ကိုင်တွယ်လာတာ ၄ပွဲပဲရှိသေးပေမယ့် ထုတ်ပယ်ခံရဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်လာတဲ့ အလာဒိုက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဘရွန်းအသင်းနည်းပြသစ် ဆမ်အလာဒိုက်စ်ဟာ နောက်ထပ်ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ်နည်းပြစာရင်းမှာ ဒုတိယမြောက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။


အသက် ၆၆နှစ်အရွယ်ရှိ အလာဒိုက်စ်ဟာ တန်းဆင်းဇုန်ထဲ ရောက်နေရပြီးနောက် ဒီဇင်ဘာလအတွင်း နည်းပြဘီလစ်ကို ဝက်စ်ဘရွန်းအသင်း ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။


ဒါပေမဲ့ ဝက်စ်ဘရွန်းနည်းပြအဖြစ် ၂ပတ်ခွဲသာကြာမြင့်ချိန်မှာ အလာဒိုက်စ်ဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး ဘွတ်ကီတွေကလည်း ဝက်စ်ဘရွန်းနည်းပြအဖြစ် အလာဒိုက်စ် အကြာကြီးရှိနေမှာမဟုတ်ဘူးလို့ ယူဆနေပုံရပါတယ်။


Oddschecker ရဲ့ ကြေးဖွင့်လှစ်မှုအရ အလာဒိုက်စ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် နောက်ထပ်ပရီးမီးယားလိဂ်နည်းပြအဖြစ် ၁၄/၅ နဲ့ အလေးပေးခံထားရပြီး သူ့ထက်ပိုဆိုးတာဆိုလို့ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါပဲ ရှိတော့ကာ ဝိုင်လ်ဒါကတော့ ၆/၅ အလေးပေးခံထားရပါတယ်။

နည်းပြဘဝတစ်လျှောက် ပရီးမီးယားလိဂ်ကနေ တစ်ခါမှတန်းမဆင်းခဲ့ရဖူးသေးတဲ့ အလာဒိုက်စ်ဟာ ဝက်စ်ဘရွန်းနည်းပြဘ၀ ပထမဆုံးပွဲမှာလည်း ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးပွဲမှာလည်း အာဆင်နယ်ကို အိမ်ကွင်းမှာ ဝ-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ရာ ယခုအချိန်အထိ ပထမဆုံးနိုင်ပွဲရှာဖွေနေရဆဲဖြစ်ပါတယ်။


တန်းတက်ဝက်စ်ဘရွန်းဟာ ယခုရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၁ပွဲပဲအနိုင်ရထားပြီး နိုဝင်ဘာလအတွင်း သူ့လိုပဲ တန်းမဆင်းရရေးရုန်းကန်နေရတဲ့ ရှက်ဖီးကိုအနိုင်ရခဲ့တာပါ။


အလာဒိုက်စ်ဟာ ဝက်စ်ဘရွန်းအသင်းကို တာဝန်ယူခဲ့ပြီးနောက် အဖွင့်ပွဲမှာ အက်စတွန်ဗီလာကို ဝ-၃ဂိုးနဲ့ အရေးနိမ့်ခဲ့သလို လီဗာပူးကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် ၁-၁ ဂိုးသရေခံကစားနိုင်ခဲ့ပေမယ့် နောက်အိမ်ကွင်း ၂ပွဲဆက် လိဒ်ကို ဝ-၅ဂိုး၊ အာဆင်နယ်ကို ဝ-၄ ဂိုးရလဒ်တွေနဲ့ အသီးသီးဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။


ဝက်စ်ဘရွန်းဟာ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ဖို့ ၆ မှတ်အထိလိုအပ်နေပြီး ချက်ချင်းတန်းပြန်ဆင်းရဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ကိုင္တြယ္လာတာ ၄ပြဲပဲရွိေသးေပမယ့္ ထုတ္ပယ္ခံရဖို႔ ဒုတိယေရပန္းအစားဆုံးျဖစ္လာတဲ့ အလာဒိုက္စ္
၀က္စ္ဘရြန္းအသင္းနည္းျပသစ္ ဆမ္အလာဒိုက္စ္ဟာ ေနာက္ထပ္ထုတ္ပယ္ခံရမယ့္ ပရီးမီးယားလိဂ္နည္းျပစာရင္းမွာ ဒုတိယေျမာက္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
အသက္ ၆၆ႏွစ္အရြယ္ရွိ အလာဒုိက္စ္ဟာ တန္းဆင္းဇုန္ထဲ ေရာက္ေနရၿပီးေနာက္ ဒီဇင္ဘာလအတြင္း နည္းျပဘီလစ္ကို ၀က္စ္ဘရြန္းအသင္း ရာထူးကေန ထုတ္ပယ္လုိက္ၿပီးေနာက္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ နည္းျပသစ္အျဖစ္ ခန္႔အပ္ခံခဲ့ရတာပါ။
ဒါေပမဲ့ ၀က္စ္ဘရြန္းနည္းျပအျဖစ္ ၂ပတ္ခြဲသာၾကာျမင့္ခ်ိန္မွာ အလာဒိုက္စ္ဟာ ရလဒ္ဆုိးေတြေၾကာင့္ ဖိအားေတြနဲ႔ရင္ဆုိင္ေနရၿပီး ဘြတ္ကီေတြကလည္း ၀က္စ္ဘရြန္းနည္းျပအျဖစ္ အလာဒိုက္စ္ အၾကာႀကီးရွိေနမွာမဟုတ္ဘူးလုိ႔ ယူဆေနပုံရပါတယ္။

Oddschecker ရဲ႕ ေၾကးဖြင့္လွစ္မႈအရ အလာဒိုက္စ္ဟာ ရာထူးကေန ထုတ္ပယ္ခံရမယ့္ ေနာက္ထပ္ပရီးမီးယားလိဂ္နည္းျပအျဖစ္ ၁၄/၅ နဲ႔ အေလးေပးခံထားရၿပီး သူ႕ထက္ပိုဆုိးတာဆိုလုိ႔ ရွက္ဖီးယူႏုိက္တက္နည္းျပ ခရစၥ၀ုိင္လ္ဒါပဲ ရွိေတာ့ကာ ၀ိုင္လ္ဒါကေတာ့ ၆/၅ အေလးေပးခံထားရပါတယ္။
နည္းျပဘ၀တစ္ေလွ်ာက္ ပရီးမီးယားလိဂ္ကေန တစ္ခါမွတန္းမဆင္းခဲ့ရဖူးေသးတဲ့ အလာဒိုက္စ္ဟာ ၀က္စ္ဘရြန္းနည္းျပဘ၀ ပထမဆုံးပြဲမွာလည္း ဖိအားေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီး ေနာက္ဆုံးပြဲမွာလည္း အာဆင္နယ္ကို အိမ္ကြင္းမွာ ၀-၄ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရာ ယခုအခ်ိန္အထိ ပထမဆုံးႏိုင္ပြဲရွာေဖြေနရဆဲျဖစ္ပါတယ္။
တန္းတက္၀က္စ္ဘရြန္းဟာ ယခုရာသီပရီးမီးယားလိဂ္မွာ စုစုေပါင္း ၁ပဲြပဲအႏိုင္ရထားၿပီး ႏို၀င္ဘာလအတြင္း သူ႕လုိပဲ တန္းမဆင္းရေရး႐ုန္းကန္ေနရတဲ့ ရွက္ဖီးကိုအႏိုင္ရခဲ့တာပါ။
အလာဒိုက္စ္ဟာ ၀က္စ္ဘရြန္းအသင္းကို တာ၀န္ယူခဲ့ၿပီးေနာက္ အဖြင့္ပြဲမွာ အက္စတြန္ဗီလာကို ၀-၃ဂိုးနဲ႔ အေရးနိမ့္ခဲ့သလုိ လီဗာပူးကို အေ၀းကြင္းမွာ အံ့အားသင့္ဖြယ္ ၁-၁ ဂိုးသေရခံကစားႏုိင္ခဲ့ေပမယ့္ ေနာက္အိမ္ကြင္း ၂ပဲြဆက္ လိဒ္ကို ၀-၅ဂိုး၊ အာဆင္နယ္ကို ၀-၄ ဂိုးရလဒ္ေတြနဲ႔ အသီးသီးဂိုးျပတ္အေရးနိမ့္ခဲ့ရပါတယ္။
၀က္စ္ဘရြန္းဟာ တန္းဆင္းဇုန္ထဲကေန လြတ္ေျမာက္ဖို႔ ၆ မွတ္အထိလိုအပ္ေနၿပီး ခ်က္ခ်င္းတန္းျပန္ဆင္းရဖုိ႔ ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။