ကိုင်ဆီဒိုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းဟောင်း ယူနိုက်တက်ကို အကြံပေးခဲ့တဲ့ ဗလန်စီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကတော့ ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ပထမဆုံးကစားသမား ခေါ်ယူနိုင်ဖိ့ု နီးစပ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ သတင်းတွေအရ အီကွေဒေါလူငယ်ကစားသမား မွိုက်စ်ကိုင်ဆီဒိုဟာ ယူနိုက်တက်ကိုပေါင် ၄.၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုခံယူနေပြီလို့ ဖော်ပြခဲ့ကြပါတယ်။


အဆိုပါအပြောင်းအရွှေ့မပြုလုပ်ခင်မှာပဲ ယူနိုက်တက်အသင်းဟာ အသက် ၁၉ နှစ်သားအတွက် ယူနိုက်တက်အသင်းရဲ့ ခေါင်းဆောင်ဟောင်း အန်တိုနီယိုဗလန်စီယာကို အကြံဉာဏ်တောင်းခဲ့သေးတာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနကလည်း ဗလန်စီယာဟာ အသက်ငယ်သေးပေမယ့် ယူနိုက်တက်မှာ အံဝင်မယ့်သူအဖြစ် ကိုင်ဆီဒိုကို ထောက်ခံချက်ပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။


ကိုင်ဆီဒိုဟာ ဒီနှစ်ကမ္ဘာ့ဖလာခြေစစ်ပွဲမှာ အီကွေဒေါအသင်းအတွက် ၄ ပွဲမှာ ၁ ဂိုးသွင်း ၃ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုင်ဆီဒိုဟာ ယူနိုက်တက်ခေါ်ယူခဲ့တဲ့ ပယ်လီစထရီနဲ့ အတူတူ ယူနိုက်တက်ယူ-၂၃ အသင်းမှာ ကစားရဖွယ်ရှိနေပါတယ်။

ဥရုဂွေးသားဟာ ယူနိုက်တက်ယူ -၂၃ အသင်းနဲ့အတူ ခြေစွမ်းပြနေပြီး လာမယ့်အပတ်ထဲမှာ စီနီယာအသင်းနဲ့အတူ ပါဝင်ခွင့်ရရှိဖွယ်ရှိနေပါတယ်။

ကိုင်ဆီဒိုကို ချဲလ်ဆီး ၊ နယူးကာဆယ် နဲ့ ဘရိုက်တန်တို့က ချိတ်ဆက်ခဲ့သေးပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်ပရိသတ်ဖြစ်တာကြောင့် မန်ချက်စတာကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်အိပ်မက်က တစ်နေ့မှာ ကျွန်တော်အားပေးတဲ့အသင်းမှာ ကစားခွင့်ရဖို့ပါ။ ပရီးမီးယားလိဂ်က ယူနိုက်တက်က ကျွန်တော့်အကြိုက်ဆုံးအသင်းပါ။

ကန်တီ ၊ ပေါ့ဂ်ဘာတို့ကိုကျွန်တော်ကြိုက်ပါတယ်။ အချိန်တိုင်းသူတို့ဆီကနေ သင်ယူနေပါတယ်”လို့ ကိုင်ဆီဒိုက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုင္ဆီဒိုအေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီး အသင္းေဟာင္း ယူႏိုက္တက္ကို အၾကံေပးခဲ့တဲ့ ဗလန္စီယာ

ယူႏိုက္တက္အသင္းကေတာ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ရဲ႕ပထမဆံုးကစားသမား ေခၚယူႏိုင္ဖိ႔ု နီးစပ္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

သတင္းေတြအရ အီေကြေဒါလူငယ္ကစားသမား မြိဳက္စ္ကိုင္ဆီဒိုဟာ ယူႏိုက္တက္ကိုေပါင္ ၄.၅ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ ေဆးစစ္မႈခံယူေနျပီလို႔ ေဖာ္ျပခဲ့ၾကပါတယ္။ အဆိုပါအေျပာင္းအေရႊ႕မျပဳလုပ္ခင္မွာပဲ ယူႏုိက္တက္အသင္းဟာ အသက္ ၁၉ ႏွစ္သားအတြက္ ယူႏိုက္တက္အသင္းရဲ႕ ေခါင္းေဆာင္ေဟာင္း အန္တိုနီယုိဗလန္စီယာကို အၾကံဥာဏ္ေတာင္းခဲ့ေသးတာျဖစ္ပါတယ္။ အက္သလက္တစ္သတင္းဌာနကလည္း ဗလန္စီယာဟာ အသက္ငယ္ေသးေပမယ့္ ယူႏိုက္တက္မွာ အံ၀င္မယ့္သူအျဖစ္ ကိုင္ဆီဒိုကို ေထာက္ခံခ်က္ေပးထားတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ကိုင္ဆီဒိုဟာ ဒီႏွစ္ကမၻာ့ဖလာေျခစစ္ပြဲမွာ အီေကြေဒါအသင္းအတြက္ ၄ ပြဲမွာ ၁ ဂိုးသြင္း ၃ ဂုိးဖန္တီးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ကိုင္ဆီဒိုဟာ ယူႏုိက္တက္ေခၚယူခဲ့တဲ့ ပယ္လီစထရီနဲ႔ အတူတူ ယူႏုိက္တက္ယူ-၂၃ အသင္းမွာ ကစားရဖြယ္ရွိေနပါတယ္။ ဥရုေဂြးသားဟာ ယူႏိုက္တက္ယူ -၂၃ အသင္းနဲ႔အတူ ေျခစြမ္းျပေနျပီး လာမယ့္အပတ္ထဲမွာ စီနီယာအသင္းနဲ႔အတူ ပါ၀င္ခြင့္ရရွိဖြယ္ရွိေနပါတယ္။

ကိုင္ဆီဒိုကို ခ်ဲလ္ဆီး ၊ နယူးကာဆယ္ နဲ႔ ဘရုိက္တန္တို႔က ခ်ိတ္ဆက္ခဲ့ေသးေပမယ့္ သူကိုယ္တုိင္က ယူႏိုက္တက္ပရိသတ္ျဖစ္တာေၾကာင့္ မန္ခ်က္စတာကိုပဲ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ့္အိပ္မက္က တစ္ေန႔မွာ ကြ်န္ေတာ္အားေပးတဲ့အသင္းမွာ ကစားခြင့္ရဖို႔ပါ။ ပရီးမီးယားလိဂ္က ယူႏုိက္တက္က ကြ်န္ေတာ့္အၾကိဳက္ဆံုးအသင္းပါ။ ကန္တီ ၊ ေပါ့ဂ္ဘာတို႔ကိုကြ်န္ေတာ္ၾကိဳက္ပါတယ္။ အခ်ိန္တိုင္းသူတို႔ဆီကေန သင္ယူေနပါတယ္”လို႕ ကုိင္ဆီဒိုက ေျပာၾကားခဲ့ပါတယ္။