
ကိုင်ဟာဗတ်ဇ်ကသူ့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ဂိုးလွဲချော်ခဲ့လျှင်
လူတကာရဲ့လှောင်ပြောင်စရာဖြစ်လာမည်ကိုအလွန်အမင်းစိုးရိမ်
ကြောက်လန့်ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။
အသက်၂၂နှစ်ရှိဂျာမနီတိုက်စစ်သမားဟာပြီးခဲ့တဲ့ရာသီတုန်းက
မန်စီးတီးကို၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်
တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလေဗာကူဆင်မှပေါင်သန်း၇၀ဖြင့်ပြောင်းလာခဲ့တဲ့
ဟာဗတ်ဇ်ဟာမေဆင်မောင့်ရဲ့ပေးပို့မှုကနေမန်စီးတီးဂိုးသမားအီဒါဆင်ကို
ကျော်ဖြတ်ကာအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့အနိုင်ဂိုးကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်သူဟာအနိုင်ဂိုးသွင်းရန်လုပ်ဆောင်နေစဉ်လွဲချော်မှုဖြစ်ပွားပြီး
မဝင်ခဲ့မှာအလွန်စိုးရိမ်နေခဲ့ပါတယ်။
ဟာဗတ်ဇ်က “အဲဒီလိုကာလမျိုးမှာအရမ်းကိုဆိုးရှားပါတယ်။အဲဒီဂိုးလွဲသွားရင်
တော့ YouTube ၊အင်စတာဂရမ်မှာ ရောက်ပြီပဲ။ Meme တိုင်းမှာပါဝင်လာပါမယ်။
ဒီတော့အဲဒီတုန်းက အခုဂိုးသွင်းနိုင်ပါစေဆိုပြီး
တော့ဘဲဆုတောင်းနေခဲ့ရတယ်။တကယ်လဲဝင်ခဲ့တယ်။ဘောလုံးရဲ့
အကောင်းဆုံးအခိုက်အတန့်ဖြစ်လာတယ်”လို့ပြောကြားခဲ့ပါတယ်။
ဟာဗတ်ဇ်ရဲ့ချဲလ်ဆီးနှင့်ဂျာမနီကစားဖော်တီမိုဝါနာမှာအပိုင်အခွင့်အရေးများစွာ
ဖြုန်းတီးလာခဲ့မှုများနှင့်အတူ ဆိုရှယ်မီဒီယာတွင်လှောင်ပြောင်မှုများခံလာခဲ့ရပါတယ်။
zawgyi
ကိုင္ဟာဗတ္ဇ္က သူ႔ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအႏိုင္ဂိုးလြဲေခ်ာ္ခဲ့လွ်င္ လူတကာရဲ႕ေလွာင္ေျပာင္စရာျဖစ္လာမည္ကိုးစိုးရိမ္ခဲ့ေၾကာင္းဖြင့္ဟ
ကိုင္ဟာဗတ္ဇ္ကသူ႔ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအႏိုင္ဂိုးလြဲေခ်ာ္ခဲ့လွ်င္
လူတကာရဲ႕ေလွာင္ေျပာင္စရာျဖစ္လာမည္ကိုအလြန္အမင္းစိုးရိမ္
ေၾကာက္လန႔္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။
အသက္၂၂ႏွစ္ရွိဂ်ာမနီတိုက္စစ္သမားဟာၿပီးခဲ့တဲ့ရာသီတုန္းက
မန္စီးတီးကို၁-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္
တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူခဲ့သူျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကေလဗာကူဆင္မွေပါင္သန္း၇၀ျဖင့္ေျပာင္းလာခဲ့တဲ့
ဟာဗတ္ဇ္ဟာေမဆင္ေမာင့္ရဲ႕ေပးပို႔မႈကေနမန္စီးတီးဂိုးသမားအီဒါဆင္ကို
ေက်ာ္ျဖတ္ကာအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္ထဲသို႔အႏိုင္ဂိုးကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္သူဟာအႏိုင္ဂိုးသြင္းရန္လုပ္ေဆာင္ေနစဥ္လြဲေခ်ာ္မႈျဖစ္ပြားၿပီး
မဝင္ခဲ့မွာအလြန္စိုးရိမ္ေနခဲ့ပါတယ္။ ဟာဗတ္ဇ္က “အဲဒီလိုကာလမ်ိဳးမွာ
အရမ္းကိုဆိုးရွားပါတယ္။အဲဒီဂိုးလြဲသြားရင္ေတာ့ YouTube ၊အင္စတာဂရမ္မွာ
ေရာက္ၿပီပဲ။ Meme တိုင္းမွာပါဝင္လာပါမယ္။ ဒီေတာ့အဲဒီတုန္းက အခုဂိုးသြင္းႏိုင္ပါေစဆိုၿပီး
ေတာ့ဘဲဆုေတာင္းေနခဲ့ရတယ္။တကယ္လဲဝင္ခဲ့တယ္။ေဘာလုံးရဲ႕
အေကာင္းဆုံးအခိုက္အတန႔္ျဖစ္လာတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ဟာဗတ္ဇ္ရဲ႕ခ်ဲလ္ဆီးႏွင့္ဂ်ာမနီကစားေဖာ္တီမိုဝါနာမွာအပိုင္အခြင့္အေရးမ်ားစြာ
ျဖဳန္းတီးလာခဲ့မႈမ်ားႏွင့္အတူ ဆိုရွယ္မီဒီယာတြင္ေလွာင္ေျပာင္မႈမ်ားခံလာခဲ့ရပါတယ္။