဒိုရဲ့ အပြောင်းအရွေ့နဲ့ ပတ်သက်လို့ သဘောတူညီမှု ရရှိသွားတဲ့အတွက် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ကိုင်စီဒိုကို ခေါ်ယူရန် ကြိုးပမ်းမှုကို လက်လျော့လိုက်ကြောင်း အီကွေဒေါ နိုင်ငံမှ သတင်းများအရ သိရပါတယ်။

ယူနိုက်တက်ဟာ အသက် ( ၁၉ ) နှစ် အရွယ် ကွင်းလယ် ကစားသမားကို ခေါ်ယူနိုင်ရန် ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ကစားသမားရဲ့ အသင်းဖြစ်တဲ့ Independiente del Valle နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အီကွေဒေါအသင်းက ကိုင်စီဒိုရဲ့ ကနဦးပြောင်းရွေ့ကြေးအဖြစ် ပေါင် ( ၅.၅ ) သန်း နှင့် ကစားသမားကို ရောင်းချပါက ရရှိလာတဲ့ ပြောင်းရွေ့ကြေးရဲ့ ( ၂၀ ) ရာခိုင်နှုန်းကို ပေးချေရန် သတ်မှတ်ထားပါတယ်။ ယူနိုက်တက်ဟာ ကိုင်စီဒိုကို ခေါ်ယူလိုတဲ့ ပထမဦးဆုံးအသင်းတွေထဲမှာ ပါဝင်ခဲ့ပြီး ကစားသမားကလည်း အိုးထရတ်ဖို့ဒ်မှာ ကစားလိုကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့ ညနေ ရရှိတဲ့ သတင်းတွေအရ Independiente del Valle အသင်းဟာ ကိုင်စီဒိုရဲ့ အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး ဘရိုက်တန်အသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ အီကွေဒေါ ကြယ်ပွင့်ကို တရားဝင် ကမ်းလှမ်းထားခဲ့ခြင်းမရှိပဲ ယခုလ အတွင်း လက်လွတ်ရဖို့ရှိနေပါတယ်။ ချဲလ်ဆီး နှင့် ဝက်စ်ဟမ်း အသင်းတွေကလည်း ကိုင်စီဒိုရဲ့ ခြေစွမ်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းကလည်း ကိုင်စီဒို အပြောင်းအရွေ့အတွက် Independiente del Valle အသင်းကို ပေါင် ( ၅.၅ ) သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ အီတလီနိုင်ငံမှ သတင်းတွေ အရသိရပါတယ်။

ကိုင်စီဒိုဟာ တောင်အမေရိကရဲ့ အကောင်းဆုံး ကွင်းလယ်ကြယ်ပွင့် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ ရာသီက Copa Libertadores မှာ ခြေစွမ်းပြ ကစားခဲ့သူဖြစ်ပါတယ်။ ယခုအပတ် အစောပိုင်းမှာ Independiente del Valle နည်းပြ Santiago Moralesက ကိုင်စီဒို အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး ” ကိုင်စီဒိုကို စိတ်ဝင်စားနေတဲ့ အသင်းများစွာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကို ဒီနှစ်ထဲမှာ လက်လွတ်ရဖို့ ရှိနေပါတယ်။ ကိုင်စီဒိုနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာတွေ များစွာရှိပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့တော့ အဆက်အသွယ် မရှိသေးပါဘူး။ ကမ္ဘာအဝှမ်းက အခြားအသင်းကြီးတွေနဲ့ ဆွေးနွေးမှုတွေရှိပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့တော့ ပြောဆိုတာတွေ မရှိသေးပါဘူး။ ” ဟု ပြောကြားခဲ့ပါတယ်။ Source : mirror

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘ႐ိုက္တန္ ႏွင့္ Independiente del Valle အသင္းတို႔ဟာ ကိုင္စီဒိုရဲ႕ အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္လို႔ သေဘာတူညီမႈ ရရွိသြားတဲ့အတြက္ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ကိုင္စီဒိုကို ေခၚယူရန္ ႀကိဳးပမ္းမႈကို လက္ေလ်ာ့လိုက္ေၾကာင္း အီေကြေဒါ ႏိုင္ငံမွ သတင္းမ်ားအရ သိရပါတယ္။ ယူႏိုက္တက္ဟာ အသက္ ( ၁၉ ) ႏွစ္ အ႐ြယ္ ကြင္းလယ္ ကစားသမားကို ေခၚယူႏိုင္ရန္ ခ်ိတ္ဆက္မႈမ်ား ျပဳလုပ္လ်က္ရွိခဲ့ၿပီး ၿပီးခဲ့တဲ့လက ကစားသမားရဲ႕ အသင္းျဖစ္တဲ့ Independiente del Valle နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အီေကြေဒါအသင္းက ကိုင္စီဒိုရဲ႕ ကနဦးေျပာင္းေ႐ြ႕ေၾကးအျဖစ္ ေပါင္ ( ၅.၅ ) သန္း ႏွင့္ ကစားသမားကို ေရာင္းခ်ပါက ရရွိလာတဲ့ ေျပာင္းေ႐ြ႕ေၾကးရဲ႕ ( ၂၀ ) ရာခိုင္ႏႈန္းကို ေပးေခ်ရန္ သတ္မွတ္ထားပါတယ္။ ယူႏိုက္တက္ဟာ ကိုင္စီဒိုကို ေခၚယူလိုတဲ့ ပထမဦးဆုံးအသင္းေတြထဲမွာ ပါဝင္ခဲ့ၿပီး ကစားသမားကလည္း အိုးထရတ္ဖို႔ဒ္မွာ ကစားလိုေၾကာင္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ဒါေပမယ့္ ေသာၾကာေန႔ ညေန ရရွိတဲ့ သတင္းေတြအရ Independiente del Valle အသင္းဟာ ကိုင္စီဒိုရဲ႕ အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္ၿပီး ဘ႐ိုက္တန္အသင္းနဲ႔ သေဘာတူညီမႈ ရရွိသြားၿပီလို႔ သိရပါတယ္။ ယူႏိုက္တက္အေနနဲ႔ အီေကြေဒါ ၾကယ္ပြင့္ကို တရားဝင္ ကမ္းလွမ္းထားခဲ့ျခင္းမရွိပဲ ယခုလ အတြင္း လက္လြတ္ရဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီး ႏွင့္ ဝက္စ္ဟမ္း အသင္းေတြကလည္း ကိုင္စီဒိုရဲ႕ ေျခစြမ္းကို လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကတည္းက ေစာင့္ၾကည့္ေနၾကတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဲဗာတန္အသင္းကလည္း ကိုင္စီဒို အေျပာင္းအေ႐ြ႕အတြက္ Independiente del Valle အသင္းကို ေပါင္ ( ၅.၅ ) သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ အီတလီႏိုင္ငံမွ သတင္းေတြ အရသိရပါတယ္။

ကိုင္စီဒိုဟာ ေတာင္အေမရိကရဲ႕ အေကာင္းဆုံး ကြင္းလယ္ၾကယ္ပြင့္ ကစားသမား တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ၿပီးခဲ့တဲ့ ရာသီက Copa Libertadores မွာ ေျခစြမ္းျပ ကစားခဲ့သူျဖစ္ပါတယ္။ ယခုအပတ္ အေစာပိုင္းမွာ Independiente del Valle နည္းျပ Santiago Moralesက ကိုင္စီဒို အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္ၿပီး ” ကိုင္စီဒိုကို စိတ္ဝင္စားေနတဲ့ အသင္းမ်ားစြာ ရွိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကို ဒီႏွစ္ထဲမွာ လက္လြတ္ရဖို႔ ရွိေနပါတယ္။ ကိုင္စီဒိုနဲ႔ ပတ္သက္ၿပီး ေျပာဆိုေနၾကတာေတြ မ်ားစြာရွိေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ေတာ့ အဆက္အသြယ္ မရွိေသးပါဘူး။ ကမာၻအဝွမ္းက အျခားအသင္းႀကီးေတြနဲ႔ ေဆြးေႏြးမႈေတြရွိေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ေတာ့ ေျပာဆိုတာေတြ မရွိေသးပါဘူး။ ” ဟု ေျပာၾကားခဲ့ပါတယ္။ Source : mirror